မဲခေါင်၊ မေ ၆
တရားမဝင်ရွှေမိုင်းလုပ်ကွက်များကို လက်နက်ကိုင်ဆောင်လုပ်ကိုင်နေပြီး အကြမ်းဖက်မှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် နိုင်ငံတော်အရေးပေါ် အခြေအနေထုတ် ပြန်ထားရသော ပီရူးတွင် လွန်ခဲ့သည့် တစ်ပတ်က ပြန်ပေးဆွဲခံလိုက်ရသည့် ရွှေမိုင်း လုံခြုံရေး ၁၃ ယောက်ကို သေဆုံးလျှက်သာ ပြန်လည် ရှာတွေ့နိုင်ခဲ့ကြောင်း သိရသည်။
ပီရူးနိုင်ငံမြောက်ပိုင်း တောင်တန်းထူထပ်ရာ ပါတက်ဇ်ဒေသအနီး ရွှေနှင့်ကြေးနီမိုင်းတွင်းလုပ်ငန်းများ စွာရှိနေကာ တရားမဝင် တူးဖော်ကြသည့် ဒုစရိုက်သမားများ လုပ်ကွက်ကို အကြမ်းဖက် လုယက်မှုများ လည်း ထိန်းမရသည့်အနေအထားဖြစ်နေသောကြောင့် ဧပြီလကတည်းက နိုင်ငံတော်အရေးပေါ် အခြေ အနေထုတ်ပြန်ထားရခြင်းဖြစ်သည်။
ပြီးခဲ့သည့်တစ်ပတ်က ပါတက်ဇ်ရှိ အဓိက တရားဝင်ရွှေမိုင်းတွင်း ဆီသို့ ဖောက်ခွဲရေးပစ္စည်းနှင့်လက်နက်များပါကိုင်ဆောင်လာသော အကြမ်းဖက်အုပ်စု ဝင်ရောက်လာ ပြီး လုံခြုံရေး ၁၃ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ မိသားစုများထံမှပါ ခြိမ်းခြောက်ပြီး ပြန်ပေးငွေတောင်းခံမှုများပြုလုပ်ခဲ့ကြောင်း၊ မေ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့သည် အင်အား သုံးပြီးတောင်စောင်းတစ်လျှောက် လိုက်လံရှာဖွေရာ သတ်ခံထားရသည့် လုံခြုံရေး ၁၃ ယောက် အလောင်းသာ တွေ့ရှိခဲ့သည်ဟု သိရသည်။
ပီရူး La Poderosa မီဒီယာဖော်ပြမှုတွင် လုံခြုံရေးနှင့်ရဲများ အကြမ်းဖက်ဟန်ရှိသည့် ရာဇဝတ်သားများ နှင့်တွေ့လျှင် အကြွင်းမဲ့ ပစ်ခတ်ခွင့်ပေးထားသည့်ကြားမှ လက်နက်ကိုင်အစောင့်များဖြင့် ပါတက်ဇ် ဒေသတွင် တရားမဝင် ရွှေမိုင်းလုပ်ငန်းများ လုပ်ဆောင်နေသူများလည်း အများအပြားရှိကာ ၎င်းတို့ဘက်မှလည်း တရားဝင်တူးဖော်ခွင့်တောင်းဆိုသလို မကြာခဏ အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း၊ ၂၀၂၃ ခုနှစ်က ယခုတိုက်ခိုက်ခံရသော မိုင်းတွင်းကိုပင် တရားမဝင် မိုင်းလုပ်ငန်းလုပ်ဆောင်သူများသည် ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်များကိုင်ဆောင် တိုက်ခိုက်ရာ မိုင်းလုပ်သား ၉ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သေးကြောင်း သိရသည်။
၄ ယောက်ကို ပြန်ပေး ဆွဲခေါ်ဆောင်သွားသလို မိုင်းလုပ်ကွက်အတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့်အတွက် မီးလောင် သေဆုံးသည့် အလောင်းများတွေ့ခဲ့ရကြောင်း၊ ၁၉၈၀ ပြည့်လွန်နှစ်များမှ စတင်ပြီး ပါတက်ဇ်ဒေသတွင် ရွှေနှင့်ကြေးနီမိုင်းလုပ်ကွက်များ များစွာပေါ်ပေါက်လာရာတွင် ယခုလို အကြမ်းဖက်မှုများကြောင့် အနည်းဆုံး ၃၉ ဦးသေဆုံးခဲ့ပြီးဖြစ်ရာ ယခုအထိ ပီရူးအစိုးရက အကြမ်းဖက်မှုများကို မထိန်းချုပ်နိုင် သေးခြင်းဖြစ်သည်ဟု သုံးသပ်ဖော်ပြသွားခဲ့သည်။
ပီရူးနိုင်ငံသည် ကမ္ဘာ့စျေးကွက်သို့ ရွှေနှင့် ကြေနီး အဓိက တင်ပို့ရာ ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပီရူး
#ရွှေမိုင်း
#ဖောက်ခွဲရေးပစ္စည်း
#အကြမ်းဖက်မှု








