နေ့စဥ်သတင်း

နျူကလီးယားလက်နက်မပိုင်ရအဆို ပျက်ခဲ့လျှင် အီရန်ကို အစ္စရေးကစစ်ရေးအရ ဦးဆောင် တိုက်ခိုက်မည်ဟု ထရမ့် ခြိမ်းခြောက်

မဲခေါင် 11 Apr - 2025
မဲခေါင်၊ ဧပြီ ၁၁ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမည့် စနေနေ့(ဧပြီ ၁၂ ရက်) တွင် အိုမန်၌ အီရန်တာဝန်ရှိသူများနှင့် အီရန်၏ နျူကလီးယားပရိုဂရမ်အရေး ဆွေးနွေးပွဲကျင်းပမည်ဖြစ်ကာ ထိုဆွေးနွေးပွဲတွင် အီရန် ကို နျူကလီးယားပိုင်နိုင်ငံ ဖြစ်မလာစေရဟု အဆိုပြုထားပြီး ဆွေးနွေးမှု ပျက်ပြားလျှင် အီရန်ကို စစ်ရေးအရ အရှေ့အလယ်ပိုင်းဒေသ၏ တစ်ခုတည်းသော ဂျူးနိုင်ငံ အစ္စရေးက ဦးဆောင် တိုက်ခိုက်သူ ဖြစ်လာမည်ဟု အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း ထုတ်ပြန်ကြေညာ သတိပေးခဲ့သည်။ လွန်ခဲ့သည့် ၂ ရက်ကပင် အိမ်ဖြူတော်၌ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုတို့ နှစ်ဦးအတူ ရှိနေခဲ့ပြီးနောက် ဧပြီ ၉ ရက်တွင် ဒေါ်နယ်ထရမ့်က ယခုလို

မဲခေါင်၊ ဧပြီ ၁၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမည့် စနေနေ့(ဧပြီ ၁၂ ရက်) တွင် အိုမန်၌ အီရန်တာဝန်ရှိသူများနှင့် အီရန်၏ နျူကလီးယားပရိုဂရမ်အရေး ဆွေးနွေးပွဲကျင်းပမည်ဖြစ်ကာ ထိုဆွေးနွေးပွဲတွင် အီရန် ကို နျူကလီးယားပိုင်နိုင်ငံ ဖြစ်မလာစေရဟု အဆိုပြုထားပြီး ဆွေးနွေးမှု ပျက်ပြားလျှင် အီရန်ကို စစ်ရေးအရ အရှေ့အလယ်ပိုင်းဒေသ၏ တစ်ခုတည်းသော ဂျူးနိုင်ငံ အစ္စရေးက ဦးဆောင် တိုက်ခိုက်သူ ဖြစ်လာမည်ဟု အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း ထုတ်ပြန်ကြေညာ သတိပေးခဲ့သည်။

လွန်ခဲ့သည့် ၂ ရက်ကပင် အိမ်ဖြူတော်၌ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုတို့ နှစ်ဦးအတူ ရှိနေခဲ့ပြီးနောက် ဧပြီ ၉ ရက်တွင် ဒေါ်နယ်ထရမ့်က ယခုလို အီရန်ကို နျူကလီးယား လက်နက်ပိုင်နိုင်ငံမဖြစ်ရေး အပြတ်ချေမှုန်းမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းလည်းဖြစ်သည်။

ကနဦးရှင်းလင်းမှုတွင် ထရမ့်က “သဘောတူညီမှုမရရင် စစ်ရေးအရ အီရန်ကို ဦးဆောင်တိုက်ခိုက်မှာ က အစ္စရေးဖြစ်မှာပါ။ ကျွန်တော်တို့လည်း ပူးပေါင်းပါဝင်မှာပါ” ဟုပြောဆိုခဲ့သည်။

မကြာမီမှာပင် ထရမ့်က မိမိတို့ကို မည်သူကမျှ ဦးဆောင်ခွင့်ရမည်မဟုတ်ဘဲ အစ္စရေးသည် အဆိုပါဒေသ ပဋိပက္ခတွင် အဓိက အခန်းကဏ္ဍမှ ရှိနေသူဖြစ်သောကြောင့် ယခုလို အစ္စရေးဦးဆောင်တိုက်ခိုက်မည်ဟုသာ ပြောခဲ့ခြင်းဖြစ်ကြောင်း၊ အီရန်နိုင်ငံသားများသည် အလွန်တော်ပြီး ကောင်းမွန်ကြသော်လည်း အာဏာရှင်၏ ရက်စက်ကြမ်းတမ်းသော အုပ်စိုးမှုကြောင့် အဓွန့်ရှည်သော နိုင်ငံအဖြစ် တိုးတက်သည်ကိုသာ မြင်ချင်ကြောင်း၊ ထို့ကြောင့် နျူကလီးယားလက်နက်ကို လုံး၀ ပိုင်ဆိုင်ခွင့်ပြုနိုင်မည်မဟုတ်ကြောင်းနှင့် မိမိတို့နိုင်ငံ စစ်တပ်ကိုယ်တိုင် လိုအပ်လာလျှင် အီရန်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြင်းထန်စွာသတိပေးသွားခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲမတိုင်မီမှာပင် အမေရိကန်သည် မဟာဗျူဟာ B2 ဗုံးကျဲလေယာဉ်ကြီးကို အရှေ့အလယ် ပိုင်းဒေသသို့ ပို့ဆောင်ထားနှင့်မည်ဖြစ်ကြောင်းလည်း သိရကာ ထရမ့်ဘက်က နျူကလီးယားမပိုင်ရေး အဆိုတင်သွင်းမှုကို အချိန် သိပ်မပေးနိုင်ဘဲ ၂ လအတွင်း အီရန်ကို တိုက်ရမည်လား၊ အဆိုကို လက်ခံမည်လား အဖြေထုတ်မည်ဟု သတိပေးထားကြောင်းလည်း သိရသည်။

ကိုကလင်း
Ref: timesofisrael
#MeKongNews
#အစ္စရေး
#အမေရိကန်
#အီရန်
#နျူကလီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now