မဲခေါင်၊ မေ ၆
မေ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်ခရိုင် အထူး စုံစမ်းစစ်ဆေးရေးရဲတပ်မှ အရာရှိ ၃ ဦးသည် မေ ၂ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပစ်ခတ်သတ် ဖြတ်မှုအတွက် စုံစမ်းရန် ဓာတ်တိုင်မှ CCTV တွင်းရှိ မှတ်တမ်းကတ် ဖြုတ်ယူရန် လှေကားဖြင့် တက်နေချိန် ချိန်ကိုက်ဖောက်ခွဲတိုက်ခိုက်မှုကြောင့် တိုင်ပေါ်တက်သူ ရဲအရာရှိသေဆုံးပြီး လှေကားကိုင်သော ရဲအရာရှိ ၂ ဦး ဒဏ်ရာရခဲ့သည်။
မေ ၂ ရက်နေ့က အသက် ၇၆ နှစ်အရွယ် မျက်မမြင်အဘွားအိုကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီးနောက် မြေးဖြစ်သူလည်း သေနတ်ဒဏ်ရာရရှိခဲ့ရာ ထိုဖြစ်စဉ်ကို စုံစမ်းရန် အနီးအနား ဘန်အိုက်လာကို နှင့် ဖူအက်ခ်နယ်မြေနှစ်ခုကြား လမ်းဆုံရှိ ဓာတ်တိုင်ပေါ်မှ CCTV ကင်မရာ အတွင်းရှိသည့် Memory Card ကို ရဲတာဝန်ရှိသူ ၃ ဦး သွားရောက် ဖြုတ်ယူစဉ် အချိန်ကိုက် ဗုံးကွဲပြီး ရဲအရာရှိတစ်ဦး သေဆုံး ခဲ့ရခြင်းဖြစ်သည်။
CCTV ကင်မရာ ထိန်းချုပ် သေတ္တာအတွင်း ဖောက်ခွဲရေးပစ္စည်း IED ကို အတွင်း၌ ပြင်းထန်ထိရောက်စေမည့် သံအပိုင်းအစများစွာ ထည့်ထားရာက ရဲအရာရှိများ ထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref:The Nation
#MeKongNews
#နာရာသီဝပ်
#ဗုံးပေါက်ကွဲ
#CCTV
#ထိုင်းနိုင်ငံ








