မဲခေါင်၊ မေ ၅
မေ ၂ ရက်နေ့က ဘိုလီးဗီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှ ထရီနီဒက်ရှိ ဘူးရက်စ်ဒေသသို့ လေကြောင်း ခရီးတိုပျံသန်းစဉ် လေယာဉ်ငယ် အင်ဂျင်ချို့ယွင်းပြီး အရေးပေါ်ဆင်းသက်ရာ မိချောင်းများ ထူပြောရာ စိမ့်ကန်အတွင်း ကျရောက်သွားပြီး လေယာဉ်ပေါ်လိုက်ပါသူ လေယာဉ်မောင်း၊ ကလေးငယ်တစ် ယောက်နှင့် အမျိုးသမီး ၃ ဦးသည် လေယာဉ်ပျက်ပေါ် ၃၆ နာရီကြာ မတ်တပ်ရပ်တောင့်ခံရင်း ဘေးကင်းစွာဖြင့် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
လေယာဉ်မောင်သည် ၂၉ နှစ်သာရှိသေးသော်လည်း အင်ဂျင်ချို့ယွင်းခြင်းကြောင့် အီတာနိုမက်စ် မြစ် အတွင်း အရေးပေါ်ဆင်းသက်ရန် ဆုံးဖြတ်ခဲ့သော်လည်း လေယာဉ်သည် လားရာ ထိန်းမရနိုင်တော့ သည့်အဆုံး ရေစပ်စပ်ရှိပြီး အပင်ကြီးများမရှိသည့် စိမ့်ကန်ထဲ ထိုးဆင်းခဲ့သလို လေယာဉ်ပျက်ပေါ် တွင် မတ်တပ်နေရန် လမ်းညွှန်မှု မှန်ကန်ခဲ့သဖြင့် လိုက်ပါသူအားလုံး အသက်ရှင်နိုင်ခဲ့ခြင်းဖြစ်သည်။
လေယာဉ်ပျက်ငယ်သည် ရေထဲ နစ်နေပြီး အနီးအနား ၁၀ ပေလောက် ရောက်သည်အထိ မိချောင်းကြီးများ လာရောက် အစာရှာနေသည်ကို အသည်းယားစရာမြင်တွေ့ရသလို အန်ဒါကွန်ဒါမြွေကြီးတစ်ကောင်ပါ မြင်တွေ့ရကြောင်း၊ သို့သော် လေယာဉ်ပေါ် မတ်တပ်တက် ရပ်နေကြချိန် လေယာဉ်ပျက်မှ ယိုစိမ့်သည့် ဆီများကြောင့် အနားအထိ မိချောင်းများမလာကြောင်း၊ ညဘက်တွင် ဖုန်းမီးများကို မိချောင်းလာနိုင်သည့်ဘက်များသို့ ထိုးပြီး အထိတ်တလန့်ဖြင့် ၃၆ နာရီကြာ မတ်တပ်နေခဲ့ရပြီးမှ အရေးပေါ် ကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြင့် လာရောက် ကယ်တင်နိုင်ခြင်းဖြစ်ပြီး အားလုံး ကျန်းမာရေး ကောင်းမွန်ပြီး ကံကြီးစွာဖြင့် မိချောင်းစာမမိခြင်းဖြစ်သည်ဟု သိရှိရသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဘိုလီးဗီးယား
#မိချောင်း
#လေယာဉ်ပျက်ကျ
#အမေဇွန်တော








