နေ့စဥ်သတင်း

ပင်လောင်းတွင် ငလျင်ဒဏ်ခံရသူများ အကူအညီရရှိမှု နည်းပါး

မဲခေါင် 25 Apr - 2025
မဲခေါင်၊ ဧပြီ၂၅ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးမှုများ၊ ထိခိုက်ခံစားရသူများအတွက် အကူအညီရရှိမှုနည်းပါးကာ လိုအပ်ချက်များ ရှိနေကြောင်း Pa-O Youth Organization က ယနေ့ ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ပျက်စီးခဲ့သည်များထဲမှ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ကျေးရွာ ၃၅ ရွာမှ လူ ၃ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ၊ အဆောက်အအုံပေါင်း ၇၆၅ ခုခန့် ပျက်စီးဆုံးရှုံးမှုရှိသည်ကို ကောက်ယူရရှိသည် မြေပြင်အချက်အလက်မှတ်တမ်းအရ တွေ့ရှိရကြောင်း၊ ငလျင်ဒဏ်သင့်

မဲခေါင်၊ ဧပြီ၂၅

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးမှုများ၊ ထိခိုက်ခံစားရသူများအတွက် အကူအညီရရှိမှုနည်းပါးကာ လိုအပ်ချက်များ ရှိနေကြောင်း Pa-O Youth Organization က ယနေ့ ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ပျက်စီးခဲ့သည်များထဲမှ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ကျေးရွာ ၃၅ ရွာမှ လူ ၃ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ၊ အဆောက်အအုံပေါင်း ၇၆၅ ခုခန့် ပျက်စီးဆုံးရှုံးမှုရှိသည်ကို ကောက်ယူရရှိသည် မြေပြင်အချက်အလက်မှတ်တမ်းအရ တွေ့ရှိရကြောင်း၊ ငလျင်ဒဏ်သင့် နေအိမ်ပျက်စီးမှု ရင်ဆိုင်ကြုံတွေ့နေရသည့်သူများသည် အကူညီရရှိမှုနည်းပါးနေပြီး ပျက်စီးမှုဆိုင်ရာ သတင်းအချက်အလက်များသည်လည်း မီဒီယာပေါ် ဖော်ပြနိုင်မှု အားနည်းနေသည်ကိုတွေ့ရကြောင်း PYO က ထုတ်ပြန်သည်။

ပင်လောင်းမြို့နယ်အတွင်း လတ်တလောလိုအပ်ချက်များအနေဖြင့် ယာယီနေထိုင်ရန် တဲများ၊ အမိုးအကာနှင့် အခင်းများ၊ အရေးပေါ်  ကျန်းမာရေးဆေးဝါးများ၊ ငွေကြေးမှု ပံ့ပိုးမှုများလိုအပ်နေပြီး ရေရှည်လိုအပ်ချက်များအနေဖြင့် အိုးအိမ်ပြန်လည်မွမ်းမံရေးနှင့် တည်ဆောက်ရေးဆိုင်ရာ အကူအညီများ (ဥပမာ – သွပ်၊ အုပ်၊ ဘိလပ်မြေ စသဖြင့်)၊ ရေကန်များ ပြန်လည်ပြုပြင်ရေးဆိုင်ရာ အကူအညီများ၊ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အကူအညီများ၊ စိုက်ပျိုးမြေပျက်စီးမှုများနှင့် စိုက်ပျိုးရေးမျိုးစေ့ အကူအညီများ၊ လမ်းပန်းဆက်သွယ်ရေး ပြန်လည်းပြုပြင်ရေး အကူအညီများ၊ လူမှူဖူလုံရေး အကူညီများ လိုအပ်နေကြောင်း PYO က ထုတ်ပြန်သည်။

ပင်လောင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ခံရသည့် ကျေးရွာများတွင် အလှူရှင်မှာ မရှိသလောက်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“အလှူရှင်တွေ မရှိသလောက်ပဲ။ အချို့ရွာတွေဆို ဘာမှမရှိဘူး။ ပြန်ထူထောင်ဖို့မပြောနဲ့ စားဖို့နေဖို့ကို ခက်နေပြီ။ သောက်ရေ သုံးရေကအစ ပြတ်လာနေတာ” ဟု ပင်လောင်းမြို့နယ်၊ မောက်ထီဗွာရွာမှ စားစရာဆန် တောင်ကြီးသို့ တက်ဝယ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ၇.၇ ပြင်းအားရှိ စစ်ကိုင်ပြတ်ရွေ့ကြော ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး ရှမ်းကုန်းပြင်မြင့်၊ နေပြည်တော်နှင့် ပဲခူး စသော ဒေသရှိ လူပေါင်း ၄၄၂၆ ဦး သေဆုံး၊ ၁၁၃၆၆ ဦး ထိခိုက်ဒဏ်ရာနှင့် နေအိမ်အောက်အအုံ အမြောက်အမြားလည်း ပျက်စီးခဲ့သည်ဟု PYO က ဆိုသည်။

မဟာ
#MeKongNews
#စစ်ကိုင်းငလျင်
#အကူအညီလိုအပ်
#ပင်လောင်း
#ပအိုဝ်းဒေသ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now