ကမ္ဘာ့သတင်း

ယူကရိန်း FPV ဒရုန်း ၁၁၇ စင်း အနီးကပ် တိုက်ခိုက်မှုကြောင့် ရုရှားလေတပ်စခန်း ၄ ခုမှ လေယာဉ်အစီး ၄၀ အနည်းဆုံးပျက်စီးပြီး ဆုံးရှုံးမှု ဒေါ်လာ ၁ . ၅ ဘီလီယံရှိခဲ့

မဲခေါင် 3 Jun - 2025
မဲခေါင်၊ ဇွန် ၃ ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့ SUB မှ အထူလျှို့ဝှက်စစ်ဆင်ရေးအဖြစ် ၁၈ လ အချိန်ယူပြီး ရုရှား ပြည်တွင်း ပစ်မှတ်များ အနီးအထိ ယူကရိန်းထုတ် FPV ဒရုန်းအစင်းပေါင်း ၁၁၇ စင်းကို ကုန်တင်ကားများဖြင့် သယ်ဆောင်ကာ ရုရှားလေတပ်အခြေစိုက် စခန်းကြီး ၄ ခုကို တိုက်ခိုက်ရာ အနည်းဆုံး လေယာဉ် အစီး ၄၀ ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ဇွန် ၁ ရက်နေ့တွင် ရုရှားလေတပ်၏ ဗုံးကြဲလေယာဉ်များပင်မလေဆိပ်ဖြစ်သော မာမန့်စ်ဒေသ အိုလီညာ လေတပ်စခန်း၊ ယူကရိန်းနယ်စပ်မှ မိုင် ၂၅၀၀ အကွာတွင်ရှိသော ဆိုက်ဘေးရေးယားရှိ အာကူတက်ခ်အိုဘလက်စ် လေတပ်စန်း၊ မော်စကို အနီး အီဗန်နိုဗိုနှင့်ဒီယက်ဟီလီဗို

