မဲခေါင်၊ မေ ၂၂
ချွန်ဘူရီခရိုင် ပတ္တရာတွင် တရုတ်နိုင်ငံသားကျားဖြန့် ဒုစရိုက်ကွန်ရက် ထူထောင်သူ ၁၅ ယောက်အတွက် ထိုင်းဘဏ်စာရင်းအကောင့်များ ဖွင့်လစ်ပေးသော ဘဏ်မန်နေဂျာနှင့်ဝန်ထမ်း ၄ ဦး အပါ သံသယတရားခံ ၁၁ ဦးကို မေ ၂၁ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၅ မတ်လဆန်းပိုင်းက တရုတ်မှ ခရီးသွားဗီဇာဖြင့်ဝင်လာသည့် ကျားဖြန့်ရာဇဝတ်သား တရုတ် ၁၅ ယောက်အတွက် ဘဏ်စာရင်းများဖွင့်ပေးရာတွင် တော်ဝင်ထိုင်းရဲတပ်ဖွဲ့၊ ရာဇဝတ်မှုနှိမ်နင်းရေး နည်းပညာစင်တာ ညွှန်ကြားရေးမှူး ရဲချုပ် သက်ချိုင်၏ စစ်ဆင်ရေးညွှန်ကြားမှုအရ စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ရာ ပတ္တရားရှိ ဘဏ်မန်နေဂျာနှင့် ဘဏ်ဝန်ထမ်း ၄ ယောက်၊ စကားပြန် ၂ ယောက်နှင့် ပူးပေါင်း ကြံစည်သည်ဟု သံသယရှိသူ ထိုင်းနိုင်ငံသား ၅ ယောက်၊ စုစုပေါင်း ၁၁ ယောက်ကို ဖမ်းဆီးခဲ့သည်ဟု တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲလုပ် ထုတ်ပြန်ခဲ့သည်။
ယင်းထိုင်းကျားဖြန့်သမား ၁၅ ယောက် နိုင်ငံအတွင်းမှ ထွက်ပြေးသွားကြပြီဖြစ်သော်လည်း ၎င်းတို့ လိမ်လည်ခဲ့သည်များကို စုံစမ်းဖော်ထုတ်ရာ ဘဏ်စာရင်း ၁၅ ခုတွင် ငွေလက်ခံရရှိမှု ဘတ် ၁၁၈ သန်း ရှိကြောင်း၊ ထိုထဲမှ ဘတ် ၉၁ သန်းကို ထုတ်ယူပြီးဖြစ်ကာ ကျန်ငွေများကိုမူ သိမ်းဆည်းရမိခဲ့ကြောင်း၊ သိရှိရသလောက် ကျားဖြန်ငွေလိမ်ငွေများနှင့်ပတ်သက်သည့် ဘဏ်အကောင့်ပေါင်း ၁၀၆ ခု ရှိနေကာ နိုင်ငံတစ်ဝန်း လိမ်လည်မှု ၂၀၈၄ မှု ကျူးလွန်ခဲ့ကာ စုစုပေါင်း ဆုံးရှုံးမှုပမာဏသည် ဘတ် ၂.၂ ဘီလီယံအထိ ရှိခဲ့သည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#ထိုင်းဘဏ်
#ချွန်ဘူရီ








