ကမ္ဘာ့သတင်း

ရာချီသော ပဲ့ထိန်းဒုံးကျည်များဖြင့် အစ္စရေးကို အီရန် လက်တုံ့ပြန် ပစ်ခတ်မှု ဒါဇင်ချီ ဒဏ်ရာရကာ တစ်ဦးသေဆုံး

မဲခေါင် 14 Jun - 2025
မဲခေါင်၊ ဇွန် ၁၄ ဇွန် ၁၃ ရက်အာရုံမတက်မီ အစ္စရေးမှ ဖိုက်တာဂျက်လေယာဉ် အစီး ၂၀၀ ကျော်အသုံးပြုကာ အီရန်ရှိ နျူကလီးယားနှင့် စစ်ခေါင်းဆောင်များကို ပစ်မှတ်ထား တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ဇွန် ၁၃ ညပိုင်း တွင် အီရန်ဘက်မှ ရာနှင့်ချီသော ပဲ့ထိန်းဒုံးကျည်များဖြင့် အစ္စရေးနိုင်ငံ ဗဟိုချက်နေရာများသို့ လက်တုံ့ ပြန်ပစ်ခတ်ရာ ဒါဇင်ချီဒဏ်ရာရပြီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အီရန်သည် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၊ ဂျေရုဆလင်မြို့၊ အီလီယက်ဆိပ်ကမ်းမြို့များကို အဓိက ပစ်မှတ်ထားကာ ပဲ့ထိန်းဒုံးများရာချီသုံးပြီး ၃ လှိုင်းဆက် ပစ်ခတ်ရာတွင် အများစုသည် အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များမှာ ကြားဖြတ်ပစ်ချမှုကြောင့် ကောင်းကင်မှာပင် ပေါက်ကွဲခဲ့သည်ကို စစ်သတင်းထောက်များ

မဲခေါင်၊ ဇွန် ၁၄

ဇွန် ၁၃ ရက်အာရုံမတက်မီ အစ္စရေးမှ ဖိုက်တာဂျက်လေယာဉ် အစီး ၂၀၀ ကျော်အသုံးပြုကာ အီရန်ရှိ နျူကလီးယားနှင့် စစ်ခေါင်းဆောင်များကို ပစ်မှတ်ထား တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ဇွန် ၁၃ ညပိုင်း တွင် အီရန်ဘက်မှ ရာနှင့်ချီသော ပဲ့ထိန်းဒုံးကျည်များဖြင့် အစ္စရေးနိုင်ငံ ဗဟိုချက်နေရာများသို့ လက်တုံ့ ပြန်ပစ်ခတ်ရာ ဒါဇင်ချီဒဏ်ရာရပြီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အီရန်သည် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၊ ဂျေရုဆလင်မြို့၊ အီလီယက်ဆိပ်ကမ်းမြို့များကို အဓိက ပစ်မှတ်ထားကာ ပဲ့ထိန်းဒုံးများရာချီသုံးပြီး ၃ လှိုင်းဆက် ပစ်ခတ်ရာတွင် အများစုသည် အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များမှာ ကြားဖြတ်ပစ်ချမှုကြောင့် ကောင်းကင်မှာပင် ပေါက်ကွဲခဲ့သည်ကို စစ်သတင်းထောက်များ တိုက်ရိုက် ရိုက်ကူးတင်ပြခြင်းမှ မြင်တွေ့ရသည်။

သို့သော် တချို့ သော စွမ်းအားပြင်း ဒုံးကျည်များမှာမူ မြို့များပေါ်သို့ ကျရောက်ပေါက်ကွဲသဖြင့် ဒဏ်ရာရ သေဆုံးမှုများရှိခဲ့ကာ အီရန်ပြည်သူများသည်လည်း ၎င်းတို့၏ လက်တုံ့ပြန်မှုအတွက် လမ်းများပေါ် ထွက်ကာ အောင်ပွဲခံခဲ့ကြသည်။

AP သတင်းဌာန၏ ဖော်ပြမှုအရ အီရန်၏ တိုက်ခိုက်မှုတွင် အမေရိကန်က အစ္စရေးကို ကြားဖြတ် ကာကွယ်ပေးမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း သိရှိရသည်။

အီရန် အစိုးရပြောရေးဆိုခွင့်ရှိသူက ဒုံးကျည်များစွာဖြင့် အစ္စရေးအား ထိရောက်သော တုံ့ပြန်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာသလို အီရန်သမ္မတကိုယ်တိုင်ကလည်း အစ္စရေးအတွက် ကြမ္မာဆိုးဝင်စေရမည်ဟု ကြုံးဝါးပြောဆိုခဲ့သည်။

အစ္စရေး၏ အီရန်နိုင်ငံ တီဟီရန်မြို့အတွင်း ပစ်မှတ် ၁၀၀ ကို တိုက်ခိုက်မှုတွင် အီရန်စစ်ဗိုလ်ချုပ် ၃ ဦးနှင့် နျူကလီးယား သိပ္ပံပညာရှင် ၂ ဦး အပါ ၇၈ ဦးသေဆုံးကာ ၃၂၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ အီရန် သံအမတ်က ထုတ်ပြန်ပြောဆိုကာ အစ္စရေးဘက်မှ စစ်ကြေညာလိုက်ခြင်းအား တုံ့ပြန်ရင်ဆိုင်သွားမည်ဟု ဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုကလည်း ဇွန် ၁၃ ရက် မနက်ပိုင်း တိုက်ခိုက်မှုသည် အစသာရှိသေး ပြီး နောက်ထပ်များစွာ ထပ်လာဦးမည်ဖြစ်ကာ အီရန် အာဏာရှင်များ မည်သည့်လက်နက်မျိုးလာထိမှန် သည်ကိုပင် မသိဘဲ သေဆုံးကြရမည်ဟု ထုတ်ပြန်ပြောဆိုသွားခဲ့ရာ အလုံးစုံစစ်ပွဲ စတင်ခဲ့ပြီဟု နိုင်ငံတကာက သုံးသပ်နေကြပြီဖြစ်သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#အစ္စရေး
#အီရန်
#ဂျေရုဆလင်
#စွမ်းအားပြင်းဒုံးကျည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now