နေ့စဥ်သတင်း

တွဲကားများ တောင်ကြီးမြို့ပေါ်မှ ပြန်ဖြတ်သန်းခွင့်ပြု၊ မြို့ခံများ ယာဥ်အန္တရာယ်စိုးရိမ်

မဲခေါင် 5 May - 2025
မဲခေါင်၊ မေ ၅ လမ်းချော်ခြင်း၊ အတက်အဆင်းမတ်စောက်ပြီး အကွေ့များခြင်းတို့ကြောင့် တောင်ကြီးမြို့ရှောင်လမ်းအသုံးပြုရန် အဆင်မပြေသည့်အတွက် တွဲကား၊ ကုန်ကားများကို ယနေ့မနက်မှစတင်ကာ မြို့ပေါ်မှ ယာယီပြန်လည်ဖြတ်သန်းခွင့် ပြုထားကြောင်း သိရသည်။ မြို့နေလူထုက ကုန်ကားများကို မြို့ရှောင်လမ်းမှသာ သွားလာခွင့်ပြုသင့်ကြောင်း လူမှုကွန်ယက်တွင် ဝေဖန်ပြောဆိုပြီးနောက် ၂၀၂၅ ခုနှစ် သင်္ကြန်ကာလမှစပြီး မြို့တွင်းဖြတ်သန်းခွင့်ပိတ်ကာ မြို့ရှောင်လမ်းကိုသာ အသုံးပြုစေခဲ့သော်လည်း ယခုအခါ မြို့ရှောင်လမ်းမှာ မိုးရွာလျှင်လမ်းချော်ခြင်း၊ အတက်အဆင်းမတ်စောက်ပြီး အကွေ့များတွင် တဖက်ယာဥ်အတွက် အန္တရာယ်များခြင်းတို့ကြောင့်ဟုဆိုကာ တောင်ကြီး အနောက်မြို့ပတ်လမ်းအား မေလ၊ ၅ ရက်နေ့မှစပြီး ယာယီပြန်လည် ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းမှ တွဲကား၊ ကုန်ကား၊ ကျောက်မီးသွေးကားများဖြတ်သန်း မောင်းနှင်ရာတွင် ယာဥ်ငယ်များအား ကျော်တက်ခြင်း၊

မဲခေါင်၊ မေ ၅

လမ်းချော်ခြင်း၊ အတက်အဆင်းမတ်စောက်ပြီး အကွေ့များခြင်းတို့ကြောင့် တောင်ကြီးမြို့ရှောင်လမ်းအသုံးပြုရန် အဆင်မပြေသည့်အတွက် တွဲကား၊ ကုန်ကားများကို ယနေ့မနက်မှစတင်ကာ မြို့ပေါ်မှ ယာယီပြန်လည်ဖြတ်သန်းခွင့် ပြုထားကြောင်း သိရသည်။

