မဲခေါင်၊ ဧပြီ ၂၆
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာရှိ သူငယ်ချင်းအိမ်သို့ အလည်သွားသည့် ဟိုပုံးမြို့နယ်၊ ဂနိုင်စုံကျေးရွာမှ မောင်နှမ ၂ ဦး ဧပြီလ ၂၂ ရက်နေ့ကတည်းက ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးနေကြောင်း မိသားစုထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်၊ နံနက်ပိုင်း ၆ နာရီခန့်တွင် ဟိုပုံးမြို့နယ်၊ ဂနိုင်စုံကျေးရွာမှ ဘန်းယဥ်ရှိ သူငယ်ချင်းအိမ်ကိုသွားလည်ရင်း ပျောက်ဆုံးနေသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
“သူငယ်ချင်းအိမ်က အပြန်မှာ သတင်းမရတော့တာ၊ ခုချိန်ထိဘယ်ကမှလည်း ဆက်သွယ်မလာဘူး။ ဆိုင်ကယ်လည်းပါသွားတော့လေ ကလေးတွေ အသက်အန္တရာယ် စိုးရိမ် စိတ်ပူနေရတာ၊ တွေ့သူ သတင်းရသူရှိရင် ဖုန်းတွေကို အမြန်ဆက်သွယ်ပေးပါလို့၊ ထိုက်ထိုက်တန်တန်လည်း ကျေးဇူးပြုပါ့မယ်” ဟု မိသားစုဝင်တစ်ဦးက မဲခေါင်ထံ ပြောသည်။
ပျောက်ဆုံးနေသူများမှာ မမီမီအောင် ၁၉ နှစ်နှင့် အောင်ဝိုင်ဇေအောင် ၁၇ နှစ်တို့ဖြစ်ကြပြီး ၎င်းတို့စီးသွားသည့် HONDA CLICK ဘီး အဖြူရောင်ပါ ပျောက်ဆုံးနေသည်ဟု သိရသည်။
မောင်နှမ ၂ ဦးကို တွေ့ရှိပါက ဖုန်းနံပါတ် (၀၉၂၆၈၇၈၆၆၇၄၊ ၀၉၂၅၉၆၆၅၆၀၅၊ ၀၉၂၅၅၅၆၁၁၀၀) များသို့ ဆက်သွယ် အကြောင်းကြားပေးဖို့နှင့် ဝိုင်းဝန်းကူညီပြီးတော့ အမြန်ဆုံးတွေ့အောင် ကူရှာပေးကြဖို့ မိသားစုဝင်တွေက မေတ္တာရပ်ခံထားသည်။
#MeKongNews
#လူပျောက်ကြော်ငြာ
#ဘန်းယဉ်
#ပအိုဝ်းဒေသ
#ဆီဆိုင်မြို့နယ်








