မဲခေါင်၊ ဇွန် ၂၁
အပတ်စဉ် ဝတ်ပြုဆုတောင်းမှုများအပြီး အီရန်နိုင်ငံ မြို့တော် လမ်းမများပေါ်တွင် အီရန်ပြည်သူ ထောင်သောင်းချီ စုဝေးကာ အမေရိကန်နှင့် အစ္စရေး အလံများမီးရှို့ဖျက်ဆီးပြီး အီရန်ခေါင်းဆောင် ခါမီနီ ဓာတ်ပုံပေါင်းများစွာကို ကိုင်မြှောက်ပြီး ခါမီနီအတွက် အသက်ပေးဝင့်ကြောင်း ကြွေးကျော်သံ များဖြင့် ဆန္ဒပြခဲ့ကြသည်။
နှစ်နိုင်ငံ ဒုတိယပတ်မြောက်အဖြစ် ဒုံးကျည်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ဆဲအချိန် အစ္စရေး ဘက်မှ အီရန်ပြည်သူများအနေဖြင့် အစွန်းရောက် ခါမီနီအစိုးရ ပြုတ်ကျစေရန် ဆန့်ကျင်ကြရေး တိုက်တွန်းခဲ့ပြီးနောက် ဇွန် ၂၀ ရက်တွင် ခါမီနီနှင့် အစ္စလာမ္မစ်အစိုးရ သစ္စာတော်ခံ ပြည်သူများ လမ်းပေါ်တက်ပြီး အနောက်အင်အားစုများ သေဆုံးပါစေ၊ ခါမီနီအတွက် အသက်ပေးဝင့်သည် ဆိုသော ကြွေးကျော်သံများဖြင့် ဆန္ဒပြခဲ့ကာ အီရန်ထောက်ပံ့ အစ္စလာမ္မစ် တပ် ဟစ်ဇ်ဘိုလာ အလံများစွာကို လည်း ဝေယမ်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြမှုတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်ကြရန် လှုံ့ဆော်မှုများလည်းရှိရာ အီရန်အနောက် မြောက်ပိုင်းရှိ တာဘရစ်ဇ်မြို့နှင့် တောင်ပိုင်းရှိ ရှီရက်ဇ်မြို့များတွင်လည်း အလားတူ ဆန္ဒပြမှုများ ရှိခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အီရန်
#အစ္စရေး
#ဆန္ဒပြ
#ခါမီနီ








