မဲခေါင်၊ ဧပြီ ၉
ယူကရိန်းသမ္မတဇီလန်းစကီးက ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒိုးနက်စ်မြို့တိုက်ပွဲတွင် ရုရှားဘက်မှ ဝင်တိုက်ခိုက်သူ တရုတ်နိုင်ငံသား စစ်သား ၆ ယောက် ဖမ်းဆီးရမိခဲ့ကြောင်း ဗီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန် သွားခဲ့သည်။
ဇီလန်းစကီးက တရုတ်သည် ရုရှားစစ်တပ်တွင် တခြားသော နိုင်ငံခြားသား တပ်ဖွဲ့ဝင်များနည်းတူ ခေါ်ယူအသုံးပြုနေကာ ရုရှားတပ်ထဲတွင် နောက်ထပ် တရုတ်စစ်သား အများအပြား ပါဝင်ဦးမည်မှာ သေချာကြောင်း၊ ထိုအခြေအနေကို အမေရိကန်အနေဖြင့် ကြားဝင် ငြိမ်းချမ်းရေးပွဲစားလုပ်ပေးနေမှု အတွက် တစ်စုံတစ်ရာ ပါဝင်ထုတ်ပြန်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးအကြောင်း ပြောနေသော် လည်း ပြည်ပသား တပ်ဖွဲ့ဝင်များကို အသုံးပြုနေခြင်းအားကြည့်လျှင် စစ်ကိုမပြီးစေလိုဘဲ ဆက်လက် တိုက်ခိုက်ရန် ရည်ရွယ်သည်မှာ ထင်ရှားသည်ဟု ထုတ်ပြန်သွားခဲ့သည်။
တရုတ်နိုင်ငံသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ပွဲတွင် ကြားနေနိုင်ငံအဖြစ်သာ နေထိုင်ကြောင်းနှင့် ငြိမ်းချမ်းရေးရစေရန် အလိုရှိသည်ဟု အကြိမ်ကြိမ်ထုတ်ပြန်သော်လည်း ရုရှားစစ်တပ် အသုံးပြုသည့် dual use items (စစ်ရေးတွင်သာမက နည်းပညာအကူအညီပိုင်းတွင်ပါသုံးသည့် ပစ္စည်းများ) ၈၀ ရာခိုင်နှုန်းအထိ ထောက်ပံ့နေသော နိုင်ငံဖြစ်ကာ ယခုလို တရုတ်စစ်သားများကို ယူကရိန်း ဖမ်းမိသည့် သတင်းက အမေရိကန်နိုင်ငံအတွက် အလွန် စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု ဒေါ်နယ်ထရမ့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref:telegraph UK
#MeKongNews
#ယူကရိန်း
#ရုရှား
#တရုတ်စစ်သား
#ဇီလန်စကီး








