ကမ္ဘာ့သတင်း

အသစ်စက်စက် အီရန်စစ်ဦးစီးချုပ်ကို အစ္စရေး ထပ်မံ လုပ်ကြံသတ်ဖြတ်

မဲခေါင် 17 Jun - 2025
မဲခေါင်၊ ဇွန် ၁၇ အီရန် အခေါင်အချုပ် အလီခါမီနီ၏ အနီးဆုံးလူလည်းဖြစ် အစ္စရေး ပထမတိုက်ခိုက်မှုအဖြစ် တီဟီရန်မြို့ကို တိုက်ခိုက်ရာ၌ သေဆုံးခဲ့သော စစ်ဦးစီးချုပ်နေရာတွင် အစားဝင်သည်မှာလည်း ရက်ပိုင်းသာရှိသေးသော အီရန် စစ်ဦးစီးချုပ်သစ် အလီရှက်ဒ်မာနီကို ထပ်မံ ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးတပ်မတော် ပြောရေးဆိုခွင့်ရှိ အဖွဲ့မှ ဇွန် ၁၇ ရက်တွင် အတည်ပြုထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်တွင် အီရန်နိုင်ငံအတွင်း စိမ့်ဝင်နေရာယူထားပြီးသော အထူးထောက်လှမ်းရေး တပ်ဖွဲ့များ၏ အားချင်း ပစ်မှတ်တွေ့ရှိခြင်းအခြေအနေအရ အစ္စရေးလေကြောင်း ကွပ်ကဲမှုဌာနတို့နှင့် ပူးပေါင်းပြီး အလီရှက်ဒ်မာနီ တည်ရှိရာနေရာကို အတိအကျသိရှိသဖြင့် ဖိုက်တာဂျက်လေယာဉ်များဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အစ္စရေး၏ Rising Lion စစ်ဆင်ရေး ပထမဆုံးရက်အဖြစ် အီရန်ကို

မဲခေါင်၊ ဇွန် ၁၇

အီရန် အခေါင်အချုပ် အလီခါမီနီ၏ အနီးဆုံးလူလည်းဖြစ် အစ္စရေး ပထမတိုက်ခိုက်မှုအဖြစ် တီဟီရန်မြို့ကို တိုက်ခိုက်ရာ၌ သေဆုံးခဲ့သော စစ်ဦးစီးချုပ်နေရာတွင် အစားဝင်သည်မှာလည်း ရက်ပိုင်းသာရှိသေးသော အီရန် စစ်ဦးစီးချုပ်သစ် အလီရှက်ဒ်မာနီကို ထပ်မံ ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးတပ်မတော် ပြောရေးဆိုခွင့်ရှိ အဖွဲ့မှ ဇွန် ၁၇ ရက်တွင် အတည်ပြုထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် အီရန်နိုင်ငံအတွင်း စိမ့်ဝင်နေရာယူထားပြီးသော အထူးထောက်လှမ်းရေး တပ်ဖွဲ့များ၏ အားချင်း ပစ်မှတ်တွေ့ရှိခြင်းအခြေအနေအရ အစ္စရေးလေကြောင်း ကွပ်ကဲမှုဌာနတို့နှင့် ပူးပေါင်းပြီး အလီရှက်ဒ်မာနီ တည်ရှိရာနေရာကို အတိအကျသိရှိသဖြင့် ဖိုက်တာဂျက်လေယာဉ်များဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အစ္စရေး၏ Rising Lion စစ်ဆင်ရေး ပထမဆုံးရက်အဖြစ် အီရန်ကို တိုက်ခိုက်ခဲ့မှုမှာပင် စစ်ဦးစီးချုပ် အလမ်းအလီရာရှစ်ဒ် သေဆုံးခဲ့ရပြီးနောက် အလီခါမီနီသည် ရှက်ဒ်မာနီကို လက်နက်ကိုင်တပ်ဖွဲ့ အရေးပေါ်ဌာနချုပ်နှင့် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) တို့၏ အမြင့်ဆုံး စစ်ဦးစီးချုပ် ရာထူး ပေးအပ်ခဲ့ရာ ၄ ရက်အကြာမှာပင် ထပ်မံ ရှင်းလင်းခံရခြင်းဖြစ်သည်။

အစ္စရေးတိုက်ခိုက်မှုများသည့် အီရန် အထူးစစ်ခေါင်းဆောင်များကို ရက်ပိုင်းအတွင်း ရှင်းလင်းနိုင်ခဲ့ရာ၌ IRGC တပ်ချုပ် ဟော့ဆိန်းဆလာမီ၊ စစ်ဦးစီးချုပ် မိုဟာမက်ဘက်ဂ်ဟီရီ၊ IRGC စစ်ထောက်လှမ်းရေးအကြီးအကဲ မိုဟာမက် ကာဇီမီ အပါ အခြားသော စစ်ခေါင်းဆောင်များနှင့် နျူကလီးယား သိပ္ပံပညာရှင်များပါ သေဆုံးခဲ့ရသည်။

ယခုတစ်ပတ်အစောပိုင်းကလည်း အီရန် အစိုးရမီဒီယာ IRNA သတင်းအေဂျင်စီက တီဟီရန်မြို့အတွင်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများနှင့်တစ်ပြိုင်နက် ကားဗုံးပေါက်ကွဲမှု ၅ ခု ကြောင့် နျူကလီးယားသိပ္ပံပညာရှင်များစွာ သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သေးသည်။

ကိုကလင်း
Ref: ynetnews
#MeKongNews
#အစ္စရေး
#အီရန်စစ်ဦးစီးချုပ်
#အလီခါမီနီ
#အလီရှက်ဒ်မာနီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now