နေ့စဥ်သတင်း

နမ့်ခုတ်၊ မယ်ဆိုင်နှင့်မဲခေါင်မြစ် ညစ်ညမ်းမှုကြောင့် မြန်မာဘက်မြစ်ညှာမှ မိုင်းတွင်းများ ပိတ်သိမ်းရန် ထိုင်းနိုင်ငံ နီဝပ် လူ့အဖွဲ့အစည်း ဆန္ဒပြ

မဲခေါင် 26 May - 2025
မဲခေါင်၊ မေ ၂၆ ထိုင်းလူမျိုးများအတွက် အရေးပါသော နမ့်ခုတ်၊ မယ်ဆိုင်နှင့် မဲခေါင်မြစ်များအတွင်း မြန်မာဘက် သတ္တုမိုင်းတွင်းများမှ ရေဆိုးများ ပျော်ဝင်ညစ်ညမ်းနေရာ ထိုမိုင်းတွင်းများကို ပိတ်သိမ်းရန် ထိုင်း၊ မြန်မာ၊ တရုတ်အစိုးရနှင့် “၀” တပ် UWSA တို့ကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုက ဦးဆောင် ဆန္ဒပြခဲ့ကြသည်။ မေ ၂၄ ရက်တွင် ထိုင်းအရပ်ဘက်လူ့အဖွဲ့အစည်းဖြစ်သော သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ရက် Rak Chiang Khong မှ ချင်းရိုင်ခရိုင် တန်းနှင့်ခွန်ဥယျာဉ်ရှေ့မျက်နှာစာ၌ အဆိုပါ မြစ်များ၏ ဂုဏ်ဒြပ်နှင့် ပိုင်ရာဆိုင်ရာများကို ပူဇော်ပသသည့် ရိုးရာ ပူဇော်ပွဲများကျင်းပကာ မြန်မာဘက် မြစ်ညှာ ပိုင်းမှ မိုင်းတွင်းများ ပိတ်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

မဲခေါင်၊ မေ ၂၆

ထိုင်းလူမျိုးများအတွက် အရေးပါသော နမ့်ခုတ်၊ မယ်ဆိုင်နှင့် မဲခေါင်မြစ်များအတွင်း မြန်မာဘက် သတ္တုမိုင်းတွင်းများမှ ရေဆိုးများ ပျော်ဝင်ညစ်ညမ်းနေရာ ထိုမိုင်းတွင်းများကို ပိတ်သိမ်းရန် ထိုင်း၊ မြန်မာ၊ တရုတ်အစိုးရနှင့် “၀” တပ် UWSA တို့ကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုက ဦးဆောင် ဆန္ဒပြခဲ့ကြသည်။

မေ ၂၄ ရက်တွင် ထိုင်းအရပ်ဘက်လူ့အဖွဲ့အစည်းဖြစ်သော သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ရက် Rak Chiang Khong မှ ချင်းရိုင်ခရိုင် တန်းနှင့်ခွန်ဥယျာဉ်ရှေ့မျက်နှာစာ၌ အဆိုပါ မြစ်များ၏ ဂုဏ်ဒြပ်နှင့် ပိုင်ရာဆိုင်ရာများကို ပူဇော်ပသသည့် ရိုးရာ ပူဇော်ပွဲများကျင်းပကာ မြန်မာဘက် မြစ်ညှာ ပိုင်းမှ မိုင်းတွင်းများ ပိတ်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

Rak Chiang Khong အဖွဲ့ ဥက္ကဌ Niwat Roykaew က GISTDA ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ မြန်မာဘက်ခြမ်း “၀” တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း ၂ နှစ်အတွင်းမှာပင် တရုတ်အများစုပိုင်သော ရွှေမိုင်း၊ မြေရှားသတ္တုမိုင်းလုပ်ကွက်များ တိုးပွားလာကြောင်း၊ လုပ်ကွက်များသည် နိုင်ငံတကာ သတ္တုတူးဖော်မှု စံနှုန်းများကိုလည်း မလိုက်နာဘဲ ၂၀၂၄ ခုနှစ် မိုးရာ သီအတွင်း သက်ဆိုင်ရာမြစ်များအတွင်း ပျော်ဝင်အဆိပ်သင့်စေသည့် ရွှေမိုင်းစွန့်ပစ် ဓာတုပစ္စည်း ပမာဏ မည်မျှ များပြားကွဲပြားနေသည်ကိုပင် မသိနိုင်လောက်အောင် ဖြစ်ခဲ့ရကြောင်း ပြောသည်။

ရေစီးကြောင်းများတွင် အာဆင်းနစ်အက်ဆစ်ဓာတ်များနှင့် အခြားသော အကြီးစားသတ္တုဓာတ်များ ပျော်ဝင်မှုပမာဏ များပြားလာသည့်အတွက် မြစ်အောင်ပိုင်းနေ ထိုင်းပြည်သူများ အကျိုးစီးပွားသာမက အသက် အန္တရာယ်ပင်ရှိလာစေကြောင်း၊ ငါးများတွင် အနားများပေါက်သဖြင့် ထိုမြစ်များထဲမှ ဖမ်းယူသည့် ငါးများကို မဝယ်တော့ခြင်း၊ စားသောက်ဆိုင်လုပ်ငန်းများတွင်လည်း မသုံးတော့ကြောင်း၊ ဟိုတယ်လုပ်ငန်းများတွင်လည်း အဆိပ်မသင့်စေသော ဘေးကင်းရေဖြစ်စေရေး စစ်ဆေးမှုများ အလွန်လုပ် နေရသဖြင့် စီးပွားနစ်နာမှုများစွာဖြစ်နေကြောင်း၊ ထို့ကြောင့် အမြန်ဆုံး စည်းကမ်းမဲ့ မြန်မာဘက် ခြမ်းမှ ရွှေမိုင်းလုပ်ကွက်များ ပိတ်သိမ်းရန် သက်ဆိုင်ရာ မြန်မာ၊ ထိုင်းနှင့်တရုတ်အစိုးရ၊ နယ်မြေ ထိန်းချုပ်ထားသည့် ၀ တပ်တို့ မိုင်းတွင်းများကို ပိတ်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းက ဟောပြောသွားခဲ့သည်။

လာမည့် ဇွန် ၅ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင်လည်း အရပ်ဘက် လူ့ဘက်အဖွဲ့အစည်း များစွာ မြန်မာဘက်မှ မိုင်းတွင်းများ ပိတ်သိမ်းရေး ထောက်ခံလက်မှတ်ကောက်ခံပွဲနှင့်အတူ ကျောင်းသားပြည် သူများပါ ပါဝင်ကာ နမ့်ခုတ်မြစ်တံတားအထိ လမ်းလျှောက် ဆန္ဒပြရန် စီစဉ်ကြောင်းပါ ထည့်သွင်းကြေညာသွားခဲ့သည်။

ကိုကလင်း
Ref:The Nation
#MeKongNews
#ရွှေမိုင်း
#ထိုင်းနိုင်ငံ
#အဆိပ်သင့်
#မဲဲခေါင်မြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now