နေ့စဥ်သတင်း

ထရမ့်ကိုလုပ်ကြံရန် လျှို့ဝှက်အချက်ပြ ရေးတင်ခဲ့သည်ဟု FBI ဒါရိုက်တာဟောင်း စွပ်စွဲခံနေရ

မဲခေါင် 18 May - 2025
မဲခေါင်၊ မေ ၁၈ အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဒါရိုက်တာဟောင်း ဂျိမ်းစ်ကိုမေးသည် လူမှုကွန်ရက် အင်စတာဂရမ်တွင် 86 47 ဆိုသော ခရုခွံများဖြင့် စီခြယ်ထားသည့်ကိန်းဂဏန်း ဓာတ်ပုံနှင့် Caption အဖြစ် Cool shell formation on my beach walk ဟု ရေးတင်းခဲ့ရာ ထိုစကားဝှက်မှာ ဒေါ်နယ်ထရမ့်ကို လုပ်ကြံရန် လျှို့ဝှက်ခိုင်းစေ အမှတ်အသားဖြစ်သည်ဟု စွပ်စွဲခံခဲ့ရသည်။ မေ ၁၅ ရက်တွင် ဂျိမ်းစ်ကိုမေးက ယခုလို ပို့စ်တင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာက မိမိဖခင်ကို သတ်ခိုင်းခြင်းဖြစ်သည်ဟု စွပ်စွဲရာမှ Share သူများ အလွန်များပြားခဲ့ပြီး ဂယက်ရိုက်ကာ ဂျိမ်းစ်ကိုမေးကိုယ်တိုင်

မဲခေါင်၊ မေ ၁၈

အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဒါရိုက်တာဟောင်း ဂျိမ်းစ်ကိုမေးသည် လူမှုကွန်ရက် အင်စတာဂရမ်တွင် 86 47 ဆိုသော ခရုခွံများဖြင့် စီခြယ်ထားသည့်ကိန်းဂဏန်း ဓာတ်ပုံနှင့် Caption အဖြစ် Cool shell formation on my beach walk ဟု ရေးတင်းခဲ့ရာ ထိုစကားဝှက်မှာ ဒေါ်နယ်ထရမ့်ကို လုပ်ကြံရန် လျှို့ဝှက်ခိုင်းစေ အမှတ်အသားဖြစ်သည်ဟု စွပ်စွဲခံခဲ့ရသည်။

မေ ၁၅ ရက်တွင် ဂျိမ်းစ်ကိုမေးက ယခုလို ပို့စ်တင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာက မိမိဖခင်ကို သတ်ခိုင်းခြင်းဖြစ်သည်ဟု စွပ်စွဲရာမှ Share သူများ အလွန်များပြားခဲ့ပြီး ဂယက်ရိုက်ကာ ဂျိမ်းစ်ကိုမေးကိုယ်တိုင် ထိုပို့စ်ကို ပြန်ဖျက်လိုက်ပြီး မှားယွင်းယူဆ စွပ်စွဲမှုများသာဖြစ်သည်ဟု ပြန်လည် ဖြေရှင်းသွားခဲ့သည်။

Merriam-Webster အဘိဓါန်တွင် 86 ၏ အနက်အဓိပါယ်မှာ တစ်စုံတစ်ယောက်ကို ရှင်းလင်းဟု သက်ရောက်ပြီး 47 မှာ ဒေါ်နယ်ထရမ့်၏ ၄၇ ကြိမ်မြောက် အမေရိကန်သမ္မတကို ရည်ညွှန်းသည်ဟု အများက ယူဆသဖြင့် ရီပက်ဘလစ်ကန်များနှင့် အငြှိုးအတေးရာဇဝင်ရှိသည့် ဂျိမ်းစ်ကိုမေးက ထရမ့်ကို လုပ်ကြံရန်ခိုင်းစေခြင်းဟု ယူဆစွပ်စွဲမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး ခရစ္စတီနိုအမ်က ယခု ဂယက်ရိုက်မှု အပေါ် မိမိတို့ဌာနနှင့် ထောက်လှမ်းရေးအေဂျင်စီမှ သင့်လျှော်သော စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမည် ဟု လူမှုကွန်ရက် X တွင် ရေးသားအသိပေးသွားခဲ့သည်။

ဂျိမ်းစ်ကိုမေးက မိမိ ကမ်းခြေတွင်လမ်းလျှောက်ရင်း တွေ့မိသည့် ခရုခွံများအကြောင်းကို နိုင်ငံရေး အမြင်အတွေးဖြင့် သတင်းစကား ရေးတင်ခြင်းသာဖြစ်ကာ မည်သည့်အခါတွင်မျှ အကြမ်းဖက်မှုကို လက်မခံသူဖြစ်သည့်အတွက် နားလည်မှုမမှားယွင်းကြစေလိုကြောင်း ဖြေရှင်းပြောကြားခဲ့သည်။

ကိုကလင်း
Ref:aa
#MeKongNews
#ဒေါ်နယ်ထရမ့်
#FBI
#အမေရိကန်
#လုပ်ကြံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now