နေ့စဥ်သတင်း

ဘတ် သန်း ၃၀၀ ဖဲရိုက်ခဲ့သည့် ဆရာတော်ကို ရက် ၂၀၀ အသွင်ယူဖမ်းခဲ့သည့် ရဲအရာရှိအကြောင်း ဖော်ပြ

မဲခေါင် 19 May - 2025
မဲခေါင်၊ မေ ၁၉ ထိုင်းနိုင်ငံ၏ ဒကာ၊ ဒကာမပေါများလွန်းသော နာခွန်းပသွမ်ခရိုင် ဝပ်ရိုင်ခင်းဘုန်းတော်ကြီးကျောင်းမှ အသက် ၇၀ အရွယ် နာမည်ကြီးဆရာတော်ကို ကျောင်းပိုင်အလှူငွေ ဘတ်သန်း ၃၀၀ အွန်လိုင်း၌ ဖဲရိုက်ပစ်ခဲ့သည့် အမှုအတွက် ဘုန်းကြီးကျောင်းတွင်ဘုန်းကြီးကျောင်းသား ကပ္ပိယအဖြစ် ရက် ၂၀၀ အသွင်ယူ၊ သက်သေယူခဲ့သော ရဲအရာရှိအကြောင်းကို ထိုင်း The Nation မီဒီယာက ဖော်ထုတ် ရေးသားသွားခဲ့သည်။ ကျောင်းပိုင်အလှူငွေများကို ၎င်း၏ ကိုယ်ပိုင် ဘဏ်စာရင်းထဲသို့ ဩဇာပေးခိုင်းစေပြီး အတင်းထည့်ခိုင်း ခဲ့ကာ ဘဏ်အကောင့်ပေါင်းများစွာနှင့်ချိတ်ဆက်ပြီး အွန်လိုင်းလောင်းကစား ဖဲရိုက်ပစ်ရာမှ အများစုကုန်သွားကာ တခြားသော ၂၈ နှစ်အရွယ် ဒကာမငယ်တစ်ဦးထံ ဘတ်သန်း ၄၀ ချေးငှားပြီး ငွေချေးရင်း

မဲခေါင်၊ မေ ၁၉

ထိုင်းနိုင်ငံ၏ ဒကာ၊ ဒကာမပေါများလွန်းသော နာခွန်းပသွမ်ခရိုင် ဝပ်ရိုင်ခင်းဘုန်းတော်ကြီးကျောင်းမှ အသက် ၇၀ အရွယ် နာမည်ကြီးဆရာတော်ကို ကျောင်းပိုင်အလှူငွေ ဘတ်သန်း ၃၀၀ အွန်လိုင်း၌ ဖဲရိုက်ပစ်ခဲ့သည့် အမှုအတွက် ဘုန်းကြီးကျောင်းတွင်ဘုန်းကြီးကျောင်းသား ကပ္ပိယအဖြစ် ရက် ၂၀၀ အသွင်ယူ၊ သက်သေယူခဲ့သော ရဲအရာရှိအကြောင်းကို ထိုင်း The Nation မီဒီယာက ဖော်ထုတ် ရေးသားသွားခဲ့သည်။

ကျောင်းပိုင်အလှူငွေများကို ၎င်း၏ ကိုယ်ပိုင် ဘဏ်စာရင်းထဲသို့ ဩဇာပေးခိုင်းစေပြီး အတင်းထည့်ခိုင်း ခဲ့ကာ ဘဏ်အကောင့်ပေါင်းများစွာနှင့်ချိတ်ဆက်ပြီး အွန်လိုင်းလောင်းကစား ဖဲရိုက်ပစ်ရာမှ အများစုကုန်သွားကာ တခြားသော ၂၈ နှစ်အရွယ် ဒကာမငယ်တစ်ဦးထံ ဘတ်သန်း ၄၀ ချေးငှားပြီး ငွေချေးရင်း နှီးမြှုပ်နှံမှုများ ပြုလုပ်စေခဲ့သလို ထိုဒကာမ ရေချိုးနေပုံများပါ ဖုန်းအတွင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဘုန်းတော်ကြီးအား လူဝတ်လဲပြီး အရေးယူရန် စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။

