နေ့စဥ်သတင်း

မြန်မာနိုင်ငံတွင် အပြာကား လာရောက်ရိုက်ကူးသည့် တရုတ်နိုင်ငံသားများကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၃၀ ချ

မဲခေါင် 23 May - 2025
မဲခေါင်၊ မေ ၂၃ မြန်မာနိုင်ငံတွင် အမျိုးသမီးစုံတွဲများဖြင့် အပြာကားရိုက်ကူးကာ Live လွင့်ကာ အကျိုးအမြတ်ရှာခဲ့သည့် တရုတ်နိုင်ငံသား ၃ဦး အပါအဝင် လူလေးဦးကို အလုပ်နှင့်ထောင်ဒါဏ် နှစ် ၃၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း စစ်ကောင်စီက မေလ ၂၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် ညစ်ညမ်း(အပြာ) ကားရိုက်ကူးထုတ်လွင့်မှုအတွက် ထောင်ဒါဏ် နှစ် ၃၀ ချမှတ်မှုသည် သမိုင်းတလျှောက် အမြင့်ဆုံး ထောင်ဒါဏ်ချမှတ်မှု ဖြစ်လာပြီး ၎င်းတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေအရ ထောင်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင် ပဒံကျေးရွာ ရွှေကမ်းသာယာအိမ်ရာ Block 84 ၊တိုက်အမှတ် ၅ တွင် တရုတ်နိုင်ငံသားများ ဖြစ်သည့်

မဲခေါင်၊ မေ ၂၃

မြန်မာနိုင်ငံတွင် အမျိုးသမီးစုံတွဲများဖြင့် အပြာကားရိုက်ကူးကာ Live လွင့်ကာ အကျိုးအမြတ်ရှာခဲ့သည့် တရုတ်နိုင်ငံသား ၃ဦး အပါအဝင် လူလေးဦးကို အလုပ်နှင့်ထောင်ဒါဏ် နှစ် ၃၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း စစ်ကောင်စီက မေလ ၂၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ညစ်ညမ်း(အပြာ) ကားရိုက်ကူးထုတ်လွင့်မှုအတွက် ထောင်ဒါဏ် နှစ် ၃၀ ချမှတ်မှုသည် သမိုင်းတလျှောက် အမြင့်ဆုံး ထောင်ဒါဏ်ချမှတ်မှု ဖြစ်လာပြီး ၎င်းတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေအရ ထောင်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင် ပဒံကျေးရွာ ရွှေကမ်းသာယာအိမ်ရာ Block 84 ၊တိုက်အမှတ် ၅ တွင် တရုတ်နိုင်ငံသားများ ဖြစ်သည့် အသက် ၃၉နှစ်အရွယ် Mr.Wang Shaohua၊ အသက် ၃၇နှစ်အရွယ် Mr.Yung Kun၊ အသက် ၂၉နှစ်အရွယ် Mr.Zeng Yuan တို့နှင့် မြန်မာနိုင်ငံသားဖြစ်သည့် အသက် ၃၂နှစ်အရွယ် မအဲလစ်စ် (ခ) နော်မူးရှီးဖော (ခ) ကျဲကျဲ တို့က မြန်မာအမျိုးသမီး စုံတွဲ ၄တွဲတို့ လိင်ဖျော်ဖြေရေးဗီဒီယို ရိုက်ကူး Live လွင့်ကာ အကျိုးအမြတ်ရှာဖွေခဲ့ကြသည် ဟု ဆိုသည်။

ရရှိသည့် အကျိုးအမြတ်ကိုလည်း ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ရသဖြင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ရဲစခန်း (ပ)၈၇၆/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈ (က)(ခ) တို့ဖြင့် အမှုရေးဖွင့် တရားစွဲခဲ့ပြီး အင်းစိန်ခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် မေလ ၂၀ ရက်နေ့တွင် တရားခံ ၄ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈ (က) အရအလုပ်နှင့် ထောင်ဒါဏ် နှစ် ၂၀ စီ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈ (ခ) အရ အလုပ်နှင့် ထောင်ဒါဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ အပြာကားရိုက်ကူးကာ Live လွင့်ထုတ် ‌အကျိုးအမြတ်ရှာသည့် ဖြစ်စဉ်တွင် ပါဝင်နေသူ တစ်ဦး ဖြစ်သည့် တိမ်းရှောင် တရားခံ မ သူသူရှိန်ကိုလည်း ရာဇာဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့သည်။

လူသတ်မှု ၃၀၂ (၁)အတွက် ‌ပြစ်ဒါဏ်ပင်လျှင် ထောင်ဒါဏ် ၁၀ နှစ်၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုအတွက် အမြင့်ဆုံး ထောင်ဒါဏ် နှစ် ၂၀ ချမှတ်နေချိန် ညစ်ညမ်းဗီဒီယို ရိုက်ကူးထုတ်လွင့်ရောင်းချမှုအတွက် ထောင်ဒါဏ် နှစ် ၃၀ ချမှတ်မှုသည် အမြင့်ဆုံး ပြစ်ဒါဏ် ချမှတ်မှုဟု ဆိုနိုင်သည်။

ဖေသန်း
#MeKongNews
#တရုတ်နိုင်ငံသား
#လူကုန်ကူး
#လိင်ဖျော်ဖြေရေးဗီဒီယို
#အင်းစိန်ခရိုင်တရားရုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now