နေ့စဥ်သတင်း

ထိုင်းတွင် နောက်ထပ်စစ်အာဏာသိမ်းမည်ကို ကြောက်ရွံ့နေရပြီဟု ရှပ်နီခေါင်းဆောင်ဟောင်းဖွင့်ဟ

မဲခေါင် 20 May - 2025
မဲခေါင်၊ မေ ၂၀ ထိုင်းနိုင်ငံတွင် အထက်လွှတ်တော် ရွေးကောက်ပွဲကျင်းပခဲ့ရာ၌ ငွေကြေးခဝါချပြီး မဲလိမ်၊ မဲဝယ်မသမာမှု စွပ်စွဲချက်များကြောင့် စစ်တပ်က အာဏာထပ်သိမ်းမည်ကို ကြောက်ရွံ့နေရပြီဟု ရှပ်နီခေါင်းဆောင်ဟောင်းလည်းဖြစ်၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီညီညွတ်ရေးတပ်ဦး – UDD ဥက္ကဌဟောင်း မစ္စတီဒါတာဝန်ဆိသ်က မေ ၁၉ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။ ယခင် ထိုင်းစစ်တပ်က ရွေးကောက်မခံရဘဲ အသင့်ခန့်ထားသည့် ကိုယ်စားလှယ်များသာ ကြီးစိုးထားသော ထိုင်းအထက်လွှတ်တော်သည် ပြီးခဲ့သည့်နှစ် ဇွန်လက နောက်ဆုံး မဲပေးရွေးချယ်မှုတွင် အမတ် ၉၂ ယောက်အထိ ငွေကြေးခဝါချခြင်းနှင့် တရာမဝင်မဲဝယ်၊ မဲမသမာမှုများလုပ်ဆောင်ခဲ့ကြောင်း အခိုင်အမာစွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ထိုပြဿနာကို အထက်လွှတ်တော်ကိုယ်စားလှယ်များဘက်က တရားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီး ၂ ယောက်စလုံးက မဲလိမ်မှုများလုပ်ဆောင်ရန်

မဲခေါင်၊ မေ ၂၀

ထိုင်းနိုင်ငံတွင် အထက်လွှတ်တော် ရွေးကောက်ပွဲကျင်းပခဲ့ရာ၌ ငွေကြေးခဝါချပြီး မဲလိမ်၊ မဲဝယ်မသမာမှု စွပ်စွဲချက်များကြောင့် စစ်တပ်က အာဏာထပ်သိမ်းမည်ကို ကြောက်ရွံ့နေရပြီဟု ရှပ်နီခေါင်းဆောင်ဟောင်းလည်းဖြစ်၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီညီညွတ်ရေးတပ်ဦး – UDD ဥက္ကဌဟောင်း မစ္စတီဒါတာဝန်ဆိသ်က မေ ၁၉ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

ယခင် ထိုင်းစစ်တပ်က ရွေးကောက်မခံရဘဲ အသင့်ခန့်ထားသည့် ကိုယ်စားလှယ်များသာ ကြီးစိုးထားသော ထိုင်းအထက်လွှတ်တော်သည် ပြီးခဲ့သည့်နှစ် ဇွန်လက နောက်ဆုံး မဲပေးရွေးချယ်မှုတွင် အမတ် ၉၂ ယောက်အထိ ငွေကြေးခဝါချခြင်းနှင့် တရာမဝင်မဲဝယ်၊ မဲမသမာမှုများလုပ်ဆောင်ခဲ့ကြောင်း အခိုင်အမာစွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ထိုပြဿနာကို အထက်လွှတ်တော်ကိုယ်စားလှယ်များဘက်က တရားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီး ၂ ယောက်စလုံးက မဲလိမ်မှုများလုပ်ဆောင်ရန် ဦးဆောင်စီစဉ်ခဲ့သည်ဟု တုံ့ပြန် ထုတ်ပြန်ခဲ့ကြသော်လည်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) အကြီးအကဲကို မကြာသေးမီရက်ပိုင်းက ရာထူးမှ အနားပေးပြီး ကာကွယ်ရေးဝန်ကြီး ဖမ်သမ်က ယာယီတာဝန်ယူထားသည့် အနေအထားသို့ ရောက်ရှိကုန်သည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး မစ္စတီဒါတာဝန်ဆိသ်က ရွေးကောက်ပွဲကော်မရှင်သည် ယခုအမှုကို အလုံးစုံပေါ်ပေါက်သည်အထိ စစ်ဆေးဖော်ထုတ်နိုင်ရန် အထူးလိုအပ်ကြောင်း၊ အတိတ်က ခြေလှမ်းအမှားများစွာကို ရွေးကောက်ပွဲကော်မရှင်က လုပ်ခဲ့သော်လည်း ယခု နိုင်ငံရေးအကျပ်အတည်း ဖြစ်ပွားလာမှုအား မဖော်ထုတ်နိုင်ပါက အစဉ်အလာအတိုင်း ထိုင်းစစ်တပ်မှ စစ်အာဏာပြန်သိမ်းမည့် အဖြစ်သို့ ဆိုက်ရောက်ဦးမည်သာဖြစ်ကာ ယခုတစ်ကြိမ် စစ်အာဏာသိမ်းလျှင် ကျရှုံးနိုင်ငံ (failed state) ဆိုသည်ထက် ပိုဆိုးသော အဖတ်ဆယ်မရသည့် နိုင်ငံဖြစ်သွားတော့မည်ဟု သတိပေး ပြောဆိုသွားခဲ့သည်။

