နေ့စဥ်သတင်း

ရှီကျင်းဖျင် အရှေ့တောင်အာရှ အိမ်နီးချင်း ၃ နိုင်ငံသို့ သွားရောက်မည်

မဲခေါင် 12 Apr - 2025
မဲခေါင်၊ ဧပြီ ၁၂ တရုတ်သမ္မတ ရှီကျင်းဖျင်သည် လာမည့်အပတ်မှ စတင်ပြီး အိမ်နီးချင်း အရှေ့တောင်အာရှ ၃ နိုင်ငံသို့ စတင်သွားရောက်မည်ဖြစ်ပြီး အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ အတင်းမာဆုံးအချိန် အိမ်နီးချင်းများနှင့် စုစည်းခိုင်မာမှု ပိုတည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဧပြီ ၁၄ နှင့် ၁၅ ရက်များတွင် ဗီယက်နမ်၊ ဧပြီ ၁၅ မှ ၁၈ ရက်အထိ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံ များသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဧပြီ ၁၁ ရက်သတင်း၌ ဖော်ပြသွားခဲ့ခြင်းဖြစ်သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာတစ်ဝန်း နိုင်ငံများစွာကို သွင်းကုန်စည်းကြပ်ခွန်များ များစွာမြှင့်တင်လိုက်ပြီးနောက် တရုတ်ကို

မဲခေါင်၊ ဧပြီ ၁၂

တရုတ်သမ္မတ ရှီကျင်းဖျင်သည် လာမည့်အပတ်မှ စတင်ပြီး အိမ်နီးချင်း အရှေ့တောင်အာရှ ၃ နိုင်ငံသို့ စတင်သွားရောက်မည်ဖြစ်ပြီး အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ အတင်းမာဆုံးအချိန် အိမ်နီးချင်းများနှင့် စုစည်းခိုင်မာမှု ပိုတည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဧပြီ ၁၄ နှင့် ၁၅ ရက်များတွင် ဗီယက်နမ်၊ ဧပြီ ၁၅ မှ ၁၈ ရက်အထိ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံ များသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဧပြီ ၁၁ ရက်သတင်း၌ ဖော်ပြသွားခဲ့ခြင်းဖြစ်သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာတစ်ဝန်း နိုင်ငံများစွာကို သွင်းကုန်စည်းကြပ်ခွန်များ များစွာမြှင့်တင်လိုက်ပြီးနောက် တရုတ်ကို သွင်းကုန်အခွန်စည်းကြပ်မှု ၁၄၅ ရာခိုင်နှုန်းအထိ မြှင့်တင် ခဲ့သလို တရုတ်နှင့်နီးစပ်ပတ်သက်နေသည့် ကမ္ဘောဒီးယားကို ၄၉ ရာခိုင်နှုန်း၊ ဗီယက်နမ်ကို ၄၆ ရာခိုင်နှုန်းနှင့် မလေးရှားကို ၂၄ ရာခိုင်နှုန်း သွင်းကုန် အခွန်စည်းကြပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုအခြေအနေတွင် တရုတ်သမ္မတ ရှီကျင်းဖျင်သည် အမေရိကန်ကို တုံ့ပြန်နိုင်ရန် အိမ်နီးချင်းနိုင်ငံ အားလုံးနှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြီးခဲ့သည့်တစ်ပတ်က ပြောဆိုခဲ့သလို ဒေါ်နယ်ထရမ့် လုပ်ရပ်အပေါ် တန်ပြန်ရန်စီစဉ်နေသော ဥရောပသမဂ္ဂနှင့်လည်း သဘောတူဆွေးနွေးမှု များပြုလုပ်မည်ဟု ကြေညာခဲ့ကာ ယခုရက်ပိုင်းအတွင်း ဥရောပသမဂ္ဂ ကိုယ်စားလှယ်များလည်း တရုတ်သို့ လာရောက်ဆွေးနွေးကြမည်ဖြစ်သည်။

ထိုအခြေအနေတွင် ဧပြီ ၉ ရက်၌ ဒေါ်နယ်ထရမ့်က နိုင်ငံပေါင်းများစွာအပေါ် အခွန်စည်းကြပ်မှုများကို ရက် ၉၀ ဆိုင်းငံ့ပြီး ဆွေးနွေးမည်ဟု ပြန်လည်ကြေညာခဲ့ပြီးနောက် ဥရောပသမဂ္ဂကပါ တန်ပြန်အခွန်စည်းကြပ်မည့် အစီအစဉ်ကို ရက် ၉၀ ဆိုင်းငံ့ကြောင်း ပြန်လည်ကြေညာခဲ့သည်။

ထို့ကြောင့် ရှီကျင်းဖျင်သည် ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ပြည်ပသို့ ထွက်ခွာမှုအဖြစ် အာဆီယံ နိုင်ငံ ၃ နိုင်ငံသို့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးခရီးစဉ် လာရောက်ရန် စီစဉ်ခြင်းဖြစ်ကာ ဥရောပသမဂ္ဂနှင့်ပါ ကုန်သွယ်ရေးစနစ် ပြန်လည်ဖွဲ့စည်းထူထောင်ရေး ကြိုးပမ်းပြီး အမေရိကန်ကို တန်ပြန်သွားရန် စီစဉ်နေခြင်း ဖြစ်သည်။

ကိုကလင်း
Ref:Bangkokpost
#MeKongNews
#ရှီကျင်းဖျင်
#အာဆီယံ
#ကုန်သွယ်ရေးစစ်ပွဲ
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now