မဲခေါင်၊ မေ ၈
မေ ၈ ရက်တွင် အစ္စရေးဘက်မှာ ဂါဇာကမ်းမြောင်ဒေသ ဗဟိုချက် လူစည်ကားရာစျေးနှင့် ကလေးများစာသင်ကျောင်းအနီးသို့ ဒုံးကျည်များဖြင့် ၂ ကြိမ် တိုက်ခိုက်ရာ အနည်းဆုံး ၉၂ ယောက်သေဆုံးခဲ့ကြောင်း သိရသည်။
အစ္စရေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂါဇာကမ်းမြောင်ဒေသ တစ်ခုလုံးအား သိမ်းပိုက်ရေး အစီအမံအတွက် နယ်မြေ ၅၀ ရာခိုင်နှုန်း သိမ်းပိုက်ပြီးဖြစ်သည့်တိုင် ထပ်မံပြီး တောင်ပိုင်းဒေသအထိ ထိုးစစ်ဆင်ကာ ဟားမက်စ်များကို အမြစ်ဖြတ် ဖမ်းဆီးနိုင်ရေး ကြိုးစားနေသည်။
လွန်ခဲ့သည့် ၁၉ လက အစ္စရေးနယ်မြေထဲ ဟားမက်စ်များဝင်ရောက်ကာ လူပေါင်း ၁၂၀၀ ကျော်သတ် ဖြတ်ပြီး ၂၅၀ ကျော် ပြန်ပေးဆွဲသွားရာတွင် လက်ရှိ ဟားမက်စ်လက်ထဲ၌ ရှိနေသေးသည် ဓားစာခံ ၅၉ ဦးအနက် ၂၁ ဦးသာ အသက်ရှင်သန်ကျန်ရစ်တော့သည်ဟု ဒေါ်နယ်ထရမ့်က မေ ၇ ရက်တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။
ထိုအခြေအနေကြောင့် ဓားစာခံများ၏ မိသားစုဝင်များက ဂါဇာအတွင်း ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ ဓားစာခံအားလုံး လွတ်မြောက်ရေးသည်သာ ဦးဆုံးလုပ်ဆောင်သင့်သည့် အရာဟု အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုကို ဖိအားပေး ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သည်။
ထိုအခြေအနေတွင် နောက် ၂၄ နာရီအတွင်း ဟားမက်စ်ဘက်မှ ဓားစာခံများလွှတ်ပေးရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်ခံဆွေးနွေးလာနိုင်မည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားအပြီး အစ္စရေးတပ်များက ဂါဇာ ဗဟိုချက်စျေးနှင့်ကျောင်းနား ဒုံးကျည်များဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ရာမှ ယခုလို အနည်းဆုံး ၉၂ ယောက် သေဆုံးရခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြနေကြသည်။
ကိုကလင်း
Ref: koreaherald
#အစ္စရေး
#ဂါဇာ
#ဟားမက်စ်
#နက်တန်ဟာဟု








