မဲခေါင်၊ မေ ၂၁
တရုတ်၏ ဖိအားပေးမှုကြောင့် ဖေဖော်ဝါရီလကတည်းက ထိုင်း – မြန်မာ နယ်စပ်၊ မြ၀တီမြို့ရှိ ကျားဖြန့်လုပ်ငန်းများမှ အလုပ်သမားများကို နေရပ်ပြန်ပို့ရေး စီစဉ်ခဲ့ရာ ယခုထိ မြ၀တီရှိ ထိုင်းနယ်စပ် ကျားဖြန့်ပြန်လုပ်သားများ ထိန်းသိမ်းရေးစခန်းတွင် ဗီယက်နမ် နိုင်ငံသား ၂၁၅ ဦး သောင်တင်နေကြောင်း သိရသည်။
RFA မီဒီယာမှ ယင်းစခန်းအတွင်း ပိတ်မိနေသော ဗီယက်နမ်သား ၂ဦးနှင့် မက်ဆေ့ချ် အက်ပလီကေးရှင်း Zalo မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဗီယက်နမ်သား ၂၁၅ ယောက်သည် ညစ်ပတ်စုတ်ပြတ်နေသော စခန်းအတွင်း နိုင်ငံသို့ ပြန်လည်ခေါ်ယူမည့်သူမရှိဘဲ ကြမ်းပြင်တွင် ဖျာခင်းအိပ်ကာ နေထိုင်ရကြောင်း၊ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးတွင် ထိုင်းရှိ ဗီယက်နမ်သံရုံးကိုယ်တိုင်က မတတ်နိုင်သောစျေးအဖြစ် တစ်ဦးလျှင် ဒေါင် ၁၃ သန်း (ဒေါ်လာ ၅၀၀) အထိ တောင်းဆိုပြီး မပေးနိုင်ကြသဖြင့် ကူးစက်ရောဂါများပင် ပျံ့နှံ့ကာ ညစ်ပတ်နေသော မြ၀တီ ထိန်းသိမ်းရေးစခန်း၌ သောင်တင် နေသည်ဟု ပြန်လည်ပြောဆိုကြောင်း၊ ဗီယက်နမ်နိုင်ငံ ဆွန်လ အရပ်နေထိုင်သူ အမျိုးသမီးက တုံ့ပြန် ပြောဆိုခဲ့သည်ဟု ဖော်ပြသွားခဲ့သည်။
ကျားဖြန့်လုပ်သားစုစုပေါင်း ၈၀၀၀ ကို တာဝန်ယူထိန်းသိမ်းထားခဲ့သည့် ကရင်နယ်ခြားစောင့်တပ် BGF သို့မဟုတ် KNA က ဗီယက်နမ် ၆၈၅ ယောက်ရှိရာ တရုတ်နိုင်ငံသားအများစုကို ပြန်ပို့ခဲ့ရာတွင် ဗီယက်နမ်မှ ၄၅၀ နေရပ်ပြန်သွားနိုင်ခဲ့ပြီး ၂၁၅ ယောက်မှာမူ ယခုအထိ ပြန်လည်ခေါ်ယူခြင်းမရှိသလို တာဝန်ရှိသူများက ဆက်လက်နေထိုင်ရမှုကြာလေ ဘန်ကောက်ရှိ ဗီယက်နမ်သံရုံးမှ တောင်းဆိုသည့် ပြန်ပို့ပေးရမည့် ငွေကြေးကောက်ခံမှု ပမာဏများလေ ဖြစ်နေကြောင်း၊ အသက်သာဆုံးမှာ ဒေါင် ၁၀ သန်း (၃၈၅ ဒေါ်လာ) မှ အများဆုံး ဒေါင် ၁၃ သန်း (ဒေါ်လာ ၅၀၀) အထိ ပေးနိုင်မှသာလျှင် ခေါ်ယူရန် စီစဉ်မည့်စာရင်းထဲပါဝင်နိုင်မည်ဟု ပြောဆိုနေကြကြောင်း ဆွန်လအရပ်နေထိုင်သူ ဗီယက်နမ် အမျိုးသမီးက ဖွင့်ဟခဲ့သည်။
ယင်းဒေါင် ၁၃ သန်းသည် ပုံမှန်လေယာဉ် စားရိတ်ဖြစ်ပြီး RFA က ဘန်ကောက်ရှိ ဗီယက်နမ်သံရုံးကို မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ။
ဗီယက်နမ်တွင် ထိပ်တန်း နိုင်ငံရေးပိုင်းခေါင်းဆောင်အပါ အစိုးရတာဝန်ရှိသူများသည် ကိုဗစ် -၁၉ ကပ်ဆိုးကာလက ပြည်ပမှာ ဗီယက်နမ်နိုင်ငံသားများကို ပြန်လည်ခေါ်ယူမှု အစီအစဉ်၌ ဒေါ်လာ ၇ . ၄ ဘီလီယံကို အကျင့်ပျက်ခြစားခဲ့ကြသဖြင့် ၂၀၂၃ ခုနှစ်တွင် ၅၄ ဦးကို တရားရုံးတင် ပြစ်ဒဏ်ချခဲ့မှုများ ရှိခဲ့ခြင်းက ယခုလို ဗီယက်နမ်ကျားဖြန်များကို အမိနိုင်ငံ ပြန်ခေါ်ရေး မူဝါဒများ ရှုပ်ထွေးနေစည်သည်ဟု ယူဆရကြောင်း သုံးသပ်မှုများ ရှိနေသည်။
ကိုကလင်း
Ref: eurasiareview
#MeKongNews
#ကျားဖြန့်
#ဗီယက်နမ်
#မြဝတီ
#ကရင်BGF








