နေ့စဥ်သတင်း

စံချိန်တင် အိုက်စ်စိတ်ကြွဆေး ၂ ဒသမ ၄ တန်နှင့် ရာဇဝတ်ကွန်ရက်ကို ထိုင်းဖမ်းဆီးဖော်ထုတ်

မဲခေါင် 24 Jun - 2025
မဲခေါင်၊ ဇွန် ၂၄ ဇွန် ၂၃ ရက်တွင် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်သည် ထိုင်းပယ်လယ်ကွေ့အတွင်း ခရစ္စတယ် စိတ်ကြွဆေး (အိုက်စ်) ၂ ဒသမ ၄ တန်နီးပါး တင်ဆောင်လာသော သင်္ဘောကို ဖမ်းဆီးနိုင်ခဲ့ခြင်းနှင့် ကြီးမားလှသည့် မူးယစ်ကွန်ရက်ကို ဖော်ထုတ်စစ်ဆေးနေပြီဟု သတင်းစာရှင်းလင်း ထုတ်ပြန်ခဲ့သည်။ ဇွန် ၂၁ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီဝန်းကျင်တွင် ကလာအန်းခရိုင် ပရာဆေးမြစ်၀၌ ဆိုက်ကပ် ထားသော တန် ၉၀ တင်ဆောင်နိုင်သည့် အပျော်စီး သင်္ဘောဆိုက်ကပ်ထားရာသို့ ပြောင်းတင်လှေတစ် စီး ဆိုက်ကပ်လာကာ ၂ ဒသမ ၄ တန်ရှိသော ခရစ္စတယ်မက်သဖက်တမင်းများကို အပျော်စီးသင်္ဘောပေါ် လက်လွှဲကာ

မဲခေါင်၊ ဇွန် ၂၄

ဇွန် ၂၃ ရက်တွင် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်သည် ထိုင်းပယ်လယ်ကွေ့အတွင်း ခရစ္စတယ် စိတ်ကြွဆေး (အိုက်စ်) ၂ ဒသမ ၄ တန်နီးပါး တင်ဆောင်လာသော သင်္ဘောကို ဖမ်းဆီးနိုင်ခဲ့ခြင်းနှင့် ကြီးမားလှသည့် မူးယစ်ကွန်ရက်ကို ဖော်ထုတ်စစ်ဆေးနေပြီဟု သတင်းစာရှင်းလင်း ထုတ်ပြန်ခဲ့သည်။

ဇွန် ၂၁ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီဝန်းကျင်တွင် ကလာအန်းခရိုင် ပရာဆေးမြစ်၀၌ ဆိုက်ကပ် ထားသော တန် ၉၀ တင်ဆောင်နိုင်သည့် အပျော်စီး သင်္ဘောဆိုက်ကပ်ထားရာသို့ ပြောင်းတင်လှေတစ် စီး ဆိုက်ကပ်လာကာ ၂ ဒသမ ၄ တန်ရှိသော ခရစ္စတယ်မက်သဖက်တမင်းများကို အပျော်စီးသင်္ဘောပေါ် လက်လွှဲကာ တတိယနိုင်ငံတစ်ခုသို့ ထိုင်းပင်လယ်ကွေ့အားဖြတ်ကျော် တင်ပို့ရန် လုပ်နေစဉ် ထိုင်းအဖွဲ့စုံမှ အော်ပရေးရှင်းတစ်ရပ်အဖြစ် အကွက်ချ စီစဉ်ပြီး ဝင်ဖမ်းခဲ့ခြင်းဖြစ်သည်။

ရာယောင်းခရိုင် ကလာအန်းရှိ ပရာဆေးမြစ်၀မှ ထိုင်းပင်လယ်ကွေ့တောင်ဘက်သို့ မောင်းနှင်လာပြီး နာခွန်းဆီသမ်မာဆတ် ခရိုင်သို့ သွားနေသည့် မသင်္ကာဖွယ်ရာ လှေကို ချက်ချင်းမဖမ်းဆီးဘဲ တော်ဝင် ထိုင်းရေတပ် ကင်းထောက်သင်္ဘော ၄ စီးမှ လိုက်ပါစောင့်ကြည့်ပြီး ထိုစစ်ဆင်ရေးကို ထိုင်းအထူးစုံစမ်း စစ်ဆေးရေးဌာန၊ တော်ဝင်ထိုင်းရေတပ်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့တို့ ပူးပေါင်းကာ ပိုကြီး သော ကွန်ရက်ကို ဖမ်းမိနိုင်ရေး နောက်ဆုံး သင်္ဘောကြီးပေါ် တင်ချိန်မှ ဝက်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

သင်္ဘောပေါ် လိုက်ပါသည့် ထိုင်းနိုင်ငံသား ၈ ယောက်ကို မူးယစ်ဆေးများနှင့်အတူဖမ်းမိသလို သင်္ဘောကြီး ပေါ်တင်ရန်စီစဉ်နေသည့် အနီးအနားတွင် ထိုမှောင်ခိုမှုအား ဦးဆောင်စီစဉ်သူဟု ယူဆရသည့် Luk Yod ဆိုသူကို ၆ ဘီးကုန်တင်ကားနှင့် တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့သလို တံခါး ၄ ပေါက် ပါ ပစ်ကပ်ထရပ်စ်ကား တစ်စီးလည်း မှောင်ခိုမှုတွင် ပါဝင်စီစဉ်နေမှုကြောင့် ဖမ်းဆီးခဲ့ကြောင်း၊ သိမ်းဆည်းရမိသော ခရစ္စတယ်စိတ်ကြွဆေးများ၏ ထိုင်းနိုင်ငံအတွင်း တန်ကြေးမှာ ဘတ် ၂၃၉ သန်း (ဒေါ်လာ ၇ ဒသမ ၂၅ သန်း) ရှိကာ နိုင်ငံတကာ လမ်းပေါ်စျေးကွက်အတွင်း ရောက်ရှိသွားလျှင် ဘတ် ၃ ဘီလီယံ (ဒေါ်လာ ၉၁ သန်း) အထိ တန်ကြေးရှိသည်ဟု ဝန်ကြီးချုပ်ပေထောင်တန်က ထုတ်ပြန်ပြီး မိမိတို့ အစိုးရနှင့် အာဏာပိုင်များ မူးယစ်ဆေးဝါးတိုက်ဖျက်မှုကို မည်မျှ ကြိုးစားဆောင်ရွက်နေသည် အားမြင်တွေ့ရသည့် အောင်မြင်သော စစ်ဆင်ရေးဟု ပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref:Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#မူးယစ်ဆေးဝါး
#ထိုင်းပင်လယ်ကွေ့
#စိတ်ကြွဆေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now