မဲခေါင်၊ ဧပြီ ၁၆
ဧပြီ ၁၆ ရက်ထွက် ထိုင်းထီတွင် ချွန်ဘူရီခရိုင်၊ ဆာအိုဆန် အမှတ် (၆) ရွာစျေးမှ ဟင်းသီးဟင်းရွက်ရောင်းသော အဘိုးလင်မယား ကံထူးသွားခဲ့သည်။
အသက် ၆၆ နှစ်ရှိပြီဖြစ်သော ချန်ဒမ်းဆွန်ဝမ်နှင့် ၄၄ နှစ်အရွယ် ဇနီးသည် ဘွန်ထိုင်းဆောင်တို့သည် နံပါတ် ၂၆၆၂၇၇ နံပါတ်ပါ ၂စောင်တွဲထီမှ ဘတ် ၁၂ သန်း ထီပေါက်သွားခဲ့ခြင်းဖြစ်ကာ ဆာအိုဆန်စျေးအတွင်း ဟင်းသီးဟင်းရွက်ရောင်းခဲ့သည်မှာ နှစ် ၂၀ ကြာခဲ့ပြီး စျေးအတွင်း လာရောင်းသည့် ထီလက်မှတ်သည်ထံမှ ၂စောင်တွဲထိုးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထီပေါက်ကြောင်းသိရပြီးနောက် ရောင်းချမည့် ဟင်းသီးဟင်းရွက်များကို စျေးသူစျေးသားများနှင့် စျေးလာဝယ်သူများထံ အလကားဝေပေးခဲ့ပြီးနောက် ရရှိမည့် ဆုငွေထဲမှ ဘတ် ၇သိန်း တန် လယ်ကွက်ဝယ်ယူစိုက်ပျိုးမည်ဖြစ်ကာ ကျန်ငွေများကို လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ပြီး ထီလာရောင်းပေးသူကိုလည်း အထူးကျေးဇူးတင်ကြောင်း ယင်းအဘိုးလင်မယားက ပြောသွားသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ထိုင်းထီ
#ချွန်ဘူရီ
#ဘတ်၁၂သန်း
#ဈေးသည်








