မဲခေါင်၊ ဧပြီ ၁၉
ဧပြီ ၁၁ ရက်မှ ၁၇ ရက် ထိုင်းနိုင်ငံ ဆုန်ကရန်သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် ၂၅၃ ယောက်သေဆုံးပြီး ၁၄၉၅ ယောက် ဒဏ်ရာရခဲ့ကြောင်း ထိုင်းလမ်းလုံခြုံရေး အော်ပရေးရှင်းစင်တာမှ ထုတ်ပြန်သည်။
ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သော အနူတင်ဦးဆောင်သည့် သင်္ကြန်လမ်းလုံခြုံရေးအော်ပရေးရှင်မှတ်တမ်းအရ ပွဲတော်ရက် ၇ ရက်အတွင်း မတော်တဆမှုပေါင်း ၁၅၃၈ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရှိရကာ သေဆုံးမှုမရှိသည့် ခရိုင်မှာ နာခွန်းနာရော့၊ ဖိချစ်၊ ဖူခက်၊ ရနောင်း၊ ဆာတန်နှင့် ဆင်ဘူရီခရိုင် ၆ ခုသာရှိပြီး ကျန်ခရိုင်များအတွင်း လမ်းပိုင်းဆိုင်ရာမတော်တဆမှုများ ရှိခဲ့ကြောင်း၊ သေဆုံးမှုအများဆုံးမှာ ဘန်ကောက်ဖြစ်ကာ ၁၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖက်သလန်တွင် မတော်တဆမှု အများဆုံးနှင့် ဒဏ်ရာရရှိမှု အများဆုံးဖြစ်ခဲ့ကာ အများစုမှာ လမ်းအဖြောင့်မှာပင် ဖြစ်ပွားသည့် ဆိုင်ကယ်မတော်တဆမှုများဖြစ်ပြီး မတော်တဆမှုပေါင်း၏ ၈၄ . ၁၁ ရာခိုင်နှုန်း ရှိခဲ့သည်။ ဟိုင်းဝေးလမ်းများပေါ်တွင် ဖြစ်ပွားသည့် မတော်တဆမှုမှာ ဒုတိယအများဆုံးအဖြစ် ၄၄ . ၂၂ ရာခိုင်နှုန်း၊ ရွာလမ်းများတွင် ဖြစ်ပွားသည့် မတော်တဆမှုပေါင်း ၂၉ . ၂၅ ရာခိုင်နှုန်း၊ မြို့လမ်းများပေါ်တွင် ဖြစ်ပွားသည့် မတော်တဆမှု ၁၄ . ၂၉ ရာခိုင်နှုန်းရှိခဲ့သည်ဟု ဆိုသည်။
မတော်တဆမှုအများဆုံး ဖြစ်ပွားသည့် အချိန်သည် ည ၆ နာရီ ၁ မိနစ်မှ ၉ နာရီကြားဖြစ်ပြီး ၁၈ . ၃၇ ရာခိုင်နှုန်း၊ မနက် ၉ နာရီ ၁ မိနစ်မှ မွန်လွဲချိန်အတွင်းနှင့် မွန်းလွဲ ၃ နာရီ ၁ မိနစ်မှ ညနေ ၆ နာရီအတွင်း ဖြစ်ပွားမှု ၁၇ . ၆၇ ရာခိုင်နှုန်းရှိခဲ့သည်။
ဒုဝန်ကြီးချုပ်အနူတင်က သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုအားပိုကောင်းခဲ့သောကြောင့် ယမန်နှစ် ဆုန်ကရန် သင်္ကြန်ပွဲတော်ကာလကထက် သေဆုံးနှုန်း လျော့နည်းသွားခဲ့သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref:The Nation Thailand
#MeKongNews
#ဆုန်ကရန်
#သင်္ကြန်ပွဲတော်
#ယာဉ်တိုက်မှု
#ထိုင်းနိုင်ငံ








