မဲခေါင်၊ ဇွန် ၃
ဘန်ကောက်မြို့ သောင်ဂလိုနယ်မြေ ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သည့် တရုတ်နိုင်ငံသား ၂ဦး သွားလာနေထိုင်ပုံ မသင်္ကာဖွယ်ရာအခြေအနေဖြစ်သောကြောင့် သတင်းပေးမှုအရ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနခွဲ ၁ မှ စောင့်ကြည့် ဖမ်းဆီးခဲ့ရာ တစ်ဦးမှာ ပတ်စ်ပို့တ်ရှိသော်လည်း နေထိုင်ခွင့် သက်တမ်းကျော်နေသည်မှာ ၂ လ ရှိသဖြင့် ဖမ်းဆီးခဲ့ပြီးနောက်တစ်ဦးမှာ တရုတ်တွင် ငွေယွမ် ၂ . ၅ သန်း (ဘတ် ၁၂ သန်းကျော်) လိမ်လည်ကာ ဖမ်း၀ရမ်းခံထားရသည့် တရားခံပြေးဖြစ်ကြောင်း သိရှိရသည်။
အသက် ၃၀ အရွယ် ရှောင်ယိုအမည်ရ အမျိုးသားသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်မှုဖြင့် အရေးယူခံရမည်ဖြစ်ကာ ၂၉ နှစ်အရွယ် ဒါလီယူဆိုသည့် တရုတ်အမျိုးသားမှာမူ Guizhou ပြည်နယ် သားဖြစ်ကာ ၂၀၂၃ ခုနှစ်က တရုတ်ပြည်တွင်း၌ အရက်ဖြန့်ဖြူးသည့် စီးပွားရေးလုပ်ငန်းအကြောင်းပြ ကာ အများသူငှာဆီမှ ယွမ် ၂.၅ သန်း လိမ်လည်ပြီး ဖမ်း၀ရမ်းထုတ်ခံခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။
ဒါလီယူသည် ယူနန်ပြည်နယ်မှ လာအိုသို့ ရွှေတြိဂံဇုန်မှ ဝင်ရောက်လာခဲ့ပြီး ထိုမှတစ်ဆင့် ထိုင်းသို့ ခိုးဝင်ကာ ဖမ်းဆီးခံရစဉ် ပတ်စ်ပို့တ်ပျောက်ဆုံးနေသည်ဟု ဆင်ခြေပေးသော်လည်း တရားဝင် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်သည့် မှတ်တမ်းမတွေ့ရသဖြင့် မေ ၃၈ ရက်တွင် ဖမ်းဆီးပြီးနောက် စစ်ဆေးရာမှာ တရုတ်အလိုရှိနေသော လူလိမ်ဖြစ်သည်ကို သိရှိခဲ့ရသည်ဟု လူဝန်မှုကြီးကြပ်ရေး ဌာနက ဇွန် ၁ ရက်တွင်း ရှင်းလင်း ထုတ်ပြန်သည်။
ကွန်ဒိုအနီးနေသူများက အဆိုပါ တရုတ်နိုင်ငံသား ၂ ယောက်သည် မူမမှန်ဘဲ အများသုံး ဓာတ်လှေကား ကို အသုံးပြုခဲပြီး သာမန်လှေကားမှသာ ဆင်သက်ကာ မရှိမဖြစ် အစားအသောက်များ ဆင်းဝယ်ခြင်း လုပ်လေ့ရှိကြောင်း၊ အများအားဖြင့် ဒလီဗာရီနှင့် အစားအသောက်မှာစားနေသည်မှာ ၂ လ ကျော်ရှိနေ ပြီး မရိုးသားသည့်အနေအထားကို ပြည်သူမှ သတင်းပေးသဖြင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ များ ထိုသို့ မသင်္ကာဖွယ်ရာလူများတွေ့ရှိလျှင် အရေးပေါ် တိုင်ကြားဖုန်းနံပါတ်သို့ ဆက်သွယ်တိုင်ကြား ရန် လူဝန်မှုကြီးကြပ်ရေး ဌာနခွဲ (၁) က ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#တရုတ်နိုင်ငံသား
#ဘန်ကောက်
#ရွှေတြိဂံဒေသ
#ယူနန်ပြည်နယ်








