နေ့စဥ်သတင်း

ဝမ်ပုံရဲ ရွှေ့ပြောင်းလုပ်သားများထံမှ ငွေမတရားတောင်းခံ

မဲခေါင် 2 May - 2025
မဲခေါင်၊ မေ ၂ လာအိုနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ်သားများထံမှ ဝမ်ပုံဆိမ်ကမ်းနှင့် လမ်းတလျှောက်တွင် တာဝန်ကျသည့် ရဲများက ငွေကြေးအဆမတန် တောင်းခံနေကြောင်း ဖြတ်သန်းသွားလာသူများထံမှ သိရသည်။ လာအိုနိုင်ငံသို့ သွားရောက်ရာ လမ်းတလျှောက်တွင်ရှိသည့် စစ်ဆေးရေးဂိတ်များ၌ ပုံမှန်အားဖြင့် ခရီးသည်တစ်ဦးလျှင် ဘတ် ၂၀၀ ပေးရပြီး ယင်းငွေကြေးပမာဏမှာ လာအိုသို့ သွားရောက်လုပ်ကိုင်လိုသူများအတွက် သင့်တင့်သည့် ပမာဏဖြစ်ကာ အားလုံးက မငြီးမငြူ ပေးကြကြောင်း၊ သို့သော် ဝမ်ပုံဆိပ်ကမ်းမှ ရဲများမှာ ဘတ် ၃ထောင်၊ ၅ထောင် စသည်ဖြင့် မတရားတောင်းခံခြင်းဖြစ်ကြောင်း ခရီးလမ်းတွင် သွားလာနေသူတစ်ဦးက ပြောသည်။ “လာအိုသွားအလုပ်လုပ်တဲ့သူတွေဆိုတာ ခက်ခဲကြတယ်။ ဟိုမှာလည်း လုပ်ခလစာအများကြီးရကြတာမဟုတ်ဘူး။ ဒါကို တော်ရုံတန်ရုံတောင်းတယ်ဆို တော်သေးတယ်။ အခုက

မဲခေါင်၊ မေ ၂

လာအိုနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ်သားများထံမှ ဝမ်ပုံဆိမ်ကမ်းနှင့် လမ်းတလျှောက်တွင် တာဝန်ကျသည့် ရဲများက ငွေကြေးအဆမတန် တောင်းခံနေကြောင်း ဖြတ်သန်းသွားလာသူများထံမှ သိရသည်။

လာအိုနိုင်ငံသို့ သွားရောက်ရာ လမ်းတလျှောက်တွင်ရှိသည့် စစ်ဆေးရေးဂိတ်များ၌ ပုံမှန်အားဖြင့် ခရီးသည်တစ်ဦးလျှင် ဘတ် ၂၀၀ ပေးရပြီး ယင်းငွေကြေးပမာဏမှာ လာအိုသို့ သွားရောက်လုပ်ကိုင်လိုသူများအတွက် သင့်တင့်သည့် ပမာဏဖြစ်ကာ အားလုံးက မငြီးမငြူ ပေးကြကြောင်း၊ သို့သော် ဝမ်ပုံဆိပ်ကမ်းမှ ရဲများမှာ ဘတ် ၃ထောင်၊ ၅ထောင် စသည်ဖြင့် မတရားတောင်းခံခြင်းဖြစ်ကြောင်း ခရီးလမ်းတွင် သွားလာနေသူတစ်ဦးက ပြောသည်။

“လာအိုသွားအလုပ်လုပ်တဲ့သူတွေဆိုတာ ခက်ခဲကြတယ်။ ဟိုမှာလည်း လုပ်ခလစာအများကြီးရကြတာမဟုတ်ဘူး။ ဒါကို တော်ရုံတန်ရုံတောင်းတယ်ဆို တော်သေးတယ်။ အခုက ဘတ် ၅ထောင်လောက် အထိ တောင်းကြတယ်။ မရှိလို့ သွားလုပ်စားပါတယ်ဆို” ဟု ၎င်းကပြောသည်။