မြို့နေလူထုက ကုန်ကားများကို မြို့ရှောင်လမ်းမှသာ သွားလာခွင့်ပြုသင့်ကြောင်း လူမှုကွန်ယက်တွင် ဝေဖန်ပြောဆိုပြီးနောက် ၂၀၂၅ ခုနှစ် သင်္ကြန်ကာလမှစပြီး မြို့တွင်းဖြတ်သန်းခွင့်ပိတ်ကာ မြို့ရှောင်လမ်းကိုသာ အသုံးပြုစေခဲ့သော်လည်း ယခုအခါ မြို့ရှောင်လမ်းမှာ မိုးရွာလျှင်လမ်းချော်ခြင်း၊ အတက်အဆင်းမတ်စောက်ပြီး အကွေ့များတွင် တဖက်ယာဥ်အတွက် အန္တရာယ်များခြင်းတို့ကြောင့်ဟုဆိုကာ တောင်ကြီး အနောက်မြို့ပတ်လမ်းအား မေလ၊ ၅ ရက်နေ့မှစပြီး ယာယီပြန်လည် ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းမှ တွဲကား၊ ကုန်ကား၊ ကျောက်မီးသွေးကားများဖြတ်သန်း မောင်းနှင်ရာတွင် ယာဥ်ငယ်များအား ကျော်တက်ခြင်း၊ ဟွန်းတီးကာအရှိန်ဖြင့် ကျော်တက်ခြင်းကဲ့သို့ မဆင်မခြင်မောင်းနှင်မှုများကြောင့် အကြာခဏ ယာဥ်တိုက်မှုများဖြစ်ပွားသဖြင့် လမ်းအနီးနေထိုင်သူများ၊ လမ်းအသုံးပြုသူများက နေ့စဥ်စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း၊ ယခုအခါ ပြန်လည်အသုံးပြုခွင့်ပြုလိုက်သည့်အတွက် ယာဉ်အန္တရာယ်စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းမြောက်လမ်းများမှ တရုတ်နယ်စပ်သို့ ဖြတ်သန်းသွားလာမရတော့သည့်အတွက် ရှမ်းတောင် တောင်ကြီးမြို့မှတဆင့် ရှမ်းအရှေ့သို့ ပြောင်းလဲကုန်သွယ်ရာတွင် တောင်ကြီးမြို့ကို ဖြတ်သန်းသွားလာသည့် ကုန်ကားသွားလာမှု များလာခြင်းဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ကရင်နီ၊ ရှမ်းမြောက်ဒေသခံတို့၏ စစ်ဘေးရှောင်ရာဒေသဖြစ်ခဲ့သလို နေပြည်တော်၊ ရှမ်းမြောက်အပါအဝင် နိုင်ငံတဝှမ်းက စစ်ကောင်စီအရာရှိများ ခိုလှုံရာမြို့တစ်မြို့လည်းဖြစ်လာသည့် တောင်ကြီးမြို့သည် လူဦးရေရုတ်တရက်ထူထပ်ခြင်း၊ ယာဉ်ပိတ်ဆို့ခြင်းတို့ကို ဆိုးရွားစွာခံစားနေရပြီး မြို့၏အရေးပါသည့် မြို့ပတ်လမ်းတွင်လည်း ကုန်ကားများ ရမ်းကားစွာမောင်းနှင်ကြသဖြင့် နေ့စဥ်နှင့်အမျှ ယာဥ်အန္တရာယ်နှင့် လမ်းပိတ်မှုများ  ပိုဆိုးလာမည်ကို စိုးရိမ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မြို့ရှောင်လမ်း မကောင်းလို့ မောင်းရတာ အန္တရာယ်များတာမှန်ပေမဲ့ဗျာ ကားကြီးမောင်းတဲ့သူတွေက စသလို ပြောင်သလိုနဲ့ ဟွန်းကိုအနားကပ်ပြီးတီး၊ အဝေးကနေတီး၊ ဆိုင်ကယ်စီးရတာလန့်နေရော။ အိမ်စီးကားနဲ့ဆိုလည်း ဝေးဝေးရှောင်မောင်းရတယ်။ ငြိရင်ငြိပါစေ သူတို့နာစရာမရှိဘူးဆိုပြီး သဘောထားမောင်းတာ ကြောက်စရာကောင်းတယ်။ ဆင်ခြင်သင့်တယ် ထင်တာပဲ” ဟု တောင်ကြီးမြို့နေ ပြည်သူတစ်ဦးက မှတ်ချက်ပေးထားသည် ကိုတွေ့ရသည်။

တောင်ကြီးမြို့ရှောင်လမ်းသည် ညောင်ရွှေမှ ရှမ်းရိုးမ စက်မွေးမြူရေးဇုန်ကိုဖြတ်ပြီး ဆင်တောင်အတက်လမ်းအတိုင်း သွားလျှင် ညိုမီးရွာအနီးသို့လမ်းပြန်ပေါက်သဖြင့် တောင်ကြီးနှင့် အေးသာယာကို ရှောင်ကွင်းသွားနိုင်သောလမ်းဖြစ်သည်။

နန်းမွန်း
#MeKongNews
#တောင်ကြီး
#မြို့ရှောင်လမ်း
#ယာဥ်အန္တရာယ်
#လမ်းပိတ်ဆို့
#တွဲကား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now