မဲခေါင်၊ မေ ၂၃
ရွှေတြိဂံနယ်မြေနှင့် ကပ်လျှက်ရှိနေသော လာအိုနိုင်ငံ၊ ဘော်ကီယိုခရိုင်၊ နမ့်ခမ်း စစ်ဆေးရေးဂိတ်တွင် ၂၂ ဘီးကားထဲ အံဝှက်လုပ်ကာ သယ်ဆောင်လာသည့် ၉၉၉ အမှတ်တံဆိပ် WY ဆေးပြား ၁၉၅ သိန်းကို မေ ၁၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းမယ်ဆိုင်သတင်းဌာနက မေ ၂၃ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
တာချီလိတ်နှင့် ချင်းရိုင်ခရိုင်၊ ရင်ခွန်းခရိုင်ခွဲတို့နှင့် ကပ်လျှက်ရှိသည့် တွန်ဖန်းသို့ ဟွေ့ဆိုင်မှ မောင်းနှင်လာသော ကားကို စစ်ဆေးရာ ၂၃ နှစ်အရွယ် ယာဉ်မောင်း တွန်ဖေးဝှမ်ဆိုသူကိုပါ ဖမ်းမိပြီး ၎င်းသည် လောင်ပရာဘတ်ခရိုင် ဘန်ဖွန်ဆာဝမ်အရပ်၌ နေထိုင်သော မုန်းလူမျိုးဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော ဆေးပြားများမှာ စုစုပေါင်း ၂၁၈၄ ကီလိုဂရမ်ရှိပြီး တစ်အိတ်လျှင် အလုံး ၂၀၀၀ ပါ ၇၈ အိတ်ကို ကားတွင်း နံရံအံဝှက်များထဲ လျှို့ဝှက်သယ်ဆောင်လာခြင်းဖြစ်သည်ဟု လာအိုဘိုခဲရို ရဲတပ်ဖွဲ့က မေ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကိုကလင်း
Ref: MAESAIPRESS
#MeKongNews
#စိတ်ကြွဆေးပြား
#မူးယစ်ဆေးဝါး
#လာအိုနိုင်ငံ
#ရွှေတြိဂံဒေသ
#မုန်းလူမျိုး