တာချီလိတ်မှတဆင့် လာအိုနိုင်ငံသို့ သွားရာတွင် လမ်း၌ ဝေလေလန်ဂိတ်၊ ပါခုတ်ဂိတ်နှင့် ဝမ်ပုံဆိပ်ကမ်းတို့တွင် ငွေပေးရပြီး မဲခေါင်ဆိပ်ကမ်းဖြစ်သည့် ဝမ်ပုံကျေးရွာဆိပ်ကမ်းတွင်မူ ငွေတောင်းသည့် အဖွဲ့အများအပြားရှိကြောင်း၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ငွေတောင်းသည့်အဖွဲ့ ပိုများလာသလို ငွေတောင်းခံမှုလည်း ပိုများလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်ဘက်အခြမ်းရှိ မဲခေါင်မြစ်ဆိပ်၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုသွားသူများအပြင် အခြားမှောင်ခိုလုပ်ငန်းများစွာရှိကြောင်း၊ သို့သော် မှောင်ခိုလုပ်ငန်းများအားလုံးမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊​ တာချီလိတ်စစ်ဗျူဟာမှူးတို့နှင့် ချိတ်ဆက်ထားသည့်အတွက် အောက်ခြေရဲများ ငွေတောင်း၍ မရကြောင်း၊ ထို့ကြောင့် အောက်ခြေရဲများမှာ လာအိုသွားသူများကို အဓိကပစ်မှတ်ထားကာ အကြောင်းအမျိုးမျိုးပြငွေတောင်းခံနေခြင်းဖြစ်ကြောင်း ယင်းဒေသခံက ပြောသည်။

“မြစ်ဘေးမှာက အဖွဲ့တွေများနေတာ၊ ဘောင်းဘီရှည်မြင်ရင်ကိုကြောက်နေရတာ။ နကသ ရဲ တွေက ညလည်းမြစ်ဆိပ်မှာမူးပြီး တွေ့တဲ့သူရန်လုပ်၊ ပြသနာရှာ။ ဟိုနေ့ကဆို နကသ ရဲ သန်းမင်းစိုးက ခရီးသည် ၂ယောက်ကို ဘတ် ၅ထောင်တောင်းတာ၊ ဟိုက တစ်ထောင်ပဲပေးနိုင်တော့ ထိုင်ခိုင်းပြီးဖမ်းမယ်လုပ်တယ်” ဟု ၎င်းက ပြောသည်။

လာအိုနိုင်ငံရှိ လုပ်ငန်းအချို့တွင် လုပ်သားလိုအပ်ချက်ကြောင့် မြန်မာနိုင်ငံမှ လုပ်သားများကို ဝန်ဆောင်ခအခမဲ့နှင့် ခေါ်ယူမှုများရှိပြီး တချို့မှာလည်း ပွဲစားကို ဝန်ဆောင်ခပေးပြီး လမ်းစရိတ် ကျပ်သိန်းဆယ်ချီကုန်ခံကာ မြန်မာပြည်အရပ်ရပ်မှ လာရောက်လုပ်ကိုင်သူများလည်းရှိကြောင်း၊ လက်ရှိတွင် လာအိုနိုင်ငံ၌ မြန်မာလုပ်သား သောင်းနှင့်ချီရှိနေသလို နေ့စဉ်လည်း သွားရောက်နေကြဆဲဖြစ်ကြောင်း သိရသည်။

ရွှေတြိဂံဧရိယာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၏ မဲခေါင်မြစ်တဖက်ကမ်းရှိ လာအိုနိုင်ငံ၊ ဘော်ကဲယိုခရိုင်အတွင်း ကာစီနိုစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံသားအလုပ်သမားများ ၂၀၀၆ ခုနှစ်ကတည်းက စတင်ဝင်ရောက်အလုပ်
လုပ်ကိုင်နေခြင်းဖြစ်ပြီး အလုပ်သမားဦးရေ သောင်းနှင့်ချီရှိကြောင်း၊ လာအိုတွင် ရခိုင်ရွာဟု အမည်ပေးထားသည့် ရွာတည်ကာ နေထိုင်ကြပြီး ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်း၊ ကာစီနိုလုပ်ငန်းနှင့် စိုက်ပျိုးရေးခြံများတွင် အများဆုံးလုပ်ကိုင်ကြပြီး အလုပ်ရှင်များမှာ တရုတ်လုပ်ငန်းရှင်များရှိကြောင်း သိရသည်။

ပုံအညွှန်း – ဝမ်ပုံဆိပ်ကမ်းတာဝန်ကျရဲမှ ခရီးသည်များထံမှ ငွေညှစ်နေစဉ် (ထိုင်နေသူ ၂ဦးမှာ ခရီးသည်ဖြစ်ပြီး မတ်တပ်ရပ်နေသူ ၂ဦးမှာ ငွေညှစ်နေသည့် ရဲ ၂ဦးဖြစ်သည်)
ဇော်မြင့်
#MeKongNews
#လာအိုနိုင်ငံ
#ဝမ်ပုံဆိပ်ကမ်း
#ဝေလေလန်ဂိတ်
#ပါခုတ်ဂိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now