ကမ္ဘာ့သတင်း

အစ္စရေးနှင့်အီရန် စစ်ပွဲ ၂၄ နာရီအတွင်း စစ်ပြီးဆုံးပြီဟု ဒေါ်နယ်ထရမ့်ဆို၊ မြေပြင်တွင် အီရန်မှ ဒုံးကျည်များ ဆက်လက်ပစ်ခတ်နေ

မဲခေါင် 24 Jun - 2025
မဲခေါင်၊ ဇွန် ၂၄ အစ္စရေးနှင့်အီရန်တို့ ၁၂ ရက်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြပြီးနောက် အပစ်အခတ်ရပ်စဲရန် အလုံးစုံ သဘောတူညီမှုရရှိပြီး ၂၄ နာရီအတွင်း ပြီးပြတ်မည်ဟု ဒေါ်နယ်ထရမ့်က ဇွန် ၂၄ ရက်မြန်မာ စံတော်ချိန် မနက်အစောပိုင်း၌ ထုတ်ပြန်ပြောဆိုသွားခဲ့သည်။ ထိုသို့မကြေညာမီ မိနစ်ပိုင်းမှာပင် အီရန်မြို့တော် တီဟီရန်၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် ပေါက်ကွဲသံများ ဆူညံနေခဲ့သလို ထိုမတိုင်ခင် အချိန်ပိုင်းတွင် အီရန်က အမေရိကန် စစ်သည် ၁၀၀၀၀ အခြေချနေထိုင်ရာ ကာတာနိုင်ငံရှိ အယ်လ်ယူဒိတ်အမေရိကန်လေတပ်အခြေစိုက်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သေးသော်လည်း ထို့နောက်ပိုင်း မည်သူ့ဘက်ကမှ ဆက်လက်တိုက်ခိုက်ခြင်းမရှိ တော့ကြောင်းနှင့် အစ္စရေး-အီရန်စစ်ပွဲသည် ၁၂ ရက်တာနှင့် ပြီးဆုံးခဲ့ပြီဟု ထရမ့်က ကြေညာသွားခဲ့ ခြင်းဖြစ်သည်။

မဲခေါင်၊ ဇွန် ၂၄

အစ္စရေးနှင့်အီရန်တို့ ၁၂ ရက်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြပြီးနောက် အပစ်အခတ်ရပ်စဲရန် အလုံးစုံ သဘောတူညီမှုရရှိပြီး ၂၄ နာရီအတွင်း ပြီးပြတ်မည်ဟု ဒေါ်နယ်ထရမ့်က ဇွန် ၂၄ ရက်မြန်မာ စံတော်ချိန် မနက်အစောပိုင်း၌ ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

ထိုသို့မကြေညာမီ မိနစ်ပိုင်းမှာပင် အီရန်မြို့တော် တီဟီရန်၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် ပေါက်ကွဲသံများ ဆူညံနေခဲ့သလို ထိုမတိုင်ခင် အချိန်ပိုင်းတွင် အီရန်က အမေရိကန် စစ်သည် ၁၀၀၀၀ အခြေချနေထိုင်ရာ ကာတာနိုင်ငံရှိ အယ်လ်ယူဒိတ်အမေရိကန်လေတပ်အခြေစိုက်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သေးသော်လည်း ထို့နောက်ပိုင်း မည်သူ့ဘက်ကမှ ဆက်လက်တိုက်ခိုက်ခြင်းမရှိ တော့ကြောင်းနှင့် အစ္စရေး-အီရန်စစ်ပွဲသည် ၁၂ ရက်တာနှင့် ပြီးဆုံးခဲ့ပြီဟု ထရမ့်က ကြေညာသွားခဲ့ ခြင်းဖြစ်သည်။

ထိုကြေညာချက်တွင် ထရမ့်က အားလုံးအတွက် ဂုဏ်ပြုပါကြောင်း၊ အစ္စရေးနှင့် အီရန်ကြား အပစ် အခတ်ရပ်စဲရေး အလုံးစုံ သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း၊ အီရန်ဘက်မှ စတင်ပြီး အပစ်အခတ် ရပ်စဲကာ ထိုအခြေအနေကိုချင့်တွက်ပြီး အစ္စရေးဘက်မှ နောက် ၁၂ နာရီအကြာတွင် သဘောတူညီချက်ကို လက်ခံမည်ဖြစ်ကာ ၁၂ ရက်တာ စစ်ပွဲသည် ၂၄ နာရီအတွင်း အလုံးစုံ ပြီးဆုံးသွားတော့ မည်ဟု ဆိုခဲ့သည်။

ငြိမ်းချမ်းရေးအတွက် ပါဝင်ခဲ့ကြသည့် နိုင်ငံအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း၊ အမေရိကန် လေတပ်အခြေစိုက်စခန်းအား အီရန် မပစ်ခတ်မီ ကြိုတင် အသိပေးခဲ့သည့်အတွက် ပစ်သမျှ ဒုံးကျည်အားလုံးကို ဖျက်ချနိုင်သလို သေကြေဒဏ်ရာရမှုလည်း မရှိသောကြောင့် အီရန်ကိုလည်း ကျေးဇူးတင်ကြောင်း၊ အစ္စရေးနှင့်အီရန် စစ်ပွဲသည် နှစ်ချီကြာမြင့်နိုင်သလို အရှေ့ အလယ်ပိုင်းဒေသတစ်ခုလုံး ဖျက်ဆီးခံရမည့်အရေးရှိနေခဲ့သည့်ကြားမှ ယခုလို ရပ်တန့်နိုင်ခဲ့ခြင်း အတွက် အစ္စရေး၊ အီရန်၊ အရှေ့အလယ်ပိုင်း၊ အမေရိကန် နှင့် တစ်ကမ္ဘာလုံး အတွက် ဘုရားသခင် ကောင်းချီး ပေးခြင်းဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချိုင်က မိမိတို့အား နောက်မနက် ၄ နာရီနောက်ပိုင်း ထပ်မံ ပစ်ခတ်တိုက်ခိုက်မှု မလုပ်တော့လျှင် တရားမဝင် မိမိတို့အား တိုက်ခိုက်ခဲ့သော်လည်း အစ္စရေးအား ပစ်ခတ်မှုများ ရှိတော့မည်မဟုတ်ကြောင်း၊ မည်သည့်အခါမှလည်း အမေရိကန်အခြေစိုက် စခန်းများ ကို တိုက်ခိုက်လိုစိတ် မရှိခဲ့ကြောင်း၊ သို့သော် အမေရိကန်ဘက်မှ အနာဂတ်တွင် မိမိတို့အား ထပ်မံ တိုက်ခိုက်လာပါကမူ တုံ့ပြန်ရန် အသင့်ရှိနေသည်ဟု ထုတ်ပြန်ခဲ့သည်။

သို့သော် မြေပြင်တွင်မူ အီရန်မှ အစ္စရေးကို ဒုံးကျည်များဖြင့် ဆက်လက်ပစ်ခတ်နေဆဲဖြစ်ကြောင်း၊ ပဥ္စမမြောက်လှိုင်းတွင် အီရန်ဘက်မှ ပစ်ခတ်သည့် ဒုံးကျည်အရေအတွက် သိသိသာသာများပြားလာကြောင်း၊ ဒုံးကျည်ပစ်ခတ်မှုကြောင့် အစ္စရေးအရပ်သားများ ထိခိုက်မှုရှိကြောင်း အစ္စရေးစစ်ဘက်က ပြောဆိုထားသည်။

Times မဂ္ဂဇင်း၏ အစ္စရေးတာဝန်ခံကလည်း အစ္စရေးအာရုံတက်ချိန်၌ အရပ်သားအဆောက်အဦတစ်ခုကို အီရန်၏ မစ်ဇိုင်းဒုံးကျည်လာရောက်ထိမှန်သည့် ဗီဒီယိုကို တင်ထားသည်။

အမေရိကန် ဒုသမ္မတ ဒီဂျေဗန်စီကမူ ယခုလို စစ်ပွဲ အဆုံးသတ်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့သော သမ္မတ ဒေါ်နယ်ထရမ့်အား ဂုဏ်ပြုလေးစားမိကြောင်းနှင့် အမေရိကန်၏ တိုက်ခိုက်ဖျက်ဆီးခဲ့မှု ကြောင့် အီရန်သည်လည်း နောက်ထပ် နျူကလီးယားလက်နက်ထုတ်လုပ်နိုင်ရေး အဆောက်အအုံများ မရှိတော့ဟု Fox News သို့ ပြောသွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အီရန်
#အစ္စရေး
#ငြိမ်းချမ်းရေး
#ဒေါ်နယ်ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now