ထိုင်းတွင် လူအများကြည်ညိုသည့် ဘုန်းတော်ကြီးများအား တော်ရုံ ရဲတပ်ဖွဲ့များ ဖမ်းဆီးရန် ခက်ခဲရာ ယခုအမှုနှင့်ပတ်သက်ပြီး ရာဇဝတ်မှု နှိမ်နင်းရေး ဌာနခွဲမှ ရဲမှူးအဆင့်ရှိ နီတီသွန်းပရာချန်ကန်ချနာကို Undercover အဖြစ် သက်သေခိုင်လုံစွာရှာဖွေပြီး အသွင်ယူ ဖမ်းဆီးနိုင်စေရန် တာဝန်ပေးခဲ့ကြောင်း၊ ထို တာဝန်ကို နီတီသွန်းက လက်ခံပြီး ဝပ်ရိုင်ခင်း ဘုန်းတော်ကြီးကျောင်းတွင် ဝေယျာ၀စ္စ အကုန်လုပ်ပေးသည့် ဘုန်းကြီးကျောင်းသား၊ ကပ္ပိယအဖြစ် အောက်ခြေသိမ်းအလုပ်များကို ရက် ၂၀၀ တိတိ လုပ်ကိုင် ပေးခဲ့ပြီးမှ အမှုကို သက်သေအခိုင်အမာတည်ဆောက် ဖမ်းဆီးပေးနိုင်ခဲ့ခြင်းဖြစ်သည်ဟု The Nation က ဖော်ပြခဲ့သည်။

နီတီသွန်းသည် ခွန်ကိန်းရပ်ရှိ မွေးမြူရေးလုပ်သော ဆင်းရဲသည့် မိသားစုမှ မွေးဖွားခဲ့သာဖြစ်ကာ မွေးချင်း ၄ ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ အလယ်တန်းအောင်ပြီးနောက် အိတ်ထဲ ဘတ် ၂၀၀ သာပါရှိပြီး ဘန်ကောက်တွင် အလုပ်ရှာဖွေရန် နေအိမ်မှ ထွက်သွားခဲ့ပြီး ဆမတ်ပရာကန်တွင် အထည့်ချုပ်စက်ရုံ စက်ပြင်အလုပ် ရရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်၌ ထိုင်းနိုင်ငံ စီးပွားပျက်ကပ်ဆိုက် ချိန် စက်ရုံပိတ်လိုက်ရသဖြင့် ရွေးစရာလမ်းမရှိဘဲ စစ်မှုထမ်း ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်မှု ထမ်းပြီးနောက် မြို့ပြရဲတပ်ဖွဲ့ ကျောင်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပြီး ယာဉ်ထိန်းရဲ ဘ၀မှ စကာ ကျရာ တာဝန်ထမ်းဆောင်ပြီး ယခုလို ရဲမှူးဖြစ်လာခြင်းဖြစ်သည်။

ချင်းမိုင်တွင် ချမ်းသာသည့် အမျိုးသမီးတစ်ဦးကို သတ်ဖြတ် အပိုင်းပိုင်း ပိုင်းကာ ရေခဲသေတ္တာထဲ ထည့်ထားခဲ့သည့် လူသတ်မှုတွင် မိသားစုဝင် ၅ ဦးထဲမှ တစ်ဦးတရားခံဖြစ်နေသည်ကို ဖော်ထုတ်နိုင်ခဲ့သူလည်းဖြစ်သည်။

မှုခင်းနှိမ်နင်းရေးဌာနခွဲ၏ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များတွင် အထူး စွမ်းဆောင်နိုင်သူအဖြစ် ဆုများရရှိပြီးနောက် ၂၀၁၉ ခုနှစ်တွင်လည်း ရမ်ခမ်းဟမ်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာဖြင့် ဘွဲ့ရခဲ့သူဖြစ်ကြောင်း The Nation Thailand မီဒီယာက နောက်ကြောင်းအား ဂုဏ်ပြုဖော်ပြသွားခဲ့သည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းရဲမှူး
#ထိုင်းဘုန်းတော်ကြီး
#အွန်လိုင်းလောင်းကစား
#ရိုင်ခင်ဘုန်းတော်ကြီးကျောင်း
#ဓမ္မရာချီဝါနူဝပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now