မဲခေါင်၊ မေ ၂၂
အာဖရိကတောင်ပိုင်း နမီးဘီးယားနိုင်ငံတွင် မော်ဒန်လူ့အဖွဲ့အစည်းအတွင်း ဝင်ရောက်ခြင်းမရှိဘဲ ခြံပုတ်လူသား လူရိုင်းများအဖြစ် ယနေ့တိုင် ရိုးရာကို ထိန်းသိမ်းထားသည့် မျိုးနွယ်စု Ju’ သို့မဟုတ် Hoansi မှ San မျိုးနွယ်ဝင် ကလေးငယ် ၃၃ ဦးကို သကြားလုံးပေးကာ လိင်အမြတ်ထုတ်သော အသက် ၆၅ နှစ်အရွယ် ဗြိတိန်တိုးရစ်ကို ဖမ်းဆီးခဲ့သည်။
ဂျာမန်နှင့် နမီးဘီးယားပူးပေါင်းအဖွဲ့အစည်းမှ ထူထောင်ထားသော သက်ရှိရိုးရာဖောင်ဒေးရှင်း နမီးဘီးယား(LCFN) သည် နမီးဘီးယားနိုင်ငံတွင် သက်ရှိ ရိုးရာအမွေအနှစ် ပြတိုက် ၇ ခု ဖွင့်လှစ်ထားရာ ဒေါက်ဂလက်ရောဘတ် ဘရွတ်ခ်ဆိုသော ဗြိတိန်သား ခရီးသွားသည် မေ ၁၅ ရက်နေ့က နမီးဘီးယားနိုင်ငံထဲသို့ ဝင်ရောက်လာကာ မြို့တော် ဝင်းဟုတ်ခ်မှ ၆ နာရီ ကားစီးပြီး San လူရိုင်းမျိုးနွယ်စု နေထိုင်ရာ ဂရက်ရှ်ဟုတ်ခ ပြတိုက်သို့ လာရောက်ခဲ့သည်။
ထိုလူရိုင်းအသိုင်းအဝိုင်းအတွင်း ဆယ်ကျော်သက် မိန်းကလေး ၁၆ ယောက်၊ ဆယ်ကျော်သက် ယောက်ျားလေး ၁၄ ယောက်၊ ပိုငယ်သော ကလေး ၃ ယောက်ကို သကြားလုံးပေးပြီး ရင်သားများ၊ အနောက်ဘက် တင်သားများကို ကိုင်တွယ်ခြင်း၊ အဝတ်အစားများချွတ်ခိုင်းကာ ၎င်း၏ မတော်ရာနေရာများကို ကိုင်တွယ်ခိုင်းခြင်း၊ မုဒိမ်းကျင့်ခြင်းအပါအဝင် လူမျိုးရေးခွဲခြားစော်ကားသည့် ရိုင်းစိုင်းသော ပြောဆိုမှုများ ပြုလုပ်ခြင်းကြောင့် ၂၀၁၅ ခုနှစ်တွင် ပြဌာန်းသည် နမီးဘီးယားကလေး သူငယ်များ စောင့်ရှောက်ကာကွယ်ရေး ဥပဒေဖြင့် စွဲချက် ၃၈ ခု တင်ကာ မေ ၁၈ ရက်တွင် ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချထားခဲ့သည်ဟု နမီးဘီးယားရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းခြုံပုတ်လူသား San မျိုးနွယ်စုများသည် ယနေ့အထိ မော်ဒန်လူသားကမ္ဘာထဲသို့ မဝင်ရောက်သေးဘဲ အမဲလိုက်ခြင်းဖြင့် အသက်မွေးကြကာ ဆယ်ကျော်သက် အပျိုများကို ငှက်သိုက်အကာ အဝတ်အစားများပေးဝတ်သော်လည်း ယနေ့အထိ အရွယ်ရောက်သူအမျိုးသမီးများစွာသည် ဝတ်လစ်ဆလစ် နေထိုင်ဆဲဖြစ်သည်။
နမီးဘီးယားတွင် San မျိုးနွယ်စု ၃၀၀၀၀ ရှိနေသေးပြီး ၂၀၀၀ ကျော်မှာ လူရိုင်းယဉ်ကျေးမှုအတိုင်း အမဲလိုက်နေထိုင်ဆဲဖြစ်ကာ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀၀၀ ကတည်းက ယဉ်ကျေးမှုအတိုင်း ဆက်လက်နေထိုင်နေသော လူမျိုးစုဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#နမီးဘီးယား
#ဗြိတိန်
#ခြုံပုတ်လူသား
#လူရိုင်းမျိုးနွယ်စု








