နေ့စဥ်သတင်း

စိတ်ကြွဆေး သိန်း ၂၀၀ ဖမ်းပြီးနောက် လာအိုမြောက်ပိုင်းရှိ စစ်စခန်းများကို လက်နက်ကိုင်အဖွဲ့ ဝင်စီး၊ စစ်သား ၅ ဦး သေဆုံးပြီး အရပ်သားများ ပိတ်မိနေ

မဲခေါင် 5 May - 2025
မဲခေါင်၊ မေ ၅ ထိုင်းနိုင်ငံနယ်စပ်၊ လာအိုနိုင်ငံမြောက်ပိုင်း၊ ဘော်ကီယိုခရိုင်ရှိ လာအိုစစ်အခြေစိုက်စခန်းများကို လက်နက်ကိုင်တပ်ဖွဲ့များက ဝင်ရောက်စီးနင်းရာ အနည်းဆုံးလာအိုစစ်သား ၅ဦးသေဆုံးပြီး အရပ်သားများ ပိတ်မိနေကြောင်း သိရသည်။ တိုက်ခိုက်မှုများ ဖြစ်ပွားရာနေရာမှာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝိန်းကန်ခရိုင်ခွဲနှင့် မျက်နှာချင်းဆိုင်ဘက်အခြမ်းတွင် တည်ရှိပြီး မေလ ၃ရက် ညနေပိုင်းမှ စတင်ကာ ဝင်ရောက်စီးနင်းမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လာအိုနိုင်ငံ၊ ဖက်သခရိုင်၊ ဖူဖာမွန်နှင့် ကျိုင်းတောင်းအရပ်ရှိ စစ်စခန်း ၄ခုအနက် ၃ခု စီးနင်းခံရကြောင်း၊ တိုက်ခိုက်သူများသည် လက်နက်ကြီးများ တပ်ဆင်ထားပြီး စနစ်တကျလေ့ကျင့်ထားသူများဖြစ်ကာ စစ်ကူများမလာရောက်နိုင်စေရန်အတွက် ဥမင်များလည်း တူးထားကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ ဒဏ်ရာရသူများကို ကယ်ထုတ်ရန် လာအိုစစ်တပ်က ကြိုးစားသော်လည်း ပစ်ခတ်မှုများဖြင့် ကြုံရပြီး

မဲခေါင်၊ မေ ၅

ထိုင်းနိုင်ငံနယ်စပ်၊ လာအိုနိုင်ငံမြောက်ပိုင်း၊ ဘော်ကီယိုခရိုင်ရှိ လာအိုစစ်အခြေစိုက်စခန်းများကို လက်နက်ကိုင်တပ်ဖွဲ့များက ဝင်ရောက်စီးနင်းရာ အနည်းဆုံးလာအိုစစ်သား ၅ဦးသေဆုံးပြီး အရပ်သားများ ပိတ်မိနေကြောင်း သိရသည်။

တိုက်ခိုက်မှုများ ဖြစ်ပွားရာနေရာမှာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝိန်းကန်ခရိုင်ခွဲနှင့် မျက်နှာချင်းဆိုင်ဘက်အခြမ်းတွင် တည်ရှိပြီး မေလ ၃ရက် ညနေပိုင်းမှ စတင်ကာ ဝင်ရောက်စီးနင်းမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လာအိုနိုင်ငံ၊ ဖက်သခရိုင်၊ ဖူဖာမွန်နှင့် ကျိုင်းတောင်းအရပ်ရှိ စစ်စခန်း ၄ခုအနက် ၃ခု စီးနင်းခံရကြောင်း၊ တိုက်ခိုက်သူများသည် လက်နက်ကြီးများ တပ်ဆင်ထားပြီး စနစ်တကျလေ့ကျင့်ထားသူများဖြစ်ကာ စစ်ကူများမလာရောက်နိုင်စေရန်အတွက် ဥမင်များလည်း တူးထားကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။

