ကမ္ဘာ့သတင်း

ဗြိတိန်ကို နံပါတ်တစ်ရန်သူဟု ရုရှားပစ်မှတ်ထားလာသောကြောင့် စစ်အင်အားမမြှင့်တင်လျှင် အုတ်ဂူများ အသင်္ချေရှိလာမည်ဟု ကာကွယ်ရေးဝန်ကြီးဟောင်း သတိပေး

မဲခေါင် 16 Jun - 2025
မဲခေါင်၊ ဇွန် ၁၆ ဗြိတိန်သည် နံပါတ်တစ် ရန်သူဖြစ်သည်ဟု ရုရှားမှ သတ်မှတ်ပြီးနောက် အစိုးရအနေဖြင့် နိုးထချိန်တန်ပြီဖြစ်ကာ အချိန်မနှောင်းမီ ကာကွယ်ရေးနှင့် လုံခြုံရေးအင်အားကို အဆင့်မြှင့်တင်ရန် ဘဏ္ဍာတိုက်ဖွင့်မှ ဖြစ်မည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စပန်နီမောဒန့်က သတိပေး တိုက်တွန်းသွားခဲ့သည်။ ဇွန် ၁၂ ရက်က ကရင်မလင်အစိုးရပိုင် မီဒီယာမှ မည်သူသည် ရုရှား၏ နံပါတ်တစ်ရန်သူ ဖြစ်မည်နည်း ဆိုသော မေးခွန်းဖြင့် INSOMAR အမည်ဖြင့် ဆန္ဒမဲကောက်ခံခဲ့ရာ ၃ နှစ်ကြာ ကျူးကျော်စစ်ဆင်နွှဲနေရသော ယူကရိန်းကို မဲပေးမှုသည် ၂၂ ရာခိုင်နှုန်းသာ ရှိကာ ပြင်သစ်က ၂၃၊ အမေရိကန်က ၂၄၊ ဂျာမနီ ၂၅ ရာခိုင်နှုန်း မဲပေးခဲ့ကြပြီး

မဲခေါင်၊ ဇွန် ၁၆

ဗြိတိန်သည် နံပါတ်တစ် ရန်သူဖြစ်သည်ဟု ရုရှားမှ သတ်မှတ်ပြီးနောက် အစိုးရအနေဖြင့် နိုးထချိန်တန်ပြီဖြစ်ကာ အချိန်မနှောင်းမီ ကာကွယ်ရေးနှင့် လုံခြုံရေးအင်အားကို အဆင့်မြှင့်တင်ရန် ဘဏ္ဍာတိုက်ဖွင့်မှ ဖြစ်မည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စပန်နီမောဒန့်က သတိပေး တိုက်တွန်းသွားခဲ့သည်။

ဇွန် ၁၂ ရက်က ကရင်မလင်အစိုးရပိုင် မီဒီယာမှ မည်သူသည် ရုရှား၏ နံပါတ်တစ်ရန်သူ ဖြစ်မည်နည်း ဆိုသော မေးခွန်းဖြင့် INSOMAR အမည်ဖြင့် ဆန္ဒမဲကောက်ခံခဲ့ရာ ၃ နှစ်ကြာ ကျူးကျော်စစ်ဆင်နွှဲနေရသော ယူကရိန်းကို မဲပေးမှုသည် ၂၂ ရာခိုင်နှုန်းသာ ရှိကာ ပြင်သစ်က ၂၃၊ အမေရိကန်က ၂၄၊ ဂျာမနီ ၂၅ ရာခိုင်နှုန်း မဲပေးခဲ့ကြပြီး ဗြိတိန်ကို အမုန်းအများဆုံးအဖြစ် ၂၈ ရာခိုင်နှုန်း မဲပေးခဲ့ကြသဖြင့် ဗြိတိန်သည် ရုရှား၏ နံပါတ်တစ်ရန်သူဖြစ်လာခဲ့သည်။

ယင်းစစ်တမ်းထုတ်ပြန်မှု၌ ပူတင်အတွက် အဓိက ဝါဒဖြန့်သူ ဆိုလော့ဗ်ယော့ဗ်က စကော့တလန်ပြည်သူများ ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် တော်လှန်ကြရန်ပါ လှုံ့ဆော်တိုက်တွန်းသွားခဲ့သည်။

ရုရှားသမ္မတပူတင်သည် ယူကရိန်းကို အဓိက ကျောထောက်နောက်ခံပြုနေသော အနောက်အင်အားစု အဖွဲ့ဝင်များအနက် ဗြိတိန်ကို တိုက်ခိုက်တုံ့ပြန်နိုင်သည်ဟု မကြာခဏပြောဆိုလေ့ရှိရာ ယခုလည်း ယူကရိန်းစစ်ကာလ ၃ နှစ်ပြည့်သည့်တိုင် စစ်အင်အား အလုံးအရင်းထပ်ဖြည့်ပြီး တိုက်နေခြင်းဖြစ်ရာ ပူတင်၏ လောဘနှင့် ရည်မှန်းချက်မှာ ယူကရိန်းကိုအောင်နိုင်ခြင်းနှင့် မပြီးနိုင်ကြောင်း၊ ထို့ကြောင့် ဗြိတိန်အပါ ဥရောပနိုင်ငံများကို ဆက်လက်တိုက်ခိုက်လာဦးမည်မှာ သေချာသဖြင့် Hard Power ဖြင့် တုံ့ပြန်ခြင်းကသာ တားဆီးနိုင်ဖွယ်ရာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ပန်နီမောဒန့်က သတိပေးတိုက်တွန်းသွားခဲ့ခြင်းဖြစ်သည်။

ယခုတစ်ပတ်အတွင်း ဗြိတိန်အတွက် အသုံးစားရိတ် ကြိုတင်သုံးသပ်မှုကို လော့ဒ်ရော်ဘတ်ဆန် ဦးဆောင်ကျင်းပခဲ့ရာ နေတိုးအဖွဲ့က နိုင်ငံ GDP ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းကို စစ်ရေး ပြင်ဆင်တိုးချဲ့မှုအတွက် သုံးစွဲရေးအဆိုကို လိုက်လျောနိုင်ခြင်းမရှိသည့် အဖြေထွက်ခဲ့သဖြင့် GDP ၅ ရာခိုင်နှုန်း စစ်ရေးဘတ်ဂျက်သုံးရန် တိုက်တွန်းခဲ့သော ဒေါ်နယ်ထရမ့် တိုက်တွန်းမှုအတွက်လည်း လက်ခံနိုင်မည် မဟုတ်သည့် အနေအထားဖြစ်နေသည်။

ရုရှားကို ခုခံတွန်းလှန်ရန် ဘတ်ဂျက် ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အဆိုကိုလည်း လက်ရှိ ဝန်ကြီးချုပ် ကိုင်ရာစတာမာသည် အတည်ပြု အကောင်အထည်ဖော် နိုင်ခြင်းမရှိသေးသည့်အတွက် ရုရှားမှ တိုက်ခိုက်လာပါက ဗြိတိန်တွင် နိုင်ငံသားများ၏ သွေးများနှင့် အုတ်ဂူများ အသင်္ချေ ဖြစ်တည်လာလိမ့်မည်ဖြစ်ကာ အိပ်မက်မှ နိုးထချန်တန်ပြီဟု ပန်နီမောဒန့်က ပြတ်သားစွာ တိုက်တွန်းပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဗြိတိန်
#စစ်အသုံးစရိတ်
#ရုရှား
#မစ္စပန်နီမောဒန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now