မဲခေါင်၊ ဇွန် ၁၄
ဇွန် ၁၃ ရက်မနက်ပိုင်းတွင် အစ္စရေး၏ အီရန်နယ်မြေထဲမှ နျူကလီးယားဆိုက်များနှင့် စစ်ရေးပစ်မှတ် ၁၀၀ ကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် ဇွန် ၁၄ ရက်၌ အီရန်မှ လက်တုံ့ပြန်ပစ်ခတ်မှုမှာ ဒုံးကျည် ၁၀၀၀ သုံးရန် ဖြစ်သော်လည်း အစ္စရေးတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်အခြေအနေများကြောင့် ဒုံးကျည် ၁၅၀ ကျော်နှင့်ဒရုန်း ၁၀၀ ကျော်ဖြင့်သာ ပစ်ခတ်နိုင်ခြင်းဖြစ်သည်ဟု New York Times မှ ဖော်ပြခဲ့သည်။
အီရန်အစောင့်တပ် အရာရှိ ၂ ဦးမှ New York Times သို့ ဖွင့်ဟခဲ့မှုဖြစ်ကာ အီရန်ခေါင်းဆောင် ခါမီနီသည် အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ် လက်မလည်ဖြစ်ကာ သေကြေပျက်စီးမှု အများဆုံး ဖြစ်စေရန် ဒုံးကျည် ၁၀၀၀ ပစ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် အစ္စရေးလက်ဦးမှုယူကာ တိုက်ခိုက်ခဲ့မှုကြောင့် ဒုံးကျည်များကို ဒုံးပစ်စင်များပေါ် တင်ဆောင်နိုင်ရေး၊ ရွှေ့ပြောင်းနိုင်ရေးများတွင် အဆင်မပြေတော့ဘဲ ဒုံးကျည် ၁၅၀ ကျော်၊ ဒရုန်း ၁၀၀ ကျော်ဖြင့်သာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။
အီရန်၏ ပစ်ခတ်မှုကြောင့် အစ္စရေးတွင် ဒါဇင်များစွာ ဒဏ်ရာရမှုရှိသလို သေဆုံးမှုသည်လည်း ၄ ဦး အထိ ရှိလာပြီဖြစ်ကြောင်း ဇွန် ၁၄ ရက် မွန်းလွဲပိုင်းသတင်းများ အတည်ပြုချက်အရ သိရှိရသည်။
ကိုကလင်း
Ref: New York Times
#MeKongNews
#အစ္စရေး
#အီရန်
#နျူကလီးယား
#ခါမီနီ