ဒဏ်ရာရသူများကို ကယ်ထုတ်ရန် လာအိုစစ်တပ်က ကြိုးစားသော်လည်း ပစ်ခတ်မှုများဖြင့် ကြုံရပြီး တိုက်ပွဲဖြစ်ပွားရာနေရာသို့ သွားရောက်ရန်ကြိုးပမ်းသည့် အကြီးတန်းအရာရှိတစ်ဦးမှာလည်း တိုက်ခိုက်ခံရပြီး သေဆုံးကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် ၇နှစ်အရွယ် မိန်းကလေးငယ်တစ်လည်း ပိတ်မိနေပြီး အရပ်သားများလုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေရှိကြောင်း သိရသည်။

ဖက်သခရိုင်အတွင်းရှိ ဟွေဆနန်၊ လမ်းပင်းနှင့် ဟက်စကဲ့သို့ ကျေးရွာများသို့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများလည်း ဖြတ်တောက်ခံထားရပြီး အရပ်သားများလည်း ထွက်ခွင့်မရကြောင်း၊ မရှိမဖြစ်ကုန်ပစ္စည်းများလည်း ပို့ဆောင်၍မရသည့်အတွက် စိုးရိမ်ကြောက်ရွံ့မှုများ မြင့်တက်နေကြောင်း ဒေသခံများကပြောသည်။

တိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းမှာ လာအိုနိုင်ငံ၊ ကျိုင်းတောင်းအရပ်တွင် မကြာသေးမီက စိတ်ကြွဆေးပြား သန်း ၂၀ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ဆက်စပ်နေကြောင်း သုံးသပ်ကြသည်။ တိုက်ခိုက်မှုတွင် တိုင်းရင်းသားပြည်သူ့စစ်များနှင့် ဆက်စပ်နေသည့် နိုင်ငံဖြတ်ကျော်မူးယစ်ရာဇဝတ်ဂိုဏ်များ ပါဝင်နေသည်ဟု လေ့လာသူများက သုံးသပ်သည်။

ထောက်လှမ်းရေးအစီရင်ခံစာများက တိုက်ခိုက်မှုတွင် နိုင်ငံတကာနောက်ခံရှိသည်ဟု သံသယရှိရသော မုန်းတိုက်ခိုက်ရေးသမားများ ပါဝင်သည်ဟု ဖော်ပြနေသည်။

ထိုင်းနိုင်ငံဘက်ကမှု အရေးပေါ်အနေဖြင့် တိုက်ခိုက်ရေးတပ်ဖွဲ့ အမှတ် ၃၁၀၄ ကို နယ်စပ်တစ်လျှောက်တွင် တပ်ဖြန့်ချထားကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် ထိုင်နိုင်ငံဘက်ရှိ ကျေးရွာများသို့ ကျည်ဆံများ ကျရောက်လာကြောင်း သိရသဖြင့် ဖာဘွန်နှင့် ဖူချိဒေါင်ဒေသများတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များ ကင်းလှည့်နေပြီး မဲခေါင်မြစ်တလျှောက်တွင်လည်း ထိုင်းရေတပ်က ကင်းလှည်နေသည်။

တိုက်ပွဲများဖြစ်ပွားရာဒေသမှာ ထိုင်း၊​ မြန်မာ၊ လာအို ၃နိုင်ငံဆုံရာ ရွှေတြိဂံဒေသနှင့် မလှမ်းမကမ်းတွင် တည်ရှိပြီး မဲခေါင်မြစ်ကြောင်းဘေးတွင်ဖြစ်သည်။ လာအိုနိုင်ငံ၊ ဘော်ကီယိုခရိုင်တွင် ဧပြီလ ၂၁ရက် ညနေပိုင်းက စိတ်ကြွေဆေးပြား သန်း ၂၀ ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

Source – TransborderNews
#MeKongNews
#လာအိုနိုင်ငံ
#ဘော်ကီယိုခရိုင်
#စစ်အခြေစိုက်စခန်း
#စီးနင်း
#မူးယစ်ဆေးဝါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now