ကမ္ဘာ့သတင်း

အိန္ဒိယနှင့် စစ်မဖြစ်စေရန် ကြားဝင်ဖျန်ဖြေပေးနိုင်ခဲ့သော ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆုရရှိရေး ထောက်ခံဟု ပါကစ္စတန် ကြေညာ

မဲခေါင် 21 Jun - 2025
မဲခေါင်၊ ဇွန် ၂၁ ဧပြီ ၂၂ ရက်နေ့က အငြင်းပွားနယ်စပ်ပိုင်နက်နှင့်ဆက်စပ်သော အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယား ဒေသတွင် ဖြစ်ပွားခဲ့သော နှစ်နိုင်ငံ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ၌ သံတမန်နည်းအရသာမက ကုန်သွယ်ရေးနည်းအရပါ ကြားဝင်ပြီး ငြိမ်းချမ်းရေးရရှိစေရန် စေ့စပ်ပေးနိုင်ခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၂၆ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိရန် ထိုက်တန်သူဟု ဇွန် ၂၁ ရက်တွင် ပါကစ္စတန်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ နျူကလီးယားပိုင် နှစ်နိုင်ငံကြား စစ်ပွဲဖြစ်ပွားလျှင် ဒေသတွင်းမှ သန်းပေါင်းများစွာသော လူသားများ ကပ်ဘေးဆိုးဆိုက်ကပ်မည့်အရေးကို ဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်ခြင်းဖြင့် မေ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီမှုရရှိနိုင်ခဲ့ခြင်းသည် နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် ထိုက်တန် သည့် ဒေါ်နယ်ထရမ့်၏ စွမ်းဆောင်မှုဖြစ်သည်ဟု

မဲခေါင်၊ ဇွန် ၂၁

ဧပြီ ၂၂ ရက်နေ့က အငြင်းပွားနယ်စပ်ပိုင်နက်နှင့်ဆက်စပ်သော အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယား ဒေသတွင် ဖြစ်ပွားခဲ့သော နှစ်နိုင်ငံ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ၌ သံတမန်နည်းအရသာမက ကုန်သွယ်ရေးနည်းအရပါ ကြားဝင်ပြီး ငြိမ်းချမ်းရေးရရှိစေရန် စေ့စပ်ပေးနိုင်ခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၂၆ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိရန် ထိုက်တန်သူဟု ဇွန် ၂၁ ရက်တွင် ပါကစ္စတန်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နျူကလီးယားပိုင် နှစ်နိုင်ငံကြား စစ်ပွဲဖြစ်ပွားလျှင် ဒေသတွင်းမှ သန်းပေါင်းများစွာသော လူသားများ ကပ်ဘေးဆိုးဆိုက်ကပ်မည့်အရေးကို ဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်ခြင်းဖြင့် မေ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီမှုရရှိနိုင်ခဲ့ခြင်းသည် နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် ထိုက်တန် သည့် ဒေါ်နယ်ထရမ့်၏ စွမ်းဆောင်မှုဖြစ်သည်ဟု ပါကစ္စတန်အစိုးရက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၁၈ ရက်က အိမ်ဖြူတော်တွင် ဒေါ်နယ်ထရမ့်နှင့် ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အာဆင်မူနီယာတို့ တွေ့ဆုံခဲ့ပြီးနောက်တွင်လည်း ပါကစ္စတန်က အိန္ဒိယနှင့် နှစ်နိုင်ငံကြား ကာလရှည်ဖြစ်ပွားနေသော ဂျမူး၊ ကက်ရှ်မီးယား အငြင်းပွားမှုပြဿနာကို ကူညီဖြေရှင်းပေးသည့် သမ္မတ ထရမ့်၏ ရိုးသားသော ကမ်းလှမ်းမှုများအတွက် အသိအမှတ်ပြုကာ အလွန်လေးစားသမှု ရှိရပါကြောင်း ပါကစ္စတန်က ထုတ်ပြန်သည်။

သို့သော် ထိုထုတ်ပြန်ချက်နှင့်တစ်ဆက်တည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပါကစ္စတန်နှင့် နှစ်နိုင်ငံကြား ပဋိပက္ခကို တတိယကြားခံနိုင်ငံ ပါဝင်ကာ အဖြေထုတ်သည့်ဖြစ်စဉ်မျိုး လက်ခံမည်မဟုတ်ဟု ပြောဆိုခဲ့သည်။

ကိုကလင်း
Ref: AA
#MeKongNews
#အိန္ဒိယ
#ပါကစ္စတန်
#ဒေါ်နယ်ထရမ့်
#နိုဘယ်ငြိမ်းချမ်းရေးဆု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now