နေ့စဥ်သတင်း

မိုးဗြဲတွင် KNA ရဲဘော်တစ်ဦးကျဆုံး

မဲခေါင် 6 May - 2025
မဲခေါင်၊ မေ ၆ ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် ကယန်းအမျိုးသားတပ်မတော် – KNA 2109 တပ်ရင်မှ ရဲဘော််ခွန်းဖိဒေးလစ် မေလ ၄ ရက် မိုးဗြဲတိုက်ပွဲအတွင်း ကျဆုံးကြောင်း ကယန်းအမျိုးသားတပ်မတော်က သတင်းထုတ်ပြန်သည်။ အသက် ၁၉ နှစ်အရွယ် ရဲဘော်ခွန်းဖိဒေးလစ်သည် ကယန်းအမျိုးသားတပ်မတော်တွင် တာဝန်ထမ်းဆောင်သည်မှာ အချိန်ကာလ အနည်းငယ်သာရှိသေးပြီး တိုက်ပွဲတွင်း စစ်ကောင်စီတပ်၏ ကျည်ထိမှန်ကျဆုံးခဲ့ခြင်း ဖြစ်သည်။ “ရဲဘော်ကတော့ဝင်တာမကြာသေးဘူး။ အတွေ့အကြုံအရတော့ နည်းနည်းပါးပါး တာဝန်ယူထားရတဲ့ အပိုင်းတွေရှိတာပေါ့နော်၊ ရာထူးကတော့ တပ်သားအဆင့်ပါ။ အသက်တော့ ၁၈ ကျော်ပဲရှိသေးတယ်”ဟု ကယန်းအမျိုးသားတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ခွန်တောင်ကြီးက မဲခေါင်ကိုပြောသည်။ မိုးဗြဲတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်များမှ နေရာအချို့လက်လွှတ်ပေးလိုက်ရသည့်အတွက်

မဲခေါင်၊ မေ ၆

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် ကယန်းအမျိုးသားတပ်မတော် – KNA 2109 တပ်ရင်မှ ရဲဘော််ခွန်းဖိဒေးလစ် မေလ ၄ ရက် မိုးဗြဲတိုက်ပွဲအတွင်း ကျဆုံးကြောင်း ကယန်းအမျိုးသားတပ်မတော်က သတင်းထုတ်ပြန်သည်။

အသက် ၁၉ နှစ်အရွယ် ရဲဘော်ခွန်းဖိဒေးလစ်သည် ကယန်းအမျိုးသားတပ်မတော်တွင် တာဝန်ထမ်းဆောင်သည်မှာ အချိန်ကာလ အနည်းငယ်သာရှိသေးပြီး တိုက်ပွဲတွင်း စစ်ကောင်စီတပ်၏ ကျည်ထိမှန်ကျဆုံးခဲ့ခြင်း ဖြစ်သည်။

“ရဲဘော်ကတော့ဝင်တာမကြာသေးဘူး။ အတွေ့အကြုံအရတော့ နည်းနည်းပါးပါး တာဝန်ယူထားရတဲ့ အပိုင်းတွေရှိတာပေါ့နော်၊ ရာထူးကတော့ တပ်သားအဆင့်ပါ။ အသက်တော့ ၁၈ ကျော်ပဲရှိသေးတယ်”ဟု ကယန်းအမျိုးသားတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ခွန်တောင်ကြီးက မဲခေါင်ကိုပြောသည်။

မိုးဗြဲတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်များမှ နေရာအချို့လက်လွှတ်ပေးလိုက်ရသည့်အတွက် ပြန်လည်ရရှိရန်ကြိုးစားနေကြောင်း ခွန်တောင်ကြီးက ပြောသည်။

မိုးဗြဲမြို့အား စစ်ကောင်စီမှရရှိသွားခဲ့လျှင် ပြည်ထောင်စုလမ်းမကြီးနှင့်နန်းမယ်ခုံမြို့တဝိုက် စိုးရိမ်စရာအ​ခြေအနေရှိလာနိုင်ပြီး လွိုင်ကော်အထိ စစ်ရေးချိန်းခြောက်နိုင်ကြောင်း ၎င်းက ပြောသည်။​

လက်ရှိတွင် တော်လှန်ရေးတပ်များ ရင်ဆိုင်ထားသော ကာကင်း ၂ခုခန့်နှင့် မြို့အဝင်တို့ကို လက်လွှတ်ပေးခဲ့ရသော်လည်း စစ်ကောင်စီမှ စစ်ရေးအရ ချိန်းခြောက်နိုင်ခြင်း မရှိသေးကြောင်း တော်လှန်ရေးတပ်များမှ တတ်နိုင်သမျှကာထားကြောင်း မိုးဗြဲမြို့တွင်ရှိနေသည့် မြို့ပြတော်လှန်ရေးတပ်ဦးမှ တာဝန်ခံ ကိုထက်က မဲခေါင်ကိုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်တွင်လည်း စစ်ကောင်စီ၏ ​မိုးဗြဲရှိ ခမရ ၄၂၂ တပ်မှ အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးဗြဲတပ်ရင်း(၁) P3-1001တပ်ရင်းမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့သည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေသည့်အတွက် ပြည်သူများအနေဖြင့် မိုးဗြဲမြို့ဘက်ကို ဖြတ်သန်းသွားလာလိုပါက မြေပြင်အခြေနေစုံစမ်းပြီးမှ သွားလာစေလိုကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် (၁) သတင်းပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မိုးဗြဲမြို့ကို ၁၁၁၁ စစ်ဆင်ရေးမှစတင်ကာ တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ ပြီးခဲ့သည့်နှစ် ဧပြီလဝန်းကျင်တွင် တကျော့ပြန်ထိုးစစ်များ ပြန်လည်စတင်ခဲ့ပြီး ယနေ့အထိ နေ့စဉ်ဆိုသလိုတိုက်ပွဲများဖြစ်ပွားနေသည်။

ဂနိုက်
#MeKongNews
#မိုးဗြဲတိုက်ပွဲ
#KNA
#ခမရ၄၂၂
#၁၁၁၁စစ်ဆင်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now