မဲခေါင်၊ မေ ၁၁
ထိုင်းအစိုးရမီးရထား (SRT) က ၂၀၂၅ ဇူလိုင်လမှ စတင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မှ မလေးရှားနိုင်ငံ ပီနန်းမြို့သို့ နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ရထားခရီးစဉ် စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မေ ၉ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
ဘန်ကောက်ရှိ ကရန်သပ်အဖီဝပ် ဗဟိုမီးရထားဘူတာရုံမှ ပီနန်းရှိ ဘက်တာဝေါ့သ် ဘူတာရုံသို့ ပြေးဆွဲသွားမည်ဖြစ်ကာ မြင်တွေ့ရခဲ့သော ခရီးစဉ်အတွေ့အကြုံများနှင့် အမျိုးမျိုးသော သယ်ယူပို့ဆောင်ခ နှုန်းထားသက်သာမှုများ အကျိုးခံစားခွင့်ရမည်ဖြစ်ကြောင်း၊ ပြည်ပခရီးသွားများနှင့် နယ်စပ်ဖြတ်ကျော် သွားလာနေကြခရီးသည်များ အတွက်လည်း အကျိုးဖြစ်ထွန်းမည့် မီးရထားခရီးစဉ်ဖြစ်ခြင်းနှင့်အတူ ဒေသတွင်း ခရီးသွားလာမှု စီးပွားရေးအခြေအနေလည်း တိုးမြင့်လာနိုင်မည်ဟု SRT က ထုတ်ပြန်သည်။
မီးရထားလမ်းသည် ရှိရင်းစွဲ ထိုင်းတောင်ပိုင်း မီးရထားလမ်းနှင့် မလေးရှား မီးရထားလမ်းစနစ်ဖြင့် တိုက်ရိုက်ချိတ်ဆက်သွားမည်ဟု ဆိုသည်။
SRT သည် နောက်ထပ် နယ်စပ်ဖြတ်ကျော် မီးရထားလမ်း အဖြစ် ၂၀၂၆ ခုနှစ်၌ ဆန်ဂိုင်းကိုလော့မှ ရန်တူပန်ဂျန်း မီးရထားလမ်းပိုင်းကို ဆက်လက်ဖွင့်လှစ်သွားပြီး မနာဂတ်၌ အရှေ့တောင်အာရှနိုင်ငံများအတွင်း မီးရထားကွန်ရက်တည်ဆောက်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။
ကိုကလင်း
Ref:The Nation Thailand
#MeKongNews
#ဘန်ကောက်
#ပီနန်း
#နယ်စပ်ဖြတ်ကျော်မီးရထား
#မီးရထားကွန်ယက်
#အရှေ့တောင်အာရှ








