မဲခေါင်၊ မေ ၇
ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်ပန်းခရိုင်၊ မယ့်ဖရစ်ရှိ စစ်ဆေးရေးဂိတ်ကို မေ ၅ ရက် ဒေသစံတော်ချိန် မွန်လွဲ ၃ နာရီ ၃၆ မိနစ်တွင် ဖြတ်မောင်းလာသော ဘန်ကောက်လိုင်စင်နံပါတ်နှင့် ကား ၂ စီကို စစ်ဆေးရာ ICE မူးယစ်ဆေးဝါး ကီလိုဂရမ် ၃၀၀ ကို သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
အဖြူရောင် SUV ကားနှင့် အပြာရောင် Van ကားတစ်စီးသည် ရှေ့ဆင့်နောက်ဆင့်မောင်းနှင်လာပြီး စစ်ဆေးရာ ကားအပြာပေါ်တွင် အိတ် ၁၂ အိတ်နှင့်ထည့်ထားသည့် ICE ၃၀၀ ကီလိုဂရမ်ကို ဖမ်းဆီး ရမိခြင်းဖြစ်သည်။
ကား ၂ စီးတွင် ဘန်ကောက်၌ နေထိုင်ကြသော ၂၁ နှစ်နှင့် ၄၃ နှစ်ကြား အမျိုးသား ၄ ဦးနှင့် ၃၈ နှစ် အရွယ် အမျိုးသမီးတစ်ဦးတို့ကိုပါ ဖမ်းဆီးခဲ့ပြီး မယ့်ဖရစ် ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးနေသည်ဟု သိရသည်။
Ref: MAESAIPRESS
#MeKongNews
#မူးယစ်ဆေးဝါး
#ဘန်ကောက်
#လန်ပန်းခရိုင်
#မယ့်ဖရစ်








