ကမ္ဘာ့သတင်း

အဏုမြူလက်နက် အီရန် ထုတ်လုပ်မှု ဒေါ်နယ်ထရမ့်က B-52 ဗုံးကျဲလေယာဉ်ကြီးဖြင့် အဆုံးသတ်လိမ့်မည်ဟု မော့ဆက်အရာရှိဟောင်း သတိပေး

မဲခေါင် 17 Jun - 2025
မဲခေါင်၊ ဇွန် ၁၇ ပြီးခဲ့သည့်တစ်ပတ်က ကုလနျူကလီးယားစောင့်ကြည့်ရေးတာဝန်ရှိသူများက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန်သည် နျူကလီးယားနှင့်ပတ်သက်သော လိုက်နာရမည့် တာဝန်များ လစ်ဟင်းခဲ့သည်ဟု ကြေညာပြီးနောက် အစ္စရေးနှင့် စစ်ပွဲတွင် အထိနာနေရသဖြင့် အီရန်ခေါင်းဆောင်များသည် အဏုမြူလက်နက်ကို အပူတပြင်း အပြီးတီထွင်ခိုင်းနေပြီး လူပေါင်းများစွာသေဆုံးစေမည့် တိုက်ခိုက်မှုလုပ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာနေသည်။ ထိုအခြေအနေတွင် အစ္စရေးစစ်ထောက်လှမ်းရေး မော့ဆက်အဖွဲ့ အကြီးအကဲဟောင်းတစ်ဦးက အမည်မဖော်ပြဘဲ ဗြိတိန် The Sun သတင်းဌာနသို့ အသိပေးပြောဆိုခဲ့ရာ အီရန်အနေဖြင့် အဏုမြူလက်နက် ပိုင်ဆိုင်မည်ဆိုသည်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယားတင်ဆောင် နိုင်စွမ်းရှိ မဟာဗျူဟာ B-52 ဗုံးကြဲလေယာဉ်ဖြင့် အီရန်ကို ချေမှုန်းလိမ့်မည်ဟု သတိပေးပြောဆိုသွားခဲ့သည်။ သင်္ဘောများခြေရာခံ

မဲခေါင်၊ ဇွန် ၁၇

ပြီးခဲ့သည့်တစ်ပတ်က ကုလနျူကလီးယားစောင့်ကြည့်ရေးတာဝန်ရှိသူများက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန်သည် နျူကလီးယားနှင့်ပတ်သက်သော လိုက်နာရမည့် တာဝန်များ လစ်ဟင်းခဲ့သည်ဟု ကြေညာပြီးနောက် အစ္စရေးနှင့် စစ်ပွဲတွင် အထိနာနေရသဖြင့် အီရန်ခေါင်းဆောင်များသည် အဏုမြူလက်နက်ကို အပူတပြင်း အပြီးတီထွင်ခိုင်းနေပြီး လူပေါင်းများစွာသေဆုံးစေမည့် တိုက်ခိုက်မှုလုပ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာနေသည်။

ထိုအခြေအနေတွင် အစ္စရေးစစ်ထောက်လှမ်းရေး မော့ဆက်အဖွဲ့ အကြီးအကဲဟောင်းတစ်ဦးက အမည်မဖော်ပြဘဲ ဗြိတိန် The Sun သတင်းဌာနသို့ အသိပေးပြောဆိုခဲ့ရာ အီရန်အနေဖြင့် အဏုမြူလက်နက် ပိုင်ဆိုင်မည်ဆိုသည်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယားတင်ဆောင် နိုင်စွမ်းရှိ မဟာဗျူဟာ B-52 ဗုံးကြဲလေယာဉ်ဖြင့် အီရန်ကို ချေမှုန်းလိမ့်မည်ဟု သတိပေးပြောဆိုသွားခဲ့သည်။

သင်္ဘောများခြေရာခံ ဝက်ဘ်ဆိုက် Marine Traffic ဖော်ပြမှုတွင် အစ္စရေးနှင့် အီရန်တို့ အပြန်အလှန် ပစ်ခတ်မှု ၄ ရက်မြောက်နေ့ ဇွန် ၁၆ ရက်မနက်၌ အမေရိကန်၏ ဒေါ်လာ ၄ . ၅ ဘီလီယံတန် လေယာဉ် တင်သင်္ဘောကြီး USS Nimitz သည် တောင်တရုတ်ပင်လယ်မှ အနောက်ဘက် အရှေ့အလယ်ပိုင်း ဒေသသို့ ဦးတည် ခုတ်မောင်းနေကြောင်းနှင့် ယခုတစ်ပတ် နှောင်းပိုင်း၌ ဒါနန်းမြို့သို့ ရောက်ရှိမည်ဖြစ်ကာ ယင်း ၁၀၉၂ ပေရှည်သော သင်္ဘောကြီးပေါ်တွင် B-2 Spirit ကိုယ်ပျောက် ဗုံးကြဲလေယာဉ်များ စွာတင်ဆောင်လာပြီး အရေးပေါ် အခြေအနေအရ အစ္စရေးနှင့်အီရန် စစ်ရေးဇုန်အနီး ခုတ်မောင်းလာ ခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။

အီရန်သမ္မတမှ ဇွန် ၁၆ မနက်တွင် ၎င်းတို့သည် နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးကို အလေးမထားဘဲ ပြည်သူ့အကျိုးအတွက် နျူကလီးယားဓာတ်အားပေးဝေမှုကိုသာ အဆင့်မြှင့်တင်တည်ဆောက်နေ ခြင်းဖြစ်ရာ ဓာတ်အားပေးမှုအတွက် မည်သည့်နိုင်ငံမျှ တားဆီးခွင့်မရှိဟု ပြောဆိုခဲ့သေးသည်။

သို့သော် အီရန်ခေါင်းဆောင်များသည် နျူကလီးယားဗုံးကို အမြန်ဆုံးအသုံးပြုနိုင်ရန် ဖိအားပေး တီထွင်နေသည် ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ယင်းမော့ဆက် အရာရှိဟောင်းက မည်သည့် အမေရိကန် သမ္မတကမှ အီရန်ကို နျူကလီးယားလက်နက် သို့မဟုတ် အဏုမြူဗုံး ပိုင်ဆိုင်မည်ကို လုံး၀ ခွင့်မပြုခဲ့သဖြင့် ဒေါ်နယ်ထရမ်သည်လည်း ၎င်းလက်ထက် အီရန် အဏုမြူလက်နက်ပိုင်ဆိုင်မည်ကို လုံး၀ ခွင့်ပြုမည်မဟုတ်ဘဲ ထိုသို့ အခြေအနေရှိလာလျှင် အီရန်အား ထရမ့်က ဖျက်အား အပြင်းဆုံးဖြစ်သော Stratofortress B-52 ဗုံးကြဲလေယာဉ်ကြီးဖြင့် အမှုန့်ချေလိမ့်မည်မှာ သေချာသည်ဟု သတိပေးပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အီရန်
#နျူကလီးယား
#ဒေါ်နယ်ထရမ့်
#B52ဗုံးကြဲလေယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now