မဲခေါင်၊ ဧပြီ ၁၇
ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းကို NUG အစိုးရမှာ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် အသိအမှတ်ပြု တည်ထောင်ပေးခြင်း ၃နှစ်ပြည့်အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ယနေ့ ဧပြီလ ၁၇ရက်၌ ကျင်းပပြုလုပ်သည်။
ယင်း အခမ်းအနားတွင် လက်နက်ကိုင်တော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် ဖယ်ခုံ PDF တပ်ဖွဲ့ဝင် ၃၁ ဦးအား ချီတက်အလေးပြုခြင်း၊ ကျန်ရစ်သည့်မိသားစုဝင်များအား ဂုဏ်ပြုစကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးပါသော မဟာမိတ်တပ်ရင်းများ နှင့် သဝဏ်လွှာပေးပို့ပေးခဲ့ကြသော ရဲဘက်မဟာမိတ်တပ်ရင်းများကိုလည်း ၁၀၀၆ တပ်ရင်းအနေဖြင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယ်ခုံPDF(၁၀၀၆ တပ်ရင်း) အနေဖြင့် မပြီးဆုံးသေးသော တော်လှန်ရေးလမ်းခရီးတွင် ရည်မှန်းချက် အောင်ပွဲရသည်အထိ ဆက်လက်လျှောက်လှမ်းနေဦးမည်ဖြစ်ကြောင်း၊ ဘုံရန်သူ အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ၎င်းတို့၏ စနစ်အား နောင်မျိုးဆက်များအတွက်မချန် အမြစ်ပြတ်သည်အထိ ချေမှုန်းတိုက်ထုတ်ရင်း တော်လှန်ရေးတွင် အပြောင်မြောက်ဆုံးသော သမိုင်းများရေးထိုးသွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုကြောင်း ဖော်ပြထားသည်။
#MeKongNews
#ဖယ်ခုံPDF
#၁၀၀၆တပ်ရင်း
#တော်လှန်ရေး
#NUG








