နေ့စဥ်သတင်း

ကျိုင်းတုံက ခိုးယူခံရသည့် ဆိုင်ကယ် ၃စီး ထပ်မံ သိမ်းဆည်းမိ၊ ဆိုင်ကယ်ခိုးသူများထဲတွင် လွတ်ငြိမ်းတွင်ပါလာသည့် သူခိုးကြီးများလည်းပါဝင်

မဲခေါင် 7 May - 2025
မဲခေါင်၊ မေ ၇ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်သူခိုးများ ခိုးယူထားသည့် ဆိုင်ကယ် ၃စီးကို ထပ်မံဖော်ထုတ်သိမ်းဆီးရမိကြောင်း ကျိုင်းတုံခရိုင်ရဲရုံးမှ သိရသည်။ ထပ်မံသိမ်းဆည်းရမိသည့် ဆိုင်ကယ် ၃စီးမှာ Honda wave i 110 အနီရောင် 2023 Model တစ်စီး၊ Honda wave i 110 အပြာရောင် 2025 Model တစ်စီး၊ Honda wave i 110 နက် /စိမ်းရောင် 2025 Model တစ်စီး ဖြစ်ပြီး ဆိုင်ကယ်ပျောက်သူများအနေဖြင့် ခရိုင်ရဲရုံးတွင် လာရောက်စုံစမ်းနိုင်ကြောင်း သိရသည်။ မေလ ၅ရက်က ဖမ်းဆီးရမိထားသူ ၆ဦးကို စစ်ဆေးချက်အရ

မဲခေါင်၊ မေ ၇

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်သူခိုးများ ခိုးယူထားသည့် ဆိုင်ကယ် ၃စီးကို ထပ်မံဖော်ထုတ်သိမ်းဆီးရမိကြောင်း ကျိုင်းတုံခရိုင်ရဲရုံးမှ သိရသည်။

ထပ်မံသိမ်းဆည်းရမိသည့် ဆိုင်ကယ် ၃စီးမှာ Honda wave i 110 အနီရောင် 2023 Model တစ်စီး၊ Honda wave i 110 အပြာရောင် 2025 Model တစ်စီး၊ Honda wave i 110 နက် /စိမ်းရောင် 2025 Model တစ်စီး ဖြစ်ပြီး ဆိုင်ကယ်ပျောက်သူများအနေဖြင့် ခရိုင်ရဲရုံးတွင် လာရောက်စုံစမ်းနိုင်ကြောင်း သိရသည်။

မေလ ၅ရက်က ဖမ်းဆီးရမိထားသူ ၆ဦးကို စစ်ဆေးချက်အရ ထပ်မံသိမ်းဆည်းရမိခြင်းဖြစ်ပြီး မေလ ၇ရက်အထိ ပြန်လည်သိမ်းဆည်းရမိသည့် ဆိုင်ကယ် ၁၀ စီးရှိပြီဖြစ်ကြောင်း၊ ဆိုင်ကယ်ခိုးယူသူများထဲတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်များမှ ပြန်လွတ်လာသည့် ဝါရင့်သူခိုးများလည်း ပါဝင်ကြောင်း ခရိုင်ရဲရုံးနှင့်နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။

“ခိုးယူလုယက်ကျူးလွန်တာ ၃ အုပ်စု ရှိမယ်။ ပြီးခဲ့တဲ့ လွတ်ငြိမ်းထဲမှာ သူခိုးအကြီးစားတွေ ပါလာတယ် ယူဆတယ်။ သူတို့က ဖောက်ထွင်းတာ ကပ်တာ(Cutter)တွေနဲ့ ဖြတ်ပြီး ခိုးယူတာ၊ နောက်ထပ်က လုယက်တာ၊ အလစ်သုတ်တာပေါ့။ ခုကအလစ်သုတ်ထားတာတွေ”ဟု ၎င်းက ပြောသည်။

ထပ်မံသိမ်းဆည်းရမိသည့် ဆိုင်ကယ်များကို ကျိုင်းတုံခရိုင်ရဲရုံးရှေ့ရှိ တန်းစီကွင်းတွင် ရိုက်ကူးဖော် ပြကြောင်း သိရသည်။

“ဆိုင်ကယ်ကို GPS တပ်ထားရင် ပျောက်တာနဲ့လိုက်လို့လွယ်တယ်။ ချက်စီကို ရိုက်ထား မှတ်ထားရင်လည်း အတည်ပြုရတာ သေချာတာပေါ့။ မြို့ပြင်ဘက်ရွာတွေကျတော့ နယ်မြေအခြေအနေအရ အကန့်သတ်တွေရှိနေတော့ ဥပဒေအရ ကျင့်သုံးဖို့ လိုအပ်ပါတယ်”ဟု ခရိုင်ရဲရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်က အကြံပြုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကျိုင်းတုံ၊ မိုင်းပန်လည်အုပ်စုတွင် ဖမ်းမိသည့် ဆိုင်ကယ်သူခိုးများကို အုပ်ချုပ်ရေးကငွေယူပြီး ပြန်လွှတ်ပေးခဲ့သည့် လုပ်ရပ်မျိုးသည် ရာဇဝတ််မှုများ ထပ်မံကျူးလွန်ရန်အားပေးနေရာ ရောက်သည့်အပြင် ပြည်သူကိုကိုယ် စားမပြုသည့် လုပ်ရပ်ဖြစ်သည် ဝေဖန်ကြသည်။

ကျိုင်းတုံမြို့တွင် ညအချိန် အိမ်အတွင်းဖောက် ထွင်းဝင်ရောက်ပြီး  ဆိုင်ကယ်၃စီး ခိုးယူခံရမှု၊ နေ့ခင်းကြောင်တောင်အစောင့်ရှိသည့်ကြားက ဆေးရုံအပ်ထားသည့်နေရာမှ ဆိုင်ကယ်ခိုးယူခံရမှုများအပြင် ကျောင်းကြိုမိဘများ၊ မြို့ရှောင်လမ်းသွားသူများထံမှ အကြမ်းဖက်ကာ ဆိုင်ကယ်လုယူမှုများ ဖြစ်ပွားလျက်ရှိသည်။

#MeKongNews
#ကျိုင်းတုံ
#ဆိုင်ကယ်ခိုးမှု
#လွတ်ငြိမ်းချမ်းသာခွင့်
#မိုင်းပန်လည်အုပ်စု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now