မဲခေါင်၊ ဧပြီ ၁၆
ထိုင်းအစိုးရက ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွား ၁၀.၇ သန်း လာရောက်လည်ပတ်ခဲ့ပြီး ထိုထဲမှ ၆၆၆၀၀၀ ဦးသည် ဆုန်ကရန်သင်္ကြန်ရက်အတွင်း လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ဧပြီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်ပခရီးသွားများ အသုံးစားရိတ်နှင့်ပတ်သက်သည့် ဝင်ငွေမှာ ဘတ် ၅၁၀ ဘီလီယံ ကျော်ရှိခဲ့ကြောင်းနှင့် ယူနက်စကိုအသိအမှတ်ပြု ဆုန်ကရန် သင်္ကြန်ပွဲတော်ကြောင့် အဓိက ဝင်ငွေရင်းမြစ်အဖြစ် ရရှိနိုင်ခဲ့ကြောင်းလည်း ခရီးသွားနှင့် အားကစားဝန်ကြီး သီယန်သောင်က ထုတ်ပြန်ပြောဆိုသည်။
ဆုန်ကရန်သင်္ကြန်ရက်နီးချိန်တွင် ပြည်ပခရီးသွား ဝင်ရောက်မှုနှုန်းမှာ ၁၇.၆၁ ရာခိုင်နှုန်း ခုန်တက်သွားပြီး အများဆုံးလာရောက်လည်ပတ်သော ပြည်ပသားများမှာ တရုတ်နှင့် အိန္ဒိယနိုင်ငံသားများဖြစ်သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် တစ်ပတ်အတွင်း ထိုင်းသို့ အုပ်စုလိုက်လာရောက်သည့် နိုင်ငံခြားခရီးသွားနှုန်းမှာ တစ်ရက်ပျမ်းမျှ ၉၅၁၆၉ ဦးရှိကာ စုစုပေါင်း ၆၆၆၁၈၀ ဦး ပွဲတော်လာပြီး အများဆုံးလာရောက်သည့် ထိပ်သီး ၅ နိုင်ငံမှာ မလေးရှား (၁၀၂၁၀၆ ဦး)၊ တရုတ် (၈၂၂၇၄ ဦး)၊ အိန္ဒိယ (၅၅၁၅၈ ဦး)၊ ရုရှား (၄၀၂၈၃ ဦး)နှင့် ဗြိတိန် (၃၂၁၉၉ ဦး)တို့ဖြစ်ကြောင်း သိရသည်။
ဆုန်ကရန်သင်္ကြန်ပွဲတော် ၃ ရက်အတွင်း ဘန်ကောက်ရှိ ဆီလွန်လမ်းနှင့် ခို့ဆန်လမ်းသည် လာရောက် သူအများဆုံးအဖြစ် ၆၅၁၂၉၅ ဦးလာရောက်ခဲ့ကြောင်း၊ Sanam Luang ရှိ ၂၀၂၅ မဟာဆုန်ကရန် ကမ္ဘာ့ရေကစားပွဲတော်ဝင်းတစ်ခုအတွင်းမှာပင် နိုင်ငံခြားခရီးသွားများနှင့် ဆက်စပ်သည့် ဝင်ငွေ ဘတ် ၁.၇ ဘီလီယံ ရရှိခဲ့သည်ဟုလည်း စာရင်းထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref:Bangkokpost
#MeKongNews
#ဆုန်ကရန်
#ထိုင်းနိုင်ငံ
#နိုင်ငံခြားသား
#သင်္ကြန်ပွဲတော်








