မဲခေါင်၊ ဧပြီ ၁၄
ဆုန်ကရန်သင်္ကြန်ပွဲတော်ကျင်းပနေပြီဖြစ်သော်လည်း မတ် ၂၈ ရက် ငလျင်ဒဏ်ကြောင့် ပြိုကျသွားသည့် ဘန်ကောက် ဆောက်လက်စ အထပ် ၃၀ စာရင်းစစ်ရုံးတွင် ရှာဖွေမှုများကို ဆက်လက်လုပ် ဆောင်နေရာ ဧပြီ ၁၄ ရက်၌ အလောင်း ၄ လောင်း ထပ်မံရရှိပြီး စုစုပေါင်းသေဆုံးစာရင်း ၄၁ ယောက် ရှိလာခဲ့ပြီဖြစ်သည်။
အဆောက်အအုံပျက်ထဲတွင် ပျောက်ဆုံးနေသေးသူဦးရေမှာ ၅၃ ယောက်ကျန်ရှိနေသေးကြောင်းလည်း သိရသည်။ ယင်းအဆောက်အအုံသည် ထိုင်းနှင့်တရုတ်တို့ ဖက်စပ်တည်ဆောက်နေသော အဆောက်အအုံဖြစ်ကာ အသုံးပြုသည့် သံချောင်းများမှာ သတ်မှတ်အဆင့်အတန်းမမီဘဲ အမျိုးအစား များစွာကွဲပြားနေခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေသည်။
နောက်ဆုံးရသတင်းအရ ယ၍်းဆိုက်ဒ်တွင် ကြီးကြပ်အင်ဂျင်နီယာအဖြစ် လက်မှတ်အတုများအသုံး ပြုပြီး အသုံးချနေခြင်းကို ၅ နှစ်တိုင် ကိုယ်တိုင် မသိရဘဲ ယခုမှ သိရှိရသည်ဟု မြို့ပြအင်ဂျင်နီယာတစ်ဦးက ထုတ်ဖော်ပြောဆိုလာပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနသို့ တိုင်ကြားမှု ပြုလုပ်ခဲ့ကြောင်း လည်း သိရှိရသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#MyanmarEarthquake
#ဘန်ကောက်စာရင်းစစ်ရုံး
#သေဆုံး
#တရုတ်