မဲခေါင်၊ ဇွန် ၃

ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့ SUB မှ အထူလျှို့ဝှက်စစ်ဆင်ရေးအဖြစ် ၁၈ လ အချိန်ယူပြီး ရုရှား ပြည်တွင်း ပစ်မှတ်များ အနီးအထိ ယူကရိန်းထုတ် FPV ဒရုန်းအစင်းပေါင်း ၁၁၇ စင်းကို ကုန်တင်ကားများဖြင့် သယ်ဆောင်ကာ ရုရှားလေတပ်အခြေစိုက် စခန်းကြီး ၄ ခုကို တိုက်ခိုက်ရာ အနည်းဆုံး လေယာဉ် အစီး ၄၀ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဇွန် ၁ ရက်နေ့တွင် ရုရှားလေတပ်၏ ဗုံးကြဲလေယာဉ်များပင်မလေဆိပ်ဖြစ်သော မာမန့်စ်ဒေသ အိုလီညာ လေတပ်စခန်း၊ ယူကရိန်းနယ်စပ်မှ မိုင် ၂၅၀၀ အကွာတွင်ရှိသော ဆိုက်ဘေးရေးယားရှိ အာကူတက်ခ်အိုဘလက်စ် လေတပ်စန်း၊ မော်စကို အနီး အီဗန်နိုဗိုနှင့်ဒီယက်ဟီလီဗို လေတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယူကရိန်း စစ်ထောက်လှမ်းရေးအဖွဲ့သည် FPV ဒရုန်းများကို ညစဉ် ညတိုင်း ယူကရိန်းနိုင်ငံ လေယာဉ်ကွင်းများတွင် ဉာဏ်ရည်တု (AI) စနစ် ထည့်သွင်းလေ့ကျင်ပြီး အနီး ကပ်မှာ ဒရုန်းများ အရှိန်ဖြင့် ပစ်မှတ်များကို အသေခံဒိုင်ဗင်ထိုး တိုက်ခိုက်တတ်ရန် လေ့ကျင့်ခိုင်းစေခဲ့ ကြောင်း၊ ဒရုန်းများကို သစ်သားကွန်တိန်နာ အိမ်များထဲ ထည့်သွင်းကာ ၏ပစ်မှတ် လေဆိပ်များ အနီး ကုန်ကားများမောင်းသွားပြီးမှ ယခုလို တိုက်ခိုက်ခြင်းဖြစ်သောကြောင့် လေကြောင်းရန်ကာကွယ် ရေးစနစ်လည်း မကာကွယ်နိုင်ဘဲ ရုရှားအတွက် ပျက်စီးဆုံးရှုံးမှု တန်ကြေး ဒေါ်လာ ၁ . ၅ ဘီလီယံ ရှိခဲ့ သည်ဟု ယူကရိန်းထောက်လှမ်းရေးဘက်မှ သုံးသပ်ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်မှုတွင် ကုန်ကားမောင်းသူတစ်ဦးကို ဖမ်းမိခဲ့ရာတွင် ၎င်းကိုယ်တိုင် ကွန်တိန်နာအတွင်း FPV ဒရုန်းများ ပါဝင်ကြောင်းမသိသလို ပစ်မှတ်ရောက်ချိန် အလိုအလျှောက် ဒရုန်းများ သစ်သားကွန်တိန် နားများမှ ပျံတက်ပြီး တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပျက်စီးသွားသော ရုရှားလေယာဉ်များထဲတွင် ယူကရိန်းမြေပေါ် နေ့စဉ် ဗုံးကြဲနေသည့် တာဝေး ဗုံးကျဲလေယာဉ် Tu-22M3 များ၊ Tu-95 ဗုံးကျဲလေယာဉ်များ၊ တစ်စီး ပေါင်းသန်း ၂၆၀ တန် လေကြောင်းကြိုတင်သတိပေးခြင်းနှင့် ထိန်းချုပ်မှုစနစ် (AWACS) သုံး A-50 ကင်းထောက်လေယာဉ် များပါဝင်ပြီး ထိုမဟာဗျူဟာမြောက် လေယာဉ်များသည် ဆိုဗီယက်ပြိုကွဲပြီးနောက် ယခုအထိ ရုရှားတစ်စီမှ အသစ်ထပ်မံထုတ်လုပ်နိုင်ခြင်းမရှိသည့် လေယာဉ်များဖြစ်သည့်အတွက် ပူတင်အတွက် အဆိုးရွားဆုံး ရှုံးနိမ့်မှုကြီး ဖြစ်ခဲ့သည်။

ရုရှားလော်ဘီမီဒီယာများကိုယ်တိုင်ကပင် ရုရှား ပုလဲဆိပ်ကမ်း ဗုံးကြဲခံရခြင်းဟု ညည်းတွား သုံးသပ်ကြပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သောကြောင့် နျူကလီးယား လက်နက်ဖြင့် တုံ့ပြန်ရမည်ဟု သွေးထိုးလှုံ့ဆော်နေကြသည်။

ယူကရိန်းသမ္မတ ဇီလန်းစကီးကမူ တန်ဖိုးနည်းလွန်းသော ဒရုန်းလေးများဖြင့် ယခုကဲ့သို့ ရုရှား နိုင်ငံ အတွင်းပိုင်း အဝေးဆုံးအကွာအဝေးအထိ တိကျစွာ တိုက်ခိုက်နိုင်မှုမှာ သမိုင်းတွင်သော ရလဒ်၊ တိကျ ထိရောက်ဆုံးသော တိုက်ခိုက်မှုဖြစ်ကာ ထို့အတွက် ၁ နှစ်၊ ၆ လ နှင့် ၉ ရက်ကြာ စီစဉ်မှု အောင်ပွဲဟု ကြုံးဝါး ထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#FPVဒရုန်း
#ဗုံးကြဲလေယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now