နေ့စဥ်သတင်း

ကလောတွင် ရပ်ထားသည့် တွဲကားကားနောက်ပိုင်းကို ဒို့ညီနောင်မှန်လုံယာဉ်ဝင်တိုက်၊ ယာဥ်အကူ ဒဏ်ရာပြင်း

မဲခေါင် 26 May - 2025
မဲခေါင်၊ မေ၂၆ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့မှာ ရပ်ထားသည့် ကုန်တင်ကားကို ဒို့ညီနောင်မှန်လုံယာဥ်မှ ဝင်တိုက်သဖြင့် ယာဥ်အကူ ဒဏ်ရာပြင်းထန်စွာရရှိကြောင်း ဒေသခံများထံက သိရသည်။ ယမန်နေ့မေလ ၂၅ရက်ည ၁၁နာရီခန့်တွင် ကလောတိုးဂိတ်အကျော် Lucky7 ဆီဆိုင် ရှေ့တွင်ရပ်ထားသည့် တွဲကားနောက်ပိုင်းကို ဒို့ညီနောင်မှန်လုံယာဥ်က တည့်တည့်ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ “ဒရိုင်ဗာက မူးနေတာ၊ လေပေါင်ကျလို့ရပ်ထားတဲ့တွဲကားကို နောက်က တည့်ဝင်တိုက်တာ၊ သူကခြေထောက်လောက်ပဲထိပြီး စပယ်ယာက ဒဏ်ရာတွေပြင်းတယ်၊ စိုးရိမ်ရတယ်”ဟု လူမှုကူညီသူတစ်ဦးက မဲခေါင်ကို ပြောသည်။ ဒို့ညီနောင်မှန်လုံယာဥ်မှာ လွန်ခဲ့သည့် ၄ရက်က ရေယားနားတွင်ကားပျက်သဖြင့် ပြင်ဆင်ရာမှ ယမန်နေ့က ပြင်ဆင်ပြီးဖြစ်၍ တောင်ကြီးဘက်အပြန် ယာဥ်ပေါ်တွင် ဒရိုင်ဘာ၊ စပယ်ယာနှင့်စက်ပြင်တို့ ၃ဦးသာ ပါရှိလာစဥ် ယာဥ်တိုက်မှုဖြစ်ခြင်းဖြစ်သည်။ ယာဥ်တိုက်မှုကြောင့်

မဲခေါင်၊ မေ၂၆

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့မှာ ရပ်ထားသည့် ကုန်တင်ကားကို ဒို့ညီနောင်မှန်လုံယာဥ်မှ ဝင်တိုက်သဖြင့် ယာဥ်အကူ ဒဏ်ရာပြင်းထန်စွာရရှိကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့မေလ ၂၅ရက်ည ၁၁နာရီခန့်တွင် ကလောတိုးဂိတ်အကျော် Lucky7 ဆီဆိုင် ရှေ့တွင်ရပ်ထားသည့် တွဲကားနောက်ပိုင်းကို ဒို့ညီနောင်မှန်လုံယာဥ်က တည့်တည့်ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ဒရိုင်ဗာက မူးနေတာ၊ လေပေါင်ကျလို့ရပ်ထားတဲ့တွဲကားကို နောက်က တည့်ဝင်တိုက်တာ၊ သူကခြေထောက်လောက်ပဲထိပြီး စပယ်ယာက ဒဏ်ရာတွေပြင်းတယ်၊ စိုးရိမ်ရတယ်”ဟု လူမှုကူညီသူတစ်ဦးက မဲခေါင်ကို ပြောသည်။

ဒို့ညီနောင်မှန်လုံယာဥ်မှာ လွန်ခဲ့သည့် ၄ရက်က ရေယားနားတွင်ကားပျက်သဖြင့် ပြင်ဆင်ရာမှ ယမန်နေ့က ပြင်ဆင်ပြီးဖြစ်၍ တောင်ကြီးဘက်အပြန် ယာဥ်ပေါ်တွင် ဒရိုင်ဘာ၊ စပယ်ယာနှင့်စက်ပြင်တို့ ၃ဦးသာ ပါရှိလာစဥ် ယာဥ်တိုက်မှုဖြစ်ခြင်းဖြစ်သည်။

ယာဥ်တိုက်မှုကြောင့် ဒရိုင်ဘာကိုမင်းမင်းဦး မှာခြေထောက်ထိဒဏ်ရာ (မစိုးရိမ်ရ)၊ ယာဉ်အကူ ကိုဖြိုးကြီး ခြေထောက်နှစ်ဖက်လုံးကျိုးပေါက်ပြဲ၊ ခေါင်းကွဲ၊ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ) များရရှိကာ စက်ပြင်မှာမူ မည်သည့်ဒဏ်ရာမျှမရ
ကြောင်း သိရသည်။

လူနာများကို ကလောဆေးရုံသို့ ပို့ဆောင်ထားပြီး စပယ်ယာမှာ ဒဏ်ရာပြင်းသဖြင့် ICU ခန်းတွင် ကုသနေရကြောင်းသိရသည်။

မဟာ
#MeKongNews
#ကလောမြို့နယ်
#ယာဉ်တိုက်မှု
#ဒို့ညီနောင်ယာဉ်လိုင်း
#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now