ကမ္ဘာ့သတင်း

အိန္ဒိယ – ပါကစ္စတန် တိုက်ခိုက်မှုကြောင့် ယူအေအီးနှင့်တောင်အာရှမှ လေကြောင်းခရီးစဉ်များ ရပ်ဆိုင်း

မဲခေါင် 7 May - 2025
မဲခေါင်၊ မေ ၆ မေ ၆ ရက်ညပိုင်းက အိန္ဒိယ၏ ပါကစ္စတန်ပိုင်နက် ကက်ရှ်မီးယားဒေသရှိ ပစ်မှတ် ၉ ခုကို ဒုံးကျည်များ ဖြင့်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်အပြီး ယူအေးအီးနှင့် တောင်အာရှမှ အိန္ဒိယနှင့်ပါကစ္စတန်သွား လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းပြီး ကမောက်ကမ ဖြစ်ကုန်ကြောင်းသိရသည်။ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ထုတ်ပြန်ချက်အရ Emirates နှင့် Flydubai လေကြောင်းလိုင်း များအပါအဝင် လေကြောင်းလိုင်းများစွာသည် ခရီးစဉ်များစွာကို ရွှေ့ဆိုင်း၊ ဖျက်သိမ်းခဲ့ကြောင်းနှင့် အဘူဒါဘီတွင်လည်း Zayed အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်းများစွာ ရွှေ့ဆိုင်းဖျက်သိမ်းခဲ့ရသည်ဟု Gulf News မှ ဖော်ပြခဲ့သည်။ Qatar လေကြောင်းလိုင်းကလည်း ပါကစ္စတန်သို့ မောင်းနှင်မည့် လေကြောင်းလိုင်းများ ယာယီရပ်ဆိုင်းကြောင်း ကြေညာသလို

မဲခေါင်၊ မေ ၆

မေ ၆ ရက်ညပိုင်းက အိန္ဒိယ၏ ပါကစ္စတန်ပိုင်နက် ကက်ရှ်မီးယားဒေသရှိ ပစ်မှတ် ၉ ခုကို ဒုံးကျည်များ ဖြင့်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်အပြီး ယူအေးအီးနှင့် တောင်အာရှမှ အိန္ဒိယနှင့်ပါကစ္စတန်သွား လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းပြီး ကမောက်ကမ ဖြစ်ကုန်ကြောင်းသိရသည်။

ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ထုတ်ပြန်ချက်အရ Emirates နှင့် Flydubai လေကြောင်းလိုင်း များအပါအဝင် လေကြောင်းလိုင်းများစွာသည် ခရီးစဉ်များစွာကို ရွှေ့ဆိုင်း၊ ဖျက်သိမ်းခဲ့ကြောင်းနှင့် အဘူဒါဘီတွင်လည်း Zayed အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်းများစွာ ရွှေ့ဆိုင်းဖျက်သိမ်းခဲ့ရသည်ဟု Gulf News မှ ဖော်ပြခဲ့သည်။

Qatar လေကြောင်းလိုင်းကလည်း ပါကစ္စတန်သို့ မောင်းနှင်မည့် လေကြောင်းလိုင်းများ ယာယီရပ်ဆိုင်းကြောင်း ကြေညာသလို Air France၊ Lufthansa၊ British Airway၊ Swiss International Air Lines နှင့် Emirates လေကြောင်းလိုင်းအားလုံး ပါကစ္စတန်လေပိုင်နက်ကို ဖြန်ကျော်ရမည့် ခရီးစဉ်များ အားလုံးရှောင်ရှားလိုက်သည်ဟု ကြေညာသွားခဲ့သည်။

အိန္ဒိယ ကုန်တင်လေကြောင်းလိုင်း IndiGo နှင့် SpiceJet တို့ကလည်း ခရီးသွားအကြံပေးများမှ တစ်ဆင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ Srinagar၊ Jammu၊ Amritsar၊ Leh၊ Chandigarh၊ Dharamshala နှင့် Bikaner လေဆိပ်များမှ ခရီးသွားမှုများ မပြုလုပ်မီ ခရီးစဉ်များ ပျက်နိုင်သဖြင့် ကြိုတင်မေးမြန်းကြရန် ထုတ်ပြန်ခဲ့သည်။

ဧပြီ ၂၂ ရက်နေ့က နှစ်နိုင်ငံ အငြင်းပွားဖွယ်ရာ နယ်စပ် ကက်ရှ်မီးယားရှိ ပဟယ်လ်ဂမ်ဒေသတွင် ပါကစ္စတန်တွင်းအခြေစိုက်သော စစ်သွေးကြွများက ခရီးသွား အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ၂၅ ဦးနှင့်နီပေါနိုင်ငံသား တစ်ဦးကို နာမည်နှင့်ဘာသာမေးမြန်းပြီး အနီးကပ် ပစ်သတ်ခဲ့ရာ ထိုအကြမ်းဖက် သမားများသည် ပါကစ္စတန်နယ်စပ်တွင် အခြေစိုက်နေထိုင်သဖြင့် ၎င်းတို့ကိုသာ ပစ်မှတ်ထားပြီး နေရာ ၉ နေရာကို ပစ်ခတ်တိုက်ခိုက်ကြောင်း အိန္ဒိယဘက်က ကြေညာခဲ့သည်။

နျူကလီးယားပိုင် နှစ်နိုင်ငံ စစ်ရေးစတင်ချိန်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကလည်း အိန္ဒိယနှင့်ပါကစ္စတန်အရေးကို ကမ္ဘာက ဝင်ရောက်တားမြစ်နိုင်မည်မဟုတ်ကြောင်းနှင့် စစ်ရေး အလွန် အကျွံ့ တိုက်ခိုက်ခြင်းမလုပ်ကြရန် တိုက်တွန်းရေးသာ တတ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသွား ခဲ့သည်။

ကိုကလင်း
Ref: onmanorama
#MeKongNews
#အိန္ဒိယ
#ပါကစ္စတန်
#လေကြောင်းလိုင်း
#တောင်အာရှ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now