မဲခေါင်၊ မေ ၁၉
နိုင်ငံရေးတွင် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သော်လည်း ဆိုးရွားသောအဆင့်ရောက်နေသည့် ဆီးကြိတ်ကင်ဆာ ဖြစ်ပွားနေပြီဖြစ်ကာ ကင်ဆာဆဲလ်များ အရိုးတွင်းအထိ ပျံ့နှံ့နေပြီဖြစ်သည့် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်အတွက် အတိုက်အခံဖြစ်သူ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က စာနာစကားဆိုခဲ့သည်။
အသက် ၈၂ နှစ်ရှိပြီဖြစ်သော အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်သည် ဆီးရောဂါလက္ခဏာများ ဆိုးရွားစာခံစားနေခဲ့ရပြီးနောက် ဆေးစစ်ခဲ့ရာတွင် ဆိုးရွားသောအဆင့်ရောက်နေသည့် ဆီးကြိတ်ကင်ဆာ ဖြစ်ပွားနေပြီဖြစ်ကာ ကင်ဆာဆဲလ်များ အရိုးတွင်းအထိ ပျံ့နှံ့နေပြီဖြစ်သည်ဟု မေ ၁၈ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
ဂျိုးဘိုင်ဒန်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အမေရိကန်သမ္မတ တာဝန်ကို ယူခဲ့ချိန်အတွင်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးချွတ်ယွင်းသည့် လက္ခဏာများစွာ လူမြင်ကွင်း၌ ပေါ်လွင်ခဲ့ဖူးသည်။
ယခု ဂျိုးဘိုင်ဒန် ဖြစ်ပွားသည့် ဆီးကြိတ်ကင်ဆာအဆင့်သည် အလွန်ပြင်းထန်သော အဆင့်ဖြစ်သောကြောင့် ကုသမှုစနစ်များ ပြောင်းလဲမည်ဟု မိသားစုက ထုတ်ပြန်ရာ နိုင်ငံရေးနယ်ပယ်တွင် ဆက်တိုက်အတိုက်အခံအဖြစ် ရှုတ်ချပစ်တင်ခဲ့သော လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က မိသားစုနှင့်အတူ အထူးစိတ်မကောင်းဖြစ်ရကြောင်း၊ အနွေးထွေးဆုံးနှင့် အကောင်းဆုံးဆုမွန်များ တောင်းပေးပြီး အမြန်ဆုံး အောင်မြင်စွာ ကုသဖြတ်ကျော်နိုင်စေရန် ဆန္ဒပြုသည်ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးတင်သွားခဲ့သည်။
ဂျိုးဘိုင်ဒန် ရုံးအဖွဲ့က ကင်ဆာအဆင့်သတ်မှတ်ချက်သည် Gleason စနစ် အမှတ်ပေးမှုတွင် အမြင့်ဆုံးအဆင့် ၁၀ ၌ ၉ ရှိသည့်အဆင့်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် နယူးယောက်တက္ကသိုလ်မှ ဆီးရောဂါပါရဂူ ဒေါက်တာဟားဘတ်လီပေါ် က ဆီးကြိတ်ကင်ဆာ ကုထုံးများမှ အဆင့်မြင့်တိုးတက်လာခဲ့ပြီဖြစ်သောကြောင့် ဂျိုးဘိုင်ဒန်ဖြစ်ပွားသော အဆင့်မျိုးသည် ၅ နှစ်မှ ၁၀ နှစ်အထိ အသက်ဆက် ရှင်သန်နိုင်သည်ဟု သုံးသပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်က အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန် အနိုင်ရခဲ့စဉ် ၎င်းသည် အမေရိကန် သမ္မတများသမိုင်း၌ အသက်အကြီးဆုံး သမ္မတအဖြစ် စံချိန်တင်ခဲ့ပြီး ၂၀၂၅ တွင် ထိုစံချိန်ကို ဒေါ်နယ်ထရမ့်က အသက် ၇၈ နှစ်ဖြင့် ထပ်မံ ချိုးဖျက်သွားခဲ့သည်။
ကိုကလင်း
Ref: telegraphindia
#MeKongNews
#ဂျိုးဘိုင်ဒန်
#အမေရိကန်
#ဒေါ်နယ်ထရမ့်
#ဆီးကြိတ်ကင်ဆာ








