မဲခေါင်၊ ဧပြီ ၁၉
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ဆိုင်ချောင်းအတွင်း၌ မွေးကင်းစကလေးငယ် ရုပ်အလောင်းတစ်လောင်း တွေ့ရှိရကြောင်း ဦးလှမိုးလူမှုကူညီရေးအသင်းထံမှ သိရှိရသည်။
ယနေ့ ဧပြီလ ၁၉ရက်၊ ညနေ ၅နာရီဝန်းကျင်တွင် တာချီလိတ် -မယ်ဆိုင်ရေချောင်း၊ ဆန်ဆိုင်းမြို့ပတ်လမ်းအနောက်ချောင်းထဲ၌ မွေးကင်းစ ယောကျ်ားလေးတစ်ဦး၏ ရုပ်အလောင်း မျောပါလာသဖြင့် ကျောက်တောင် မြို့မသုသာန်သို့ ပို့ဆောင်ကူညီပေးကာကောင်းမွန်စွာဖြင့် မီးသင်္ဂြိုလ်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
ယင်းဖြစ်ရပ်အပေါ် ဦးလှမိုးလူမှုကူညီရေးအသင်းတာဝန်ခံက “ယခုလို လုပ်ရပ်မျိုး (လုံး၀)မလုပ်သင့်ပါ။ နာရေးအတွက်သင်္ဂြိုလ်စားရိတ်မရှိရင် အသင်းမှ အားလုံး တာဝန်ယူ ကူညီဆောင်ရွက်ပေးပါမည်။ အချိန်မရွေးဆက်သွယ်၍ အကူညီတောင်းခံနိုင်ပါတယ်ရှင်”ဟု ပြောကြားသည်။
တာချီလိတ်မြို့တွင် မွေးကင်းစကလေးအလောင်းများ တွေ့ရှိမှုများပြားလာသဖြင့် ဦးလှမိုးလူမှုအသင်းသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသင်းက အသိပေးကြေညာထားသည်။
Photo – ဦးလှမိုးလူမှုကူညီရေးအသင်း
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်ချောင်း
#ကလေးငယ်
#ဦးလှမိုးလူမှုကူညီရေးအသင်း








