မဲခေါင်၊ ဇွန် ၁၄
ထိုင်းနှင့် အငြင်းပွားနယ်စပ်ပိုင်နက်ကိစ္စကြောင့် တင်းမာမှုမြင့်တက်နေချိန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန်မာနက်က နိုင်ငံသားများ ထိုင်းတွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်ရာမှ ပြန်လာကြရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် ဆောင်ရွက်ပေးသွားမည်ဟု ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဇွန် ၁၄ ရက်၌ ရေးတင်သွားခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် တိုင်းသူပြည်သား ညီကိုမောင်နှမများ နယ်စပ်ဂိတ် ၇ ခုစလုံးမှ ပြည်တော် ပြန်ဝင်လာနိုင်ရေး အစိုးရနှင့်အေဂျင်စီများ၊ စစ်သားများက နယ်စပ်တွင် ဖြတ်ကျော်နိုင်ရေး လိုအပ် စာရွက်စာတမ်းများဆောင်ရွက်ပေးရန်၊ ယာယီနေထိုင်စရာများ၊ အစားအသောက်များ၊ ဆေးဘက်ဆိုင် ရာ ကုသပေးမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကာ တပ်မတော်နှင့် ဖနောင်ပင် ကက်ပီတယ်ကျောင်းမှ နယ်စပ်မှ ဝင်လာမည့်သူများကို မွေးဇာတိသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ရေးသားထားသည်။
အလုပ်သမားဝန်ကြီးဌာနမှ အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် ပြန်လာမည့် နိုင်ငံသားများကို သင်ကြားပေးကာ သောင်းချီ လိုအပ်နေသော ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်များပါ ရှာဖွေပေးမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများက ပြည်တော်ပြန်များ နေ့စဉ်ပုံမှန် အလုပ်လုပ်ကိုင်ကာ တည်ငြိမ်သည့် မိသားစုဝမ်းရေးဘ၀ ဖြေရှင်းပေးနိုင်ရေး စီစဉ်ပေးကြဦးမည်ဖြစ်ကြောင်း၊ ဘဏ်များနှင့် အသေးစားငွေချေးလုပ်ငန်းများက ပြည်တော်ပြန်အလုပ်သမားများ ကြွေးမြီပိနေခြင်း သက်သာရာရစေရန်လည်း ကြွေးဆပ်ရမည့်ကာလများကို နှစ်ရှည်သတ်မှတ်ပြီး ငွေကြေးများ ထုတ်ချေးသွားရန် ရှိသည်ဟု ဟွမ်မာနက်က ဖေ့စ်ဘုတ်တွင် ရေးတင်သွားခဲ့သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီယား
#ရွှေ့ပြောင်းလုပ်သား
#ဟွန်ဆန်မာနက်








