မဲခေါင်၊ မေ၂၄
တိုက်ပွဲများ နေ့စဥ်လိုပြင်းထန်နေသည့် မိုး ဗြဲမြို့တွင် ဒေသဗျုဟာ အမှတ်(၂)လှုပ်ရှားနယ်မြေမှ လက်လွတ်လိုက်ရသည့် ရှေ့ကာကင်းနေရာတချို့ကို မိုးဗြဲ Local PDF၊ ဒီးမော့ဆို Local PDF၊ KNA၊ KNDF တို့ပူးပေါင်းပြီး မေလ၂၃ရက်တွင် ပြန်လည်ခြေကုပ် ရယူနိင်ခဲ့သည်ဟု Mobye People Defense Force – Local PDFပြန်ကြားရေးက ယနေ့ မေလ ၂၄ရက်တွင် ပုံများနှင့်တကွ ထုတ်ပြန်သည်။
ထိုသို့ တော်လှန်ရေးတပ်များ ပြန်လည်ခြေကုပ်တက်ယူနေပြီးနောက် စစ်ကောင်စီဘက်က စနိုက်ပါနှင့် ချောင်းမြောင်းပစ်ခတ်သဖြင့် Mobye Local PDF ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပြန်ကြားရေးတာဝန်ရှိသူက မဲခေါင်ကိုပြောသည်။
“ဟုတ် အခြေအနေကတော့ အဆုတ်ထိသွားတာပေါ့ နည်းနည်းတော့စိုးရိမ်ရတာပေါ့။ နေ့စဉ်နေ့တိုင်း တိုက်ပွဲဖြစ်နေတုန်းပဲ။ ကျနော်တို့ Dmo Local၊ Mobye Local၊ KNA၊ KNDF တို့ဆက်လက်ခုခံနေဆဲပဲ။ မိဘပြည်သူများအနေနဲ့ အသွားအလာဂရုစိုက်ဖို့နဲ့ တိုက်ပွဲရက်တိုင်းရှိတော့ ခဲယမ်းတစ်ချို့နဲ့ စာနပ်ရိက္ခာလိုအပ်တာပေါ့” ဟု ၎င်းက ပြောသည်။
ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ကာကင်းနေရာများကို လုံခြုံရေးအရ ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မိုးဗြဲ Local PDF က ပြောသည်။
စစ်ကောင်စီက လက်နက်ကြီး များရမ်းသမ်းပစ်သောကြောင့် လူနေအိမ်တစ်ချို့ မီးလောင်ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။
ရှမ်းတောင်နှင့်ကရင်နီနယ်စပ် မိုး ဗြဲ၊ ဖယ်ခုံနှင့် ညောင်ရွှေမြို့နယ်တောင်ဘက်ပိုင်းကို စစ်ကောင်စီနှင့် PNO ပြည်သူစစ် ခန့်မှန်းအင်အား ၆၀၀ နှင့်မေလ ၁၆ရက်ကစပြီး ထိုးစစ်ဆင် နေရာ လေကြောင်းပစ်ကူ၊ လက်နက်ကြီး၊ ဒရုန်းအမြောက်အများဖြင့် ယနေ့အထိ တိုက်ခိုက်နေဆဲဖြစ်သည် ဟု Mobye Local PDF က ပြောကြားသည်။
မဟာ
#MeKongNews
#မိုးဗြဲ
#ရှေ့ကာကင်း
#LoikawLocalPDF
#MobyeLocalPDF








