မဲခေါင်၊ ဇွန် ၂၃
ဇွန် ၂၁ ရက်ည အမေရိကန်၏ တိုက်ခိုက်မှုတွင် အရေးအပါဆုံးမြေအောက် နျူကလီးယားဆိုက် Fordow ပျက်စီးမှုမှာ မြေပြင်အပေါ်ယံသာရှိကြောင်းနှင့် တိုက်ခိုက်ခံရမှုများတွင် နျူကလီးယားယိုစိမ့် ညစ်ညမ်းမှုလည်း မရှိဟု အီရန် အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။
အီရန်၏ Fordow ဆိုက်ရှိရာ Qom ပြည်နယ် လွှတ်တော်အမတ် မိုဟာမက်မာနန်ရိုင်ဆီက Tasnim သတင်းအေဂျင်စီသို့ ပြောဆိုမှုတွင် ဒေါ်နယ်ထရမ့်ပြောသလို အလုံးစုံပျက်စီးမှု မရှိဘဲ မြေပြင်အပေါ် ယံသာပျက်စီးခြင်းဖြစ်ကာ အနီးအနားရှိ နေထိုင်သူများအတွက်သာ ခြိမ်းခြောက်မှုဖြစ်ခဲ့ကြောင်းနှင့် အစောကတည်းက ကြိုတင်နေရာရွှေ့ပြောင်းထားမှုများကြောင့် ရေဒီယိုသတ္တိကြွမှုသတင်းလည်း မရှိ ဟု ပြောသွားခဲ့သည်။
မာနန်ရိုင်ဆီက အမေရိကန် စစ်ပွဲထဲ တိုက်ရိုက်ပါဝင်လာခြင်းကြောင့် မိမိတို့ဘက်မှ မည်သည့်အချိန် မည်သည့်ပုံသဏ္ဍန်ဖြင့် တုံ့ပြန်ရမည်ကိုသာ ဆုံးဖြတ်ရန် လိုတော့သည်ဟုလည်း တန်ပြန်သတိပေး ပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: cgtn
#MeKongNews
#အီရန်
#နျူကလီးယား
#Fordow
#အမေရိကန်








