မဲခေါင်၊ ဧပြီ ၁၁
ဧပြီ ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ဆောင်ခလာခရိုင်၊ ဟတ်ရိုင်မြို့ရှိ ရွှေဆိုင်ကို ဓားပြတိုက်ကာ ဘတ် ၇ သန်းတန် ရွှေဆွဲကြိုး ၆၉ ကုံး ယူဆောင်သွားသည့် မလေးရှားနိုင်ငံသား ရာဇဝင်ဓားပြ Yee Boon Long ကို ထိုင်းရဲတပ်ဖွဲ့က ဧပြီ ၉ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။
Thai Udom 2 ရွှေဆိုင်ကို ဓားပြတိုက်ခဲ့သည့် Yee Boon Long သည် မလေးရှားနိုင်ငံအတွင်းမှာပင် နှစ်ပေါင်း ၂၀ အတွင်း ရွှေဆိုင်ဓားပြတိုက်မှုများ၊ လူသတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့သူဖြစ်ကာ ထိုင်းသို့ ဝင်ရောက်ပြီးနောက် ထိုင်းနိုင်ငံသားကတ်အတု ကိုင်ဆောင်ပြီး ရွှေဆိုင်ဓားပြတိုက်မှုများ ဆက်တိုက် ကျူးလွန်နေသူဖြစ်သည့်အတွက် ထိုင်းရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေကာ ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။
အသက် ၆၂ နှစ်အရွယ် Yee Boon Long ကို ဘန်ကောက်မြို့ ဘတ်စ်ကားဂိတ်တွင် ခြေရာခံတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က မလွတ်စေရန် လိုက်လံဖမ်းဆီးပေးခဲ့ခြင်းလည်း ဖြစ်သည်။ ဘတ် ၇ သန်းဖိုး ရွှေဆွဲကြိုးများ ဓားပြတိုက်ခံရမှုတွင် တရားခံကို ဖမ်းဆီးပေးနိုင်သဖြင့် Thai Udom 2 ရွှေဆိုင်ပိုင်ရှင် မစ္စ ဘန်ဂျာပွန်ဆေးဂျစ်က ကျေးဇူးအထူးတင်ရှိကြောင်းလည်း ပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#မလေးရှားနိုင်ငံသား
#ဟတ်ရိုင်
#ဓားပြတိုက်