လက်ရှိတွင်ပင် ဒုတိယမဲအများဆုံးသာရရှိပြီး အစိုးရဖွဲ့ခွင့်ရခဲ့သော ဖွေထိုင်းပါတီနှင့် မဟာမိတ်ပါတီများ ပူးပေါင်းပြီး အစိုးရအဖွဲ့ဖွဲ့စည်းထားသော်လည်း ဖွေထိုင်းနှင့် ဘန်ဂျိုင်ထိုင်း ပါတီတို့အကြား အကွဲအပြဲဇာတ်လမ်း ဖြစ်ပွားနေပြီဖြစ်ကြောင်း၊ ထိုင်းတွင် စစ်တပ်သည် နိုင်ငံရေးနှင့် ဒီမိုကရေစီရေးကို ရှင်းလင်းနေသည့် အဖွဲ့သာဖြစ်သောကြောင့် အထက်လွှတ်တော်အမတ်များသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအပါ လွတ်လပ်သော အရပ်ဘက်အေဂျင်စီများကိုပါ ထိန်းချုပ်နိုင်စွမ်းရှိသည့် နိုင်ငံရေးအာဏာကို အလိုရှိနေကြခြင်းထက် အမျိုးသားအကျိုးစီးပွားကို ပိုကြည့်ကြရန် လိုကြောင်း၊ ဖွေထိုင်းပါတီ၏ ပြဿနာမှာ လက်ရှိ ဝန်ကြီးချုပ်ပေထောင်တန်၏ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အကာအကွယ်ပေးနိုင်ရေးအတွက်သာ အရေးအကြီးဆုံးအဖြစ် မှတ်ယူထားပြီး ထို့ကြောင့်ပင် စစ်တပ် ပတ်သတ်ထားသော ကိစ္စရပ်တချို့၌ တာဝန်ယူဖြေရှင်းနိုင်ခြင်း မရှိဖြစ်နေရကြောင်း၊ သက်ဆင် အနေဖြင့် သတ်မှတ် ပြစ်ဒဏ်ကျခံပေးလိုက်လျှင်လည်း ရှပ်နီအဖွဲ့ဝင်များ၊ လူငယ်တက်ကြွလှုပ်ရှားသူများ ကျခံပေးဆပ်ရသည့် ထောင်ဒဏ်များကဲ့သလို့ ပြင်းထန်စွာ ခံရရန် မရှိသည့်အတွက် ကြောက်ရွံ့မနေဘဲ ထောင်ကျခံလိုက်ခြင်းက ပိုကောင်းခဲ့မည်ဖြစ်ကြောင်း၊ ထောင်တွင်းနေရမည်ကို ကြောက်ပြီး ထောင်အကျဉ်းထောင်တွင် ဆေးမကုဘဲ ပြင်ပထွက် ဆေးကုသမှုကို ဖန်တီးခဲ့ခြင်းက ဖွေထိုင်းပါတီအတွက် အားနည်းချက် ဖြစ်စေခဲ့သည်ဟု မစ္စတီဒါ တာဝန်ဆိသ်က ရှင်းလင်း ပြောကြားသွားခဲ့သည်။

ကိုကလင်း
Ref:Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#စစ်တပ်အာဏာသိမ်း
#ကျရှုံးနိုင်ငံ
#ဖွေထိုင်းပါတီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now