မဲခေါင်၊ ဇွန် ၂၃
ဇွန် ၂၁ ရက်ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲဝန်းကျင်တွင် ထိုင်းရဲတပ်ဖွဲ့သည် ဘန်ကောက်ရှိ နေအိမ် တစ်လုံးအား ဝင်ရောက်စီးနင်းရာ သုံးပြီးသား e-cigarettes များကို အရည်သစ်များပြန်ဖြည့်ပြီး အွန်လိုင်းမှရောင်းချနေသည်ကို တွေ့ရှိရပြီး တရုတ် ၂ ယောက်နှင့် မြန်မာလုပ်သား ၅ ဦးဖမ်းဆီးခံခဲ့ရသည်။
ထိုင်းရဲတပ်ဖွဲ့သည် vape ပစ္စည်း ၃၂၀၀ (ကာလတန်ကြေး ဘတ် ၁ ဒသမ ၅ သန်း) ကို သိမ်းဆည်းပြီး ဦးဆောင်သူ တရုတ်နိုင်ငံသား ဘင်ဇာအို (၃၅ နှစ်) နှင့် ယင်ဟိုင်းဘင် (၄၄ နှစ်) တို့အား ဖမ်းဆီးသလို vape အရည်ပြန်ဖြည့်သည့် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ၅ ယောက်ကိုလည်း တရားမဝင် အလုပ်လုပ်ကိုင်ခြင်းဖြင့် ဖမ်းဆီး အရေးယူသွားမည်ဟု သိရသည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ဘန်ကောက်
#မြန်မာလုပ်သား
#ဖမ်းဆီးခံရ